သံတွဲမြို့ကို စစ်ကောင်စီမှ ဗုံး ၂ လုံး လာကြဲ
အာရက္ခတိုင်းမ်စ် (၃၀ နိုဝင်ဘာ ၂၀၂၄)
ရက္ခိုင်ပြည် သံတွဲမြို့ကို စစ်ကောင်စီမှ မနေ့က (၂၉ နိုဝင်ဘာ) က လေယာဥ်ဖြင့် ဗုံး ၂ လုံး လာရောက် ကြဲခဲ့ကြောင်း သိရပါတယ်။
“ တစ်လုံးက နံတော်တောင် နားက ဂျိုင်ကို ကျတယ်။ နောက် တစ်လုံးက ဘောလုံးကွင်းနားကို ကျတယ်။ မနက် ၈နာရီလောက်မှာ လာကြဲသွားတာ။ လူ အထိအခိုက်တော့ မရှိလိုက်ဘူး” လို့ သံတွဲမြို့ ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ် ကို ပြောပါတယ်။
နိုဝင်ဘာ ၂၇ ရက် မနက် ၁၁နာရီခန့်တွင်လည်း စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာဖြင့် ဗုံးလာကြဲသဖြင့် စစ်ဘေးရှောင်ပြည်သူ ၈ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
“ ” လေယဉ်က နေ့တိုင်းလို လာတယ်၊ လူတွေလည်း အဲဒီစိတ်နဲ့ အိမ်မပျော်၊ စားမဝင်ဖြစ်နေကြတယ်၊ အခုဆိုရင် ရိုးရိုးဗုံးခိုကျင်းတောင် မဟုတ်တော့ဘူး။ မိသားစုလိုက် အိပ်ပြီးနေလို့ရတဲ့ ဗုံးခိုကျင်းတွေကို တူးပြီးနေနေရတယ်” သံတွဲဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
အလားတူ စစ်ကောင်စီက သံတွဲမြို့ကို စက်တင်ဘာလ ၂၆ ရက် မနက်ပိုင်းက ဒွါရာဝတီမြို့တော်ခန်းမ နဲ့ သဘာဝပတ်ဝန်းကျင်ရုံးကို လေယာဥ်နဲ့ ဗုံးကျဲမှုကြောင့် အရပ်သားပြည်သူ ၁၄ ဦး သေဆုံးခဲ့ပြီး လူဦးရေ ၃၀ နီးပါး ဒဏ်ရာရရှိခဲ့ပါတယ်။
အောက်တိုဘာလ ၂၄ရက် မနက် ၄နာရီကျော်ကလည်း စစ်ကောင်စီရဲ့ လေယာဥ်မှ ဗုံးကျဲမှုကြောင့် သံတွဲမြို့ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး နဲ့ စစ်သားစုဆောင်းရေးရုံးတို့လည်း ပျက်စီးခဲ့သလို မနေ့က (နိုဝင်ဘာ ၁၀) မနက် ၃ နာရီခန့်က စစ်ကောင်စီမှ လေယာဥ်ဖြင့် ဗုံးလာကြဲသဖြင့် ၃ နေရာပေါက်ကွဲခဲ့ပြီး ဒေသခံပြည်သူ ၂ ဦး သေဆုံးကြောင်း သိရပါတယ်။
သံတွဲမြို့ကို အာရက္ခတပ်တော်က ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၆ ရက်နေ့ကတည်းက အပြီးတိုင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က မကြာခဏဆိုသလို လေကြောင်းနဲ့ လာရောက် ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်နေပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလထဲမှာတင် ရက္ခိုင်ပြည်မှာ စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် လူ ၉၃ ဦး သေဆုံးပြီး ၆၆ ဦး ဒဏ်ရာ ရခဲ့ပါတယ်။
ထို့အတူ အောက်တိုဘာလရဲ့ လေကြောင်းတိုက်ခိုက်တာတွေကို ကြည့်မယ်ဆိုရင်လည်း စစ်ကောင်စီဟာ တစ်နေ့ကို တစ်မြို့နယ်နှုန်းနဲ့ ဗုံးကြဲနေတာကို တွေ့ရပါတယ်။
အောက်တိုဘာ ၇ ရက်နေ့ကနေ အောက်တိုဘာ ၁၃ ရက်နေ့အထိ စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့လို့ အပြစ်မဲ့အရပ်သားပြည်သူ ၁၈ ဦး သေဆုံးပြီး ၃၂ ဦးအထိ ဒဏ်ရာ ရရှိခဲ့ပါတယ်။

10 comments
сделать дизайн проект квартиры дизайн студия интерьера санкт петербург
Play at https://elon-casino-top.com online: slots from popular providers, live dealers, promotions, and tournaments. Learn about the bonus policy, wagering requirements, payment methods, and withdrawal times. Information for adult players. 18+. Gambling requires supervision.
Play online at https://elonbet-casino-game.com: slots, live casino, and special offers. We explain the rules, limits, verification, and payments to avoid any surprises. This material is for informational purposes only.
Нужен трафик и лиды? компания авигрупп SEO-оптимизация, продвижение сайтов и реклама в Яндекс Директ: приводим целевой трафик и заявки. Аудит, семантика, контент, техническое SEO, настройка и ведение рекламы. Работаем на результат — рост лидов, продаж и позиций.
need a video? photo production company in italy offering full-cycle services: concept, scripting, filming, editing and post-production. Commercials, corporate videos, social media content and branded storytelling. Professional crew, modern equipment and a creative approach tailored to your goals.
need a video? film production company in italy offering full-cycle services: concept, scripting, filming, editing and post-production. Commercials, corporate videos, social media content and branded storytelling. Professional crew, modern equipment and a creative approach tailored to your goals.
Продажа тяговых https://faamru.com аккумуляторных батарей для вилочных погрузчиков, ричтраков, электротележек и штабелеров. Решения для интенсивной складской работы: стабильная мощность, долгий ресурс, надёжная работа в сменном режиме, помощь с подбором АКБ по параметрам техники и оперативная поставка под задачу
Продажа тяговых https://ab-resurs.ru аккумуляторных батарей для вилочных погрузчиков и штабелеров. Надёжные решения для стабильной работы складской техники: большой выбор АКБ, профессиональный подбор по параметрам, консультации специалистов, гарантия и оперативная поставка для складов и производств по всей России
Официальные зеркала площадки на ссылка kraken с защитой от фишинга и круглосуточным доступом к маркету
Продажа тяговых ab-resurs.ru аккумуляторных батарей для вилочных погрузчиков и штабелеров. Надёжные решения для стабильной работы складской техники: большой выбор АКБ, профессиональный подбор по параметрам, консультации специалистов, гарантия и оперативная поставка для складов и производств по всей России