NewsPolitic

ကုလားပြင်တံတားကို စစ်ကောင်စီမှ မိုင်းခွဲဖျက်ဆီး၊ ဂွမြို့ဖက် တပ်ဆုတ်သွား

ကုလားပြင်တံတားကို စစ်ကောင်စီမှ မိုင်းခွဲဖျက်ဆီး၊ ဂွမြို့ဖက် တပ်ဆုတ်သွား

အာရက္ခတိုင်မ်းစ် (၈-အောက်တိုဘာ-၂၀၂၄)

ရက္ခိုင်ပြည် ဂွမြို့နယ်ရှိ ကုလားပြင်(ရတနာမြိုင်)တံတားကို စစ်ကောင်စီမှ ယမန်နေ့ နံနက် ၂နာရီခွဲ အချိန်ခန့်က တံတားအလယ်ကို ဖောက်ခွဲဖျက်ဆီးလိုက်ကြောင်း သိရပါတယ်။

အာရက္ခတပ်တော်မှ စစ်ကောင်စီတပ် အထိုင်ချထားသော ဂွမြို့နယ် ကျိန္တလီမြို့နယ်ခွဲ ကုလားပြင်(ရတနာမြိုင်)တံတားထိပ်ရှိ ကိုင်းခုန် နှင့် ကံ့ကော်တောင်စခန်းကို အောက်တိုဘာလ ၆ရက်က သိမ်းပိုက်အပြီးတွင် ယခုကဲ့သို့ ဖောက်ခွဲဖျက်ဆီးပြီး ဂွမြို့ဖက်သို့ တပ်ဆုတ်သွားကြောင်း သိရပါတယ်။

အာရက္ခတပ်တော်မှ အဆိုပါစခန်းများကို တစ်ပတ်ခန့်အကြာ ထိုးစစ်ဆင်ပြီးမှ ရရှိခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီမှလည်း စခန်းမကျစေရေးအတွက် ကြည်း၊ ရေ၊ လေ ဖြင့် အပြင်းအထန်ခုခံခဲ့ကြောင်း သိရပါတယ်။

စစ်ကောင်စီအနေနဲ့ စစ်ရေးအရ ရှုံးနိမ့်ပြီး တပ်ဆုတ်ခွာလျင် အများပြည်သူသုံး လမ်းတံတားများကို ဖောက်ခွဲဖျက်ဆီးလေ့ရှိပြီး ဖျက်ဆီးခံရသော တံတားအချို့မှာ ကျိန္တလီမြို့အဝင် ချင်းကွင်းတံတား၊ မောင်ရွှေလေးရေတပ်အနီးရှိ သရက်ပင်ကွင်းတံတား၊ ဆင်ဒင်လေးတံတား၊ မအီတံတား၊ ကျောက်ကြီးပေါက်တံတားများဖြစ်ပြီး ဘူးသီးတောင်၊ မောင်တောရှိ တံတား အများအပြားကိုလည်း မိုင်းခွဲဖျက်ဆီးခဲ့ပါတယ်။

Related posts

စနဲမြို့ကို စကမ ဒရုန်းနဲ့ဗုံးကြဲ၊ အိမ်ခြေ ၁၀၀ လောက် မီးလောင်သွား(မနေ့က ဖော်ပြခဲ့တဲ့သတင်းကို ဓာတ်ပုံမှတ်တမ်းနဲ့ ပြန်လည်တင်ဆက်တာ ဖြစ်ပါတယ်)

Rakhita Times

NUG အနေနဲ့ EAO တွေနဲ့ပေါင်းပြီး တိုက်နိုင်ရင် တော်လှန်ရေးနိုင်မယ်

Rakhita Times

စစ်ကော်မရှင်ကြောင့် သာသနာရေးဆောင်ရွက်ရန် ပြင်းထန်စွာထိခိုက်ကြောင်း အာရက္ခပြည်သံဃာ့အကျိုးဆောင်အဖွဲ့ ဆို

Rakhita Times

158 comments

Leave a Comment