NewsPolitic

တောင်ကုတ်မြို့နယ် တစ်ခုလုံးကို AA အပြီးသတ် သိမ်းပိုက်

အာရက္ခတိုင်းမ်စ် (၁၅ ဒီဇင်ဘာ ၂၀၂၄)

ရက္ခိုင်ပြည် တောင်ကုတ်မြို့နယ် တစ်ခုကို အာရက္ခတပ်တော်က ဒီဇင်ဘာ ၁၄ရက် ညနေ ၄ နာရီကျော်က အပြီးသတ် သိမ်းပိုက် ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း သိရပါတယ်။

“တောင်ကုတ်မြို့မှာရှိတဲ့ စကခ ၅ တပ်မ ကို မနေ့က ညနေ ၄နာရီ မှာ အပြီးသတ် သိမ်းပြီး ဖြစ်ပါတယ်။ လွတ်မြောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလည်းပဲ လိုက်လံဖမ်းဆီး ရှင်းလင်းလျက်ရှိပါတယ်။ ဒါကြောင့်မို့လို့ တောင်ကုတ်မြို့နယ်တစ်ခုလုံးကို အပြီးသတ် သိမ်းပိုက် ထိန်းချုပ်နိုင်ပြီ ဖြစ်ပါတယ်။” လို့ အာရက္ခတပ်တော်ရဲ့ ပြောခွင့်ရ ဦးခိုင်သုခက Arakan Bay News ကို အတည်ပြု ပြောကြားထားပါတယ်။

အာရက္ခတပ်တော်က တောင်ကုတ်မြို့ကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂၄ ရက်မှာ အပြီးသတ်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီက မကြာခဏဆိုသလို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်လျက်ရှိနေတယ်လို့ သိရပါတယ်။

ရက္ခိုင်ပြည်နဲ့ ပြည်ပကို ဆက်သွယ်ရေး ကုန်းလမ်းများဖြစ်တဲ့ အမ်း-ပဒါန်းလမ်း၊ တောင်ကုတ်-ပန်းတောင်းလမ်း နဲ့ ဂွ-ငသိုင်းချောင်းလမ်း ၃ ခု အနက် တောင်ကုတ်-ပန်းတောင်းလမ်းကို အာရက္ခတပ်တော်က ပထမဆုံး သိမ်းပိုက် ထိန်းချုပ်နိုင်တာလည်း ဖြစ်ပါတယ်။

အာရက္ခတပ်တော်အနေနဲ့ ရက္ခိုင်တောင်ပိုင်းတွင် သံတွဲ နဲ့ တောင်ကုတ်မြို့ကို သိမ်းပိုက်ထားပြီး ဂွမြို့ သိမ်းပိုက်နိုင်ရေးအတွက် တိုက်ပွဲဆင်နွှဲနေပါတယ်။

Related posts

ငါ့ဘဝရဲ့ နိုင်ငံရေး တော်လှန်ရေး မြစ်ဖျားခံရာ

Rakhita Times

ကျောက်တော်တွင် ရှေးဟောင်း ကျောက်ပုလ္လင် တွေ့ရှိ

Rakhita Times

AA ရဲ့ ဒရုန်းကြောင့် စစ်တွေက စကမ တပ်သား ၂၀ ခန့် သေဆုံး

Rakhita Times

Leave a Comment