လေးမျက်နှာကို ရွေးတုတပ်ဗုံးကြဲလို့ ရက္ခိုင်စစ်ရှောင် သားအဖ ပွဲချင်းပြီး သေဆုံး
အာရက္ခတိုင်းမ်စ် (၈ စက်တင်ဘာ ၂၀၂၆) ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ်ကို ရွေးတုအစိုးရတပ်က စက်တင်ဘာလ ၅ ရက် မနက် ၅ နာရီလောက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ရက္ခိင်ပြည် ဂွမြို့နယ်ကနေ စစ်ရှောင်လာနေတဲ့ သားအဖနှစ်ဦး ပွဲချင်းပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။ “လေးမျက်နှာမြို့နယ် ရက္ခိုင်အစပ်က ပန်းတောကြီးရွာကို...
