NewsPolitic

စစ်ကောင်စီရဲ့ ဗုံးဒဏ်ကြောင့် ဆင်ခေါင်းရွာ ရွာလုံးကျွတ်ပျက်စီး

စစ်ကောင်စီရဲ့ ဗုံးဒဏ်ကြောင့် ဆင်ခေါင်းရွာ ရွာလုံးကျွတ်ပျက်စီး

အာရက္ခတိုင်းမ်စ် (၁-နိုဝင်ဘာ-၂၀၂၄)

ရက္ခိုင်ပြည် သံတွဲမြို့နယ်ကို စစ်ကောင်စီမှ လေယာဥ်ဖြင့် အောက်တိုဘာလ ၂၉ရက် နဲ့ ၃၀ရက် ၂ရက်ဆက်တိုက် ဗုံးလာကြဲခဲ့သဖြင့် ဆင်ခေါင်းရွာ ရွာလုံးကျွတ် ပျက်စီးသွားကြောင်း သိရပါတယ်။

“ရွာအဝင်က တောင်ပေါ်ကျောင်း (ရတနာအောင်မြေကျောင်း) က ဆရာတော်တစ်ပါး ထိခိုက်ဒဏ်ရာရခဲ့တယ်။ တစ်ခါလာကြဲရင် ၄လုံး ဆက်တိုက်ကို ကြဲတာ။ ရွာလုံးကျွတ်ကို ပျက်စီးသွားပြီ။ ငွေတိုးအောင်ဆီဆိုင်လည်း ရစရာကို မရှိဘူး။” လို့ ဆင်ခေါင်းရွာသားတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ကောင်စီမှ လေယာဥ်ဖြင့် အောက်တိုဘာလ ၂၉ရက် နေ့လည် ၂နာရီကျော်က တစ်ကြိမ်၊ အောက်တိုဘာလ ၃၀ရက် နေ့လည် ၁၂နာရီကျော်က တစ်ကြိမ် လာရောက်ဗုံးကြဲခဲ့တာပဲ ဖြစ်ပါတယ်။

“ပုသိမ်ဖက်ကနေလာတာ။ သံတွဲမြို့အထိ အသံအရှိန်နဲ့ မောင်းလာပြီး သံတွဲကျော်တာနဲ့ စက်သတ်ပြီးတော့ တရှိန်ထိုးဆင်းသွားပြီး ကြဲတာ။ မြို့ထဲကလူတွေဆို ကြောက်ပြီး နေစရာနေရာကို မရှိကြဘူး။ လေယာဥ်သံပဲ နားစွန့်နေနေရတယ်” လို့ သံတွဲမြို့ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ဆိုပါတယ်။

အလားတူ အောက်တိုဘာလ ၂၅ရက်က ဆင်ခေါင်းရွာကို ဗုံးလာကြဲခဲ့သဖြင့် အထက်တန်းကျောင်း ပျက်စီးခဲ့ရပြီး ဇွန်လ ၄ရက် နဲ့ ၅ရက်က စစ်ကောင်စီရဲ့ ရေတပ် နဲ့ လေတပ်ရဲ့ လက်နက်ကြီးကြောင့် ဆင်ခေါင်းရွာ ဒေသခံပြည်သူ အများအပြား သေဆုံး ဒဏ်ရာ ရရှိခဲ့ပါတယ်။

Related posts

AA ထိုးစစ်ကို ခုခံရန် သာပေါင်းကို စစ်ကား ၇ စီးနဲ့ အင်အားထပ်ဖြည့်

Rakhita Times

CNDF ရဲဘော်တွေအတွက် ဒေါက်တာညိုထွန်းအောင် သူပုန်ဖြူစာအုပ် နဲ့ ငွေသားကူညီ

Rakhita Times

AA သိမ်းပိုက်ထားနဲ့ နယ်မြေကို စစ်ကြောင်းထိုးလာတဲ့ အမတ ၃၄၄ က စစ်ကြောင်း တပ်ပျက်ကာ ဆုတ်ခွာသွား

Rakhita Times

1 comment

Leave a Comment