NewsPolitic

ငပြီကျွန်း ကမ်းတက်တိုက်ပွဲ စစ်ကောင်စီတပ် အကျအဆုံးများတယ်လို့ AA ပြောခွင့်ရသူ ပြော

အာရက္ခတိုင်းမ်စ် (၂၇ အောက်တိုဘာ ၂၀၂၆)

ရက္ခိုင်ပြည် ငပြီကျွန်းကို စစ်ကောင်စီတပ်က ရေကြောင်းကနေ ကမ်းတက်ထိုးစစ်ဆင်ဖို့ ကြိုးပမ်းတဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်မှာ အထိအခိုက်၊ အကျအဆုံး များပြားနေကြောင်း အာရက္ခတပ်တော် (AA) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“ငပြီကျွန်းကမ်းတက်ဖို့ ကြိုးစားတဲ့တိုက်ပွဲတွေမှာတော့ သူတို့ဘက်က အထိအခိုက်၊ အကျအဆုံးတွေ အင်မတန် များပါတယ်။ ပထမအစပိုင်းမှာတောင်မှ ပထမဦးဆုံး ကမ်းတက်ဖို့ကြိုးစားတဲ့နေ့မှာတောင်မှ သူတို့ ၅၀ လောက်ကျဆုံးသွားတာရှိတယ်။ အဲဒီနောက်ပိုင်းမှာလည်းပဲ သူတို့ တချို့တွေ ကမ်းပေါ်ရောက်လာတဲ့သူတွေ လည်းပဲ ထိခိုက်၊ သေဆုံးတာ၊ ဖမ်းဆီးခံရတာတွေ အင်မတန်ရှိပါတယ်” လို့ ဦးခိုင်သုခက ပြောပါတယ်။

ကျွန်းပေါ်ကို ကမ်းတက်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာလည်း AA ရဲ့ ဝိုင်းပိတ်တိုက်ခိုက်မှုကြောင့် အထိအခိုက်၊ အကျအဆုံး များခဲ့ရုံမက ဖမ်းဆီးခံရသူ အများအပြား ရှိခဲ့ကြောင်း သိရပါတယ်။

“နောက်ပိုင်းလည်းပဲ သူတို့ဘက်က ဆက်တိုက် ကမ်းတက်ဖို့ ကြိုးစားတဲ့ ဖြစ်စဉ်တွေမှာလည်းပဲ အထိအခိုက်၊ အကျအဆုံးတွေ အင်မတန်များပါတယ်” လို့ ဦးခိုင်သုခက ထပ်ပြောပါတယ်။

ပထမအကြိမ် ကမ်းတက်ကြိုးပမ်းမှုပြီးနောက် စစ်ကောင်စီဘက်က အင်အား ထပ်ဖြည့်တင်းပြီး ငပြီကျွန်းကို ရဖို့ ဆက်တိုက် ကမ်းတက်ထိုးစစ်ဆင်ဖို့ ကြိုးပမ်းခဲ့တယ်လို့ AA ဘက်က ဆိုပါတယ်။

Related posts

မြေပုံက ရေလုပ်သား ၃ ဦးကို စစ်ကောင်စီ ဖမ်းဆီး နှိပ်စက်

Rakhita Times

သံတွဲမြို့ကို စစ်ကောင်စီ ဗုံးကြဲ၊ စစ်ဘေးရှောင်ပြည်သူ ၈ ဦး ဒဏ်ရာရ

Rakhita Times

သံတွဲ လက်ပံစုရွာတွင်လည်း လေဆင်နှာမောင်းတိုက်လို့ အိမ် ၂၀ ကျော် ပျက်စီး

Rakhita Times

Leave a Comment