Month : ဖေ‌ဖော်ဝါရီ 2026

ArticelsEducationNewsPolitic

■ အမေရိကန် နည်းပညာကုမ္ပဏီတွေ ဘာလို့ အိန္ဒိယမှာ ဘီလီယံနဲ့ချီ ရင်းနှီးမြှုပ်နှံနေကြတာလဲ

Rakhita Times
အမေရိကန် နည်းပညာကုမ္ပဏီကြီးတွေက အေအိုင်နည်းပညာအတွက် အသုံးစရိတ်တွေကို အရှိန်မြှင့်လာနဲ့အမျှ အိန္ဒိယနိုင်ငံဟာ အဓိက အကျိုးအမြတ်ရမယ့်သူ ဖြစ်လာနေပါတယ်။ မိုက်ခရိုဆော့ဖ်ဟာ အာရှမှာ သူတို့ရဲ့ အကြီးမားဆုံး ရင်းနှီးမြှုပ်နှံမှုအဖြစ် အိန္ဒိယမှာ ဒေတာစင်တာတွေနဲ့ AI အခြေခံအဆောက်အအုံတွေ တိုးချဲ့ဖို့ နောက်လေးနှစ်အတွင်း အမေရိကန်ဒေါ်လာ ၁၇.၅ ဘီလျံ သုံးစွဲသွားမှာပါ။ ဂူဂဲလ်ကလည်း...
NewsPolitic

တရုတ်က ရက္ခိုင်နဲ့ ကချင်အပေါ် ဘယ်လိုလမ်းကြောင်း ရှိလာနိုင်လဲ

Rakhita Times
အာရက္ခတိုင်းမ်စ် (၆ ဖေဖော်ဝါရီ ၂၀၂၆) တရုတ်ဟာ ကိုးကန့်တို့အပေါ် လိုသလို လုပ်ဆောင်နိုင်ပေမယ့်လည်း ရက္ခိုင်နဲ့ ကချင်တို့အပေါ်ကိုတော့ အဲဒီလို လုပ်ဆောင်လို့ မရဘူးလို့ တရုတ်-မြန်မာအရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။ ကိုးကန့်တို့ဟာ အရင်ကတည်းက တရုတ်နဲ့ လူမျိုးချင်းတူသလို ရင်းနှီးမှုလည်း ရှိတာကြောင့် တရုတ်က ဆက်ဆံရလွယ်ကူပြီး ရက္ခိုင်နဲ့ ကချင်တို့ကတော့ တရုတ်ပြောသမျှ စကားတိုင်း နားထောင်မှာမဟုတ်ဘူးလို့ သူက ပြောပါတယ်။ “သူတို့က ဒီလိုရှိတယ်။ ဟိုအဖွဲ့တွေနဲ့ မတူဘူး။ MNDAA တို့ ဘာတို့က တရုတ်နဲ့က ပိုပြီး ရင်းနှီးတာပေါ့။ နောက် လူမျိုးချင်းလည်း တူတယ်။ MNDAA ဆိုတော့။ အစကတည်းကလည်း ဆက်ဆံလာတာဆိုတော့ သူတို့နဲ့ ပိုပြီး အဆင်ပြေတယ်။ KIA တို့ AA တို့ကြတော့ အစကတည်းက သီးခြား သူတို့ဟာ သူတို့ ပေါ်ပေါက်လာတာ။ အစကတည်းက တရုတ်နဲ့ ခပ်တန်းတန်းနဲ့နေပြီး သူတို့ပေါ်လစီနဲ့ သူတို့နေကြတဲ့ လူတွေ။ ဒီတော့ သူတို့ကတော့ တရုတ်ပြောတိုင်းတော့ လိုက်နားထောင်မှာတော့ မဟုတ်ဘူး။ ဒါပေမယ့် တရုတ်ကိုလည်း ကဏ္ဌကောစတော့ မလုပ်နိုင်ဘူးပေါ့။ အသင့်အတင့်တော့ သူတို့ဆက်ဆံရမှာပဲ။ ဒါပေမယ့် MNDAA တို့၊ TNLA တို့လို ပြောသမျှပြီးတဲ့ ကိစ္စမျိုးတော့ မဖြစ်နိုင်ပါဘူး။ သူတို့လည်း သူတို့လမ်း သူတို့ လျှောက်ပါလိမ့်မယ်” လို့ သူက ပြောပါတယ်။ လက်ရှိမှာတော့ စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲကို အပိုင်း ၃ ပိုင်းလုံး ကျင်းပပြီးစီးပြီး မတ်လမှာ လွှတ်တော်ခေါ်ဖို့ ပြင်ဆင်နေပါတယ်။ အဲဒီ ရွေးကောက်ပွဲ ဖြစ်ပေါ်လာရတာဟာ တရုတ်သမ္မတရှီကျင့်ဖျင်နဲ့ စစ်ကော်မရှင်ခေါင်းဆောင်တို့အကြား ထားရှိတဲ့ သဘောတူညီမှုကြောင့် ဖြစ်တယ်လို့ မစ္စတာတိန့်ရှီကျွင်းရဲ့ ပြောဆိုမှုအရ သိရပါတယ်။ ဒါကြောင့် လက်ရှိဟာ ပွင့်လင်းရာသီဖြစ်တာနဲ့အညီ စစ်တပ်ဘက်ကလည်း နိုင်ငံရေးအရ အစိုးရဖွဲ့နိုင်ပြီဆိုပြီး အပေါ်စီးရသလို အခြေအနေတွေကြောင့် တိုက်ခိုက်ရေးက ပိုဆိုးလာနိုင်တယ်လို့ တရုတ်-မြန်မာအရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။ “ဒီကာလမှာတော့ ခုနကလည်း ကျမ ပြောပြီးပြီလေ။ ပွင့်လင်းရာသီဖြစ်တော့ တိုက်‌ရေးခိုက်ရေးကပဲ ပိုဆိုးလာမယ်ထင်တယ် ကြည့်ရတာ။ စစ်တပ်ဘက်ကလည်း အပေါ်စီးရသလို ဖြစ်တာပေါ့ နိုင်ငံရေးအရ အစိုးရတောင် ဖွဲ့ပြီဆိုပြီးတော့ သူက တိုက်လာလိမ့်မယ်။ အဲဒီတော့ ဟိုဘက်ကလည်း တိုက်စရာရှိတာ တိုက်လာလိမ့်မယ် ထင်တယ်။ စစ်ရေးအရတော့ ပိုမို ပြင်းထန်လာစရာ ရှိပါတယ်။ ဒါပေမယ့် ခုနက ကျမ ပြောတာက တရုတ်ရဲ့လမ်းစဉ်ကို ပြောတာဖြစ်တယ်။ တရုတ်က အဲဒီလို ပြောလာနိုင်တယ်လို့ ပြောတာဖြစ်တယ်။ တကယ့်တကယ် ဗမာပြည်မှာတော့ စစ်ရေးတွေ ဘာတွေ ပိုမိုရှုပ်ထွေးပြီး၊ ပိုမိုကြမ်းတမ်းလာလိမ့်မယ် ထင်ပါတယ်။ သူတို့ ဒီစစ်တပ်က ဘယ်တုန်းကမှ ငြိမ်းချမ်းရေးလိုချင်တာ မဟုတ်ဘူး။ အဲဒီတော့ သူတို့ ငြိမ်းချမ်းရေးပွဲတွေလုပ်လည်း နှစ်ယောက်တပိုင်းရှိတဲ့ အဖွဲ့တွေပေါ့။ အဲဒါတွေ ခေါ်ပြီး လုပ်ချင်လုပ်မှာပဲ။ အပေါ်ယံ။ တကယ့်တကယ် ဟိုဒင်းပြုတဲ့လူတွေကို ဖိတ်တောင်ဖိတ်မှာတောင် မဟုတ်ဘူး။ ဒါပေမယ့် တရုတ်က ဖိအားပေးရင် သူက တိုင်းရင်းသားတင် မဟုတ်ဘူး။ စစ်တပ်ကိုပါ ဖိအားပေးနိုင်တဲ့ Leverage ရှိတယ်လေ။ အဲဒီတော့ တရုတ်ဖိအားပေးရင်တော့ တစ်မျိုးပေါ့ ဘာတွေဖြစ်ဦးမလဲတော့ မသိဘူး” လို့ သူက ပြောပါတယ်။ ရွေးကောက် တင်မြှောက်ပြီးဖြစ်တဲ့ လွှတ်တော်ကိုယ်စားလှယ် စာရင်းချုပ်ကို UEC က ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၃ ရက်က ထုတ်ပြန် ကြေညာခဲ့ပါတယ်။ ထုတ်ပြန်ချက်အရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး‌ရေးပါတီ (USDP) က ၇၃၉ ဦး၊တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(တစည) က ၆၈ ဦး၊ ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ) က ၃၉ ဦး၊ ပြည်သူ့ပါတီ(PP) က ၃၀ ဦး၊ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) က ၂၀ ဦး၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ (PNO) က ၁၈ ဦး စသဖြင့် အသီးအသီး အနိုင်ရရှိခဲ့ပါတယ်။ ဒါ့အပြင် မွန်ညီညွတ်ရေးပါတီက ၁၇ ဦး၊ နာဂအမျိုးသားပါတီက ၁၂ ဦး၊ ရခိုင့်ဦးဆောင်ပါတီက ၈ ဦး၊ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီက ၇ ဦး၊ ဇိုမီးအမျိုးသားပါတီက ၇ ဦး၊ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီက ၆ ဦး၊ ရခိုင်တိုင်းရင်းသားများပါတီက ၆  ဦး၊ ရှမ်းနီ (တိုင်းလျန်) သွေးစည်းညီညွတ်ရေးပါတီက ၅ ဦး၊ ဓနုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီက ၅ ဦး၊ တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီက ၄ ဦး၊ အင်းအမျိုးသားအဖွဲ့ချုပ်ပါတီက ၄ ဦး၊ ကယားပြည်နယ်ပြည်သူ့ပါတီက ၃ ဦး၊ ကချင်ပြည်နယ်ပြည်သူ့ပါတီက ၃ ဦး တို့အသီးသီး အနိုင်ရရှိခဲ့ကြပါတယ်။...
NewsPolitic

ကျောက်ဖြူစစ်ရှောင်တွေအတွက် သောက်သုံးရေ အခက်အခဲရှိနေ

Rakhita Times
အာရက္ခတိုင်းမ်စ် (၆ ဖေဖော်ဝါရီ ၂၀၂၆) ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ စစ်ဘေးရှောင်တွေအတွက် သောက်သုံးရေ အခက်အခဲရှိနေတယ်လို့ Arakan Responders for Emergency ရဲ့ တာဝန်ရှိသူတဦးက ဆိုပါတယ်။ လက်တလောမှာတော့ ရက္ခိုင်ပြည်၊ စစ်တွေနဲ့ ကျောက်ဖြူမြို့နယ်အပြင် ရက္ခိုင်ပြည် နယ်စပ်ဒေသ ၃ ခု မှာလည်း စစ်ကော်မရှင် နဲ့ အာရက္ခတပ်တော်တို့အကြား တိုက်ပွဲတွေ ပြင်းထန်‌လျက် ရှိပါတယ်။ အဆိုပါ တိုက်ပွဲများကြောင့် ‌ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေရပြီး ကျောက်ဖြူမြို့နယ်မှာ စစ်ဘေးရှောင် ၂၅,၀၀၀ ခန့်၊ ရမ်းဗြဲမြို့နယ်မှာ ကျောက်ဖြူစစ်‌ဘေးရှောင် ၈၀၀၀ ခန့် နဲ့ တောင်ကုတ်မြို့နယ်မှာ ကျောက်ဖြူစစ်ဘေးရှောင် ၅၀၀၀ ခန့် ရှိတယ်လို့ သိရပါတယ်။ “ ကျောက်ဖြူမြို့နယ်က စစ်ဘေးရှောင်တွေဟာ ရေ နဲ့ သန့်ရှင်းရေး ကိစ္စရပ်တွေမှာ များစွာ အခက်အခဲရှိပါတယ်။ ရေအခက်အခဲရှိတဲ့  နေရာတွေကတော့ အများကြီးပါ၊ လက်ရှိမှာ တချို့ စစ်ရှောင်စခန်းတွေမှာ ရေလုံလောက်မှု ရှိပေမယ့် တချိုနေရာမှာ ရေခက်ခဲမှု ရှိနေပါတယ်။ ရေက နောက်လလောက်ဆိုရင် ပိုလို့ အခက်အခဲ ရှိနိုင်ပါတယ်။ ဇင်ချောင်းလူငယ်ပရဟိတနဲ့ ဖြူစင်ရင်ခွင်ဖေါင်ဒေးရှင်းတို့ ပူးပေါင်းပြီး ရေတွင်းတွေ တူးပေးနေပေ‌မယ့် လုံလောက်မှု မရှိပါ။ ရပ်ရွာတွေမှာ သူတို့ရပ်ရွာအတွက်  နွေရာသီ တရာသီစာ ရေလုံလောက်အောင် စီမံထား‌ပေမယ့်  စစ်ရှောင်တွေ ရောက်ရှိနေတဲ့ ရပ်ရွာတွေမှာ မျှပြီး သုံးရတဲ့အတွက် မလုံလောက်နိုင်ပါ။ တချို့ရွာ‌တွေမှာ ရွာခံလူဦးရေထက် စစ်ရှောင်က အရေအတွက်များလို့ ရေတွေ မလုံလောက်နိုင်ပါ”  လို့ အဆိုပါ တာဝန်ရှိသူတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။ စစ်ရှောင်စခန်းတွေဟာ လူဦးရေ ထူထပ်ပြီး ရေ အခက်အခဲရှိတဲ့အပြင် အိမ်သာစနစ် အဆင်မပြေတဲ့အတွက် ဝမ်းပျက်ဝမ်းလျှော နဲ့ ယားနာ‌တွေလည်း ဖြစ်ပွားနေတယ်လို့ သိရပါတယ်။ ဒီလိုရောဂါကူးစက်မှုတွေ ဖြစ်နေပေမယ့်လည်း ဆေးဘက်ဆိုင်ရာ ဝန်ထမ်းအင်အား မလုံလောက်မှုအပြင် ဆေးဝါးဝယ်ယူဖို့ ခက်ခဲခြင်း နဲ့ ဈေးနှုန်းကြီးမားခြင်း စတဲ့ အခြေနေတွေကိုလည်း ရင်ဆိုင်နေရတယ်လို့ သူက ဆိုပါတယ်။ လက်ရှိအချိန်မှာတော့ ရက္ခိုင်ပြည်ရှိ ရမ်းဗြဲ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဂွ၊ မောင်တော၊ ဘူးသီးတောင်၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မြောက်ဦး၊ သံတွဲ၊ အမ်း နဲ့ တောင်ကုတ်မြို့နယ်တွေကို စစ်ကော်မရှင်က  စစ်အုပ်ချုပ်ရေးအဖြစ် ထပ်မံ သတ်မှတ်ထားပါတယ်။...
EducationNewsPolitic

ရက္ခိုင်တွင် ခရစ်ယာန်ကျမ်းစာကျောင်း (၁၈) ကြိမ်မြောက် ဘွဲ့နှင်းသဘင်ပွဲ ကျင်းပ

Rakhita Times
အာရက္ခတိုင်းမ်စ် (၆ ဖေဖေါ်ဝါရီ ၂၀၂၆) ရက္ခိုင်ပြည်က လွတ်မြောက်နယ်မြေတခုရှိ ခရစ်ယာန်ကျမ်းစာကျောင်းတကျောင်းတွင် (၁၈) ကြိမ်မြောက်ဘွဲ့နှင်းသဘင်ပွဲ အခမ်းအနားကို ဖော်ဝါရီလ ၄ ရက်က ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ (၁၈) ကြိမ်မြောက်ဘွဲ့နှင်းသဘင်ပွဲအခမ်းအနားတွင် ဘွဲ့ရကျောင်းသား၊ ကျောင်းသူများကို ဒီပလိုမာဘွဲ့လက်မှတ် ချီးမြှင့်ပေးခဲ့ပြီး ထူးချွန်ကျောင်းသူ၊ ကျောင်းသားများကို ဆုချီးမြှင့်ခြင်း၊ ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများကို ဂုဏ်ပြုခြင်း၊ ဘွဲ့ရရှိတဲ့ ကျောင်းသား၊ ကျောင်းသူများကို ဘွဲ့လက်မှတ်များ ပေးအပ်ခဲ့တယ်လို့လည်း သိရပါတယ်။ ဒီပလိုမာဘွဲ့လက်မှတ် ရရှိသူ စုစုပေါင်း ၅ ဦးအနက် ၃ ဦးမှာ အမှတ်အများဆုံးဆု ရရှိခဲ့သူများဖြစ်ပြီး ပထမနှစ်၊ ဒုတိယနှစ် ကျောင်းသား၊ ကျောင်းသူများမှလည်း အမှတ်အများဆုံးဆု ရရှိခဲ့ကြတယ်လို့ သိရပါတယ်။ အဆိုပါ ခရစ်ယာန်ကျမ်းစာကျောင်းရဲ့ (၁၈) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းနားပွဲနဲ့ ဆုပေးပွဲအခမ်းနားကိုခရစ်ယာန်ဘာသာရေးခေါင်းဆောင်များ၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) က တာဝန်ရှိသူများနဲ့ ဌာနဆိုင်ရာအသီးသီးက တာဝန်ရှိသူများ တက်ရောက်ခဲ့ကြတယ်လို့လည်း သိရပါတယ်။ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် ULA/AA အကြီးအကဲများက ကျောင်းသား၊ ကျောင်းသူများရဲ့ ပညာရေးအောင်မြင်မှုများကို ချီးကျူးဂုဏ်ပြုခဲ့ကြပြီး ဘွဲ့ရ ကျောင်းသား၊ ကျောင်းသူများကို ဆုငွေများလည်း ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ခရစ်ယာန်ကျမ်းစာကျောင်းရဲ့ ၁၈ ကြိမ်မြောက် ဘွဲ့နှင်းသဘင်ပွဲအခမ်းအနားကို လူပေါင်း ၃၀၀ ကျော်ခန့် တက်ရောက်ခဲ့ကြတယ်လို့လည်း သိရပါတယ်။ Ref & Photo – One Nation News...
NewsPolitic

လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရခိုင့်ဦးဆောင်ပါတီက ၈ ဦး နဲ့ ရခိုင်တိုင်းရင်းသားများပါတီက ၆ဦး ရွေးချယ်ခံရ

Rakhita Times
အာရက္ခတိုင်းမ်စ် (၆ ဖေဖော်ဝါရီ ၂၀၂၆) ရွေးချယ်တင်မြှောက်ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်စာရင်းတွင် ရခိုင့်ဦးဆောင်ပါတီ (AFP) က ၈ ဦး  နဲ့ ရခိုင်တိုင်းရင်းသားများပါတီ (RNP) က ၆ဦး ပါဝင်တယ်လို့UEC က ထုတ်ပြန်ထားပါတယ်။ ရခိုင့်ဦးဆောင်ပါတီ (AFP )က ၈ ဦးမှာ အမျိုးသားလွှတ်တော်က ၃ ဦး နဲ့ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်က ၅ ဦး ပါဝင်ပြီး ရခိုင်တိုင်းရင်းသားများပါတီ (RNP) က ၆ ဦး မှာတော့ ပြည်သူ့လွှတ်တော်က ၁ ဦး၊ အမျိုးသားလွှတ်တော်က ၁ ဦး နဲ့ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်က ၄ ဦး ပါဝင်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC က ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်၊ တိုင်းရင်းသားလူမျိုးတို့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ(USDP) ၇၃၉ ဦး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ၆၈ ဦး၊ ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) ၃၉ ဦး၊ ပြည်သူ့ပါတီ ၃၀ ဦး၊ ပြည်သူ့ရှေ့ဆောင်ပါတီ ၂၀ ဦး၊ ပအိုဝ်းအမျိုးသားအဖွဲချုပ်ပါတီ ၁၈ ဦး၊ မွန်ညီညွတ်ရေးပါတီ ၁၇ ဦး၊ နာဂအမျိုးသားပါတီ ၁၂ ဦး၊ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ ၇ ဦး၊ ဇိုမီးအမျိုးသားပါတီ ၇ ဦး၊ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံဖြိုးတိုးတက်ရေးပါတီ ၆ ဦး၊ ရခိုင်တိုင်းရင်းသားများပါတီ ၆ ဦး၊ ရှမ်းနီ(တိုင်းလျန်) သွေးစည်းညီညွတ်ရေးပါတီ ၅ ဦး၊ ဓနုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ ၅ ဦး၊ တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများဖွံဖြိုးတိုးတက်ရေးပါတီ ၄ ဦး၊ အင်းအမျိုးသားအဖွဲချုပ်ပါတီ ၄ ဦး၊ ကယားပြည်နယ်ပြည်သူ့ပါတီ ၃ ဦး၊ ကချင်ပြည်နယ်ပြည်သူ့ပါတီ ၃ ဦး၊ ပအိုဝ်းအမျိုးသားညီညွတ်ရေးပါတီ ၃ ဦး၊ ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ ၃ ဦး၊ ကရင်ပြည်သူ့ပါတီ ၃ဦး၊ လီဆူအမျိုးသားဖွံဖြိုးတိုးတက်ရေးပါတီ (ဒူး လေးပါတီ) ၂ ဦး၊ ဒီမိုကရေစီပါတီသစ် (ကချင်) ပါတီ ၂ ဦး၊ ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ ၂ ဦး၊ အမျိုးသားအကျိုးစီးပွားတိုးတက်ရေးပါတီ ၂ ဦး၊ ၈၈ မျိုး ဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ) ပါတီ ၂ ဦး၊ ချင်းပြည်သစ်ကွန်ဂရက်ပါတီ ၁ ဦး၊ ပအိုဝ်းအမျိုးသားဖွံဖြိုးတိုးတက်ရေးပါတီ ၁ ဦး၊ အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ၁ ဦး၊ “ ဝ”  အမျိုးသားပါတီ ၁ ဦး၊ တသီးပုဂ္ဂလ ၁ ဦး ရွေးကောက်တင်မြှောက်ခံခဲ့ရတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။...
NewsPolitic

ကချင်တော်လှန်ရေး အမြန်ဆုံးအောင်မြင်စေရန် AA အပါ ညီနောင်မဟာမိတ် ၃ ဖွဲ့ ဆုတောင်း

Rakhita Times
အာရက္ခတိုင်းမ်စ် (၅ ဖေဖော်ဝါရီ ၂၀၂၆) ကချင့်တော်လှန်ရေး အမြန်ဆုံးအောင်မြင်နိုင်ပါစေကြောင်း ဆုတောင်းသဝဏ်လွှာကို အာရက္ခတပ်တော် အပါအဝင် ညီနောင်မဟာမိတ် ၃ ဖွဲ့က ဖေဖော်ဝါရီလ ၅ ရက်မှာ ကျရောက်တဲ့ ၆၅ နှစ်မြောက် ကချင်တော်လှန်ရေးနေ့ အခမ်းအနားကို သဝဏ်လွှာပေးပို့ ဆုတောင်းပေးခဲ့ပါတယ်။ “ မိမိတို့ ဘဝတူတော်လှန်ရေးအဖွဲ့အစည်းများထဲမှ ကချင်တော်လှန်ရေးအဖွဲ့အစည်းသည် တော်လှန်ရေးကို ဆက်လက်ဆင်နွှဲနေသောကာလဖြစ်ပြီး ကချင့်တော်လှန်ရေး အမြန်ဆုံးအောင်မြင်နိုင်ပါစေကြောင်း”  ညီနောင်မဟာမိတ် ၃ ဖွဲ့မှ ဆုတောင်းသဝဏ်လွှာ ပေးပို့ခဲ့တာလည်း ဖြစ်ပါတယ်။ အလားတူ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်တွင် ကျရောက်တဲ့ ၆၅ နှစ်မြောက် ကချင်တော်လှန်နေ့ကို ကချင်လူမျိုး၊ ကချင်အဖွဲ့အစည်းများနဲ့ထပ်တူ မိမိတို့ ညီနောင်မဟာမိတ် ၃ ဖွဲ့က ကြိုဆို ဂုဏ်ပြုတယ်လို့လည်း ဆိုပါတယ်။ “ ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်ရေးတပ်မတော် မှ မျှော်မှန်းထားသော ရည်မှန်းချက်များနှင့် ကချင်ပြည်သူလူထုတစ်ရပ်လုံး မျှော်လင့်တောင့်တနေသော မျှော်လင့်ချက်များ အြမန်ဆုံး ပြည့်ဝပါစေကြောင်း”  လည်း ဆုတောင်းထားပါတယ်။ တော်လှန်ရေးအစကနေပြီး အခုအထိ တော်လှန်ရေးကာလ ၆၅ နှစ်အတွင်း အသက်၊ ဘဝ၊ ခန္ဓာ ပေးဆပ်စွန့်လွှတ် အနစ်နာခံခဲ့ကြတဲ့ ကချင့်အာဇာနည်များနဲ့ သူရဲကောင်းအပေါင်းတို့ကို ဦးညွတ်အလေးပြုပါတယ်လို့လည်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ဆိုပါတယ်။...
NewsPolitic

လေးမျက်နှာတိုက်ပွဲတွင် စကမက ဂျက်ဖိုက်တာ ၇ စီးအထိ အသုံးပြုတိုက်ခိုက်နေ

Rakhita Times
အာရက္ခတိုင်းမ်စ် (၄ ဖေဖော်ဝါရီ ၂၀၂၆) ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ်တွင် အာရက္ခတပ်တော်၊ ပူးပေါင်းမဟာမိတ်တပ်တို့နဲ့ စစ်ကော်မရှင်တို့ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကော်မရှင်ဘက်က ဂျက်ဖိုက်တာ ၇ စီးအထိ အသုံးပြု တိုက်ခိုက်နေတယ်လို့ သိရပါတယ်။ “ မှော်ဘီကနေပြီးတော့ လေးမျက်နှာဘက်ကို ဂျက်ဖိုက်တာ ၇ စီးနဲ့ကို ဗုံးကြဲဖို့ သွားတာကို တွေ့မြင်နေရပါတယ်။ ဧရာဝတီဘက်ဆိုရင် မှော်ဘီလေတပ်ကနေပဲ အမြဲသွားပါတယ်”  လို့ စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုကို လေ့လာစောင့်ကြည့်နေသူတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။ စစ်ကော်မရှင်ရဲ့ ဂျက်ဖိုက်တာတွေဟာ ဖေဖော်ဝါရီလ ၃ ရက် မနက် ၁၀ နာရီကနေ ညနေ ၃ နာရီအထိ လေးမျက်နှာမြို့နယ်က တိုက်ပွဲဖြစ်ပွားရာနေရာတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့လည်း သူက ဆိုပါတယ်။ လေးမျက်နှာတိုက်ပွဲတွင် စစ်ကော်မရှင်ရဲ့ တပ်မ ၆၆ လက်အောက်ခံတပ်ရင်း ခမရ ၄၊ ၅၊ ၆၊ ၁၀၊ ခလရ ၃၅၊ ၈၀၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် လက်အောက်ခံတပ်ရင်း ခလရ ၆၃ နဲ့ ၂၇၁ တို့ ပါဝင် တိုက်ခိုက်နေတယ်လို့ အာရက္ခတပ်တော်က သတင်းထုတ်ပြန်ထားပါတယ်။ “ လေးမျက်နှာမြို့နယ်ထဲမှာ တိုက်ပွဲပြင်းထန်နေတော့ ဒေသခံပြည်သူတွေက ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်။ အခုက လေယာဉ်တင်မဟုတ်ဘူး။ စက်တပ်လေထီးတွေရော၊ ဒရုန်းတွေနဲ့ပါ စစ်တပ်က ဗုံးကြဲနေတာ”  လို့ လေးမျက်နှာမြို့ စစ်ဘေးရှောင်တဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။ ၂၀၂၅ ခုနှစ် အောက်တိုဘာလ၂၃ရက်က လေးမျက်နှာမြို့နယ်၊ စပြင်ကျေးရွာကို စစ်ကော်မရှင်က လေကြောင်းကနေ ဗုံးကြဲခဲ့လို့ အရပ်သားပြည်သူ ၂၄ ဦး သေဆုံးခဲ့ပါတယ်။...
NewsPolitic

ကျောက်ဖြူကို စကမ ဗုံး ၅ လုံးကြဲလို့ ပြည်သူ ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရ 

Rakhita Times
အာရက္ခတိုင်းမ်စ် (၄ ဖေဖော်ဝါရီ ၂၀၂၆)  ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ် မော်ကြီးကျေးရွာကို စစ်ကော်မရှင်က ဗုံး ၅ လုံး ကြဲချတိုက်ခိုက်ခဲ့သို့ စစ်ဘေးရှောင်ပြည်သူ ၁ ဦး သေဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားတယ်လို့ သိရပါတယ်။  “ သေဆုံးသွားတာက မော်ကြီးရွာကို စစ်ဘေးရှောင်ရောက်နေတဲ့ ငပုချွိန်ရွာက အဖိုး ၁ ယောက် သေဆုံးပြီးတော့ မော်ကြီးရွာက အဖိုး ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ကျောက်ဖြူဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။ စစ်ကော်မရှင်ဟာ ဖေဖော်ဝါရီလ ၂ ရက် ညနေ ၅ နာရီခန့်တွင် ပါရာမော်တာ ၁ စီးနဲ့ မော်ကြီးကျေးရွာကို ဗုံး ၅ လုံး ကြဲချတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။  အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မော်ကြီးကျေးရွာတွင် စစ်ဘေးရှောင်နေတဲ့ ငပုချွိန်ကျေးရွာနေ အသက် ၈၅ နှစ်အရွယ် ဦးခိုင်အောင်မှာ ပွဲချင်းပြီး သေဆုံးခဲ့ပြီး မော်ကြီးရွာနေ အသက် ၆၅ နှစ်အရွယ် ဦးသိန်းကျော်နု နဲ့ အသက် ၆၀ အရွယ် ဦးခင်မောင်ချေ တို့မှာ ဒဏ်ရာပြင်းထန် ရရှိသွားတယ်လို့ သိရပါတယ်။  အလားတူ စစ်ကော်မရှင်ရဲ့ ဗုံးကြဲမှုကြောင့် မော်ကြီးကျေးရွာက ဒေသခံပြည်သူ ဦးမောင်စိုးလွင်နဲ့ ဦးစိုးဝင်းထွန်းတို့ နေအိမ်လည်း မီးလောင်ပျက်စီးသွားတယ်လို့ သိရပါတယ်။  ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၄ ရက်ကလည်း ကျောက်ဖြူမြို့နယ် မူရွင်းကျေးရွာရှိ စာသင်ကျောင်းကို စစ်ကော်မရှင်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ လသားအရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦး သေဆုံးခဲ့ပါသေးတယ်။ (ဓါတ်ပုံ – APM) ...
NewsPolitic

မောင်တောတွင် ဟိန္ဒူဘာသာရေးပွဲတော် ကျင်းပ

Rakhita Times
အာရက္ခတိုင်းမ်စ် (၃ ဖေဖော်ဝါရီ ၂၀၂၆) ရက္ခိုင်ပြည် မောင်တောမြိ့်နယ်တွင် ဟိန္ဒူလူမျိုးများ ၇၅ ကြိမ်မြောက် မဟာရာမယန ဟရီနာမ “ ရာမ” အသံမစဲ ပဋ္ဌာန်း ဘာသာရေးပွဲတော်ကို ဇန်နဝါရီလ ၃၁ ရက်ကနေ ဖေဖော်ဝါရီလ ၃ ရက်အထိ ကျင်းပခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ...
NewsPolitic

ကျောက်ဖြူတိုက်ပွဲ ဦးစီးရန် စကမ တိုင်းမှူးကိုယ်တိုင်ရောက်နေ

Rakhita Times
အာရက္ခတိုင်းမ်စ် (၃ ဖေဖော်ဝါရီ ၂၀၂၆) ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ်တွင် အာရက္ခတပ်တော်နဲ့ စစ်ကော်မရှင်တို့ တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကော်မရှင်ဘက်က အကျအဆုံးတွေ များပြားနေတာကြောင့် စစ်ကော်မရှင်ရဲ့ တိုင်းမှူးကိုယ်တိုင် လာရောက်ညွှန်ကြားနေတယ်လို့ သိရပါတယ်။ “ အထိအခိုက်များနေတဲ့ ကျောက်ဖြူကို စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးကိုယ်တိုင် ရောက်နေတယ်”...