NewsPolitic

KIA အနေနဲ့ ဖမ်းဆီထားတဲ့ သတင်းထောက်တွေကို ချက်ချင်းလွှတ်ပေးဖို့ IMJA တောင်းဆို

KIA အနေနဲ့ ဖမ်းဆီထားတဲ့ သတင်းထောက်တွေကို ချက်ချင်းလွှတ်ပေးဖို့ IMJA တောင်းဆို

အာရက္ခတိုင်းမ်စ် (၂၃-အောက်တိုဘာ-၂၀၂၄)

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က ဖမ်းဆီးထားသည့် သတင်းထောက် ကိုနောင်ရိုး နဲ့ ကိုတာလင်းမောင်တို့ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ လွတ်လပ်သော မြန်မာသတင်းစာဆရာများအစည်းအရုံး (IMJA) က ဒီကနေ့ (အောက်တိုဘာလ ၂၃ရက်) မှာ အိတ်ဖွင့်ပေးစာပို့ပြီး တောင်းဆိုလိုက်ပါတယ်။

အခုလို သတင်းထောက်နှစ်ဦးကို KIA ကဖမ်းဆီးခဲ့တာကြောင့် မြန်မာသတင်းစာဆရာများအစည်းအရုံး (IMJA) အနေနဲ့ လွန်စွာ စိုးရိမ်ပူပန်မိကြောင်းနဲ့
ဒီမိုကရေစီ လူ့အဖွဲ့အစည်းအတွင်း သတင်းထောက်တွေရဲ့ အရေးပါတဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုတဲ့အနေနဲ့ သတင်းမီဒီယာသမားတွေကို အကာအကွယ်ပေးထားတဲ့ နိုင်ငံတကာဥပဒေတွေကို လေးစားလိုက်နာပြီး အမြန်ဆုံးလွှတ်ပေးဖို့ တောင်းဆိုထားတာပါ။

ကိုနောင်ရိုး နဲ့ ကိုတာလင်းမောင်တို့လို သတင်းထောက်တွေဟာ ပဋိပက္ခဖြစ်ပွားနေတဲ့ အချိန်တွေမှာတောင် သတင်းလွတ်လပ်စွာ စီးဆင်းမှုအတွက် မရှိမဖြစ်လိုအပ်တဲ့ အလုပ်တာဝန်တွေကို ဆောင်ရွက်နေကြတဲ့အပြင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) အပါအဝင် ဘက်ပေါင်းစုံက အသံ​တွေကို ကမ္ဘာနဲ့အဝှမ်း ကြားသိလာစေဖို့၊ အမှန်တရားကို ပေါ်လွင်စေဖို့ ဆောင်ရွက်နေတာဖြစ်တယ်လို့ ယုံကြည်မိကြောင်း အိတ်ဖွင့်ပေးစာမှာ ပါရှိပါတယ်။

ဂျီနီဗာသဘောတူညီချက်တွေနဲ့ လုပ်ထုံးလုပ်နည်းတွေအရ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေအောက် ပဋိပက္ခဇုန်တွေမှာ လုပ်ဆောင်နေတဲ့ သတင်းထောက်တွေကို အရပ်သားအဖြစ် သတ်မှတ်ခံရမှာဖြစ်ပြီး သူတို့ရဲ့ လုံခြုံရေးနဲ့ အကာအကွယ်ဟာ အရေးကြီးဆုံးဖြစ်သလို သူတို့ဟာ မတရားဖမ်းဆီးခြင်း သို့မဟုတ် ထိခိုက်မှုမှ ကင်းဝေးရမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် သတင်းသမားတွေကို ဖမ်းဆီးထိန်းသိမ်းခြင်းဟာ အဲဒီဥပဒေပါ အကာအကွယ်တွေကို ချိုးဖောက်ရုံသာမက အများပြည်သူ သိပိုင်ခွင့်ရှိတဲ့ အရေးကြီးတဲ့ အချက်အလက်တွေကိုပါ ဖိနှိပ်ချုပ်ချယ်တာလို့ ယူဆမိကြောင်း IMJA က ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံအနာဂတ်မှာ အရေးပါတဲ့ အစုအဖွဲ့တစ်ခုဖြစ်ပြီး ဒီမိုကရေစီကို တန်ဖိုးထားလေးစားတဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) အနေနဲ့လည်း သတင်းမီဒီယာသမားတွေရဲ့ အခွင့်အရေးတွေကို လေးစားတန်ဖိုးထားပြီး မရှိမဖြစ်လိုအပ်တဲ့ သတင်းထောက်တွေရဲ့ လုပ်ငန်းတွေကို ဆက်လက် လုပ်ဆောင်နိုင်ဖို့ ပံ့ပိုးပေးခြင်းအားဖြင့် အားကောင်းတဲ့ စံနမူနာပြနိုင်မယ်ဆိုတာကို ယုံကြည်တယ်လို့လည်း အိတ်ဖွင့်ပေးစာမှာ ပါရှိပါတယ်။

ကိုနောင်ရိုးနဲ့ ကိုတာလင်းမောင် တို့ကို ချက်ခြင်းပြန်လွှတ်ပေးဖို့နဲ့ နောက်ထပ် အဟန့်အတားမလုပ်ဘဲ သတင်းလုပ်ငန်းတွေ ဆက်လက် လုပ်ကိုင်ခွင့်ပြုပေးဖို့ကိုလည်း လေးစားစွာ မေတ္တာရပ်ခံအပ်ကြောင်းနဲ့ ပိုမိုကောင်းမွန်တဲ့ နားလည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးပွားလာစေဖို့ အတွက် မီဒီယာအသိုက်အဝန်းနဲ့ အပြုသဘောဆောင်တဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ကိုလည်း ဖိတ်ခေါ်တယ်လို့ IMJA ကဆိုပါတယ်။

Related posts

ကျောက်ဖြူစစ်ရှောင်တွေအတွက် သောက်သုံးရေ အခက်အခဲရှိနေ

Rakhita Times

ရက္ခိုင်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး AA လုပ်ဆောင်နေ

Rakhita Times

ရက္ခိတအိမ်မက် ရက္ခိတလမ်းစဉ်ကို အကောင်အထည်ဖော်နိုင်တဲ့ AA လို့ ကူကီးကောင်စီပြော

Rakhita Times

1 comment

rent yacht montenegro 884 မေ 5, 2026 at 6:02 ညနေ Reply

Leave a Comment