NewsPolitic

တပ်မမှူး ဗိုလ်မှူးကြီး အောင်နေမျိုးကို အသေဖမ်းမိ

အာရက္ခတိုင်းမ်စ် (၁၉ ဒီဇင်ဘာ ၂၀၂၄)

ရက္ခိုင်ပြည် မောင်တောမြို့ အမှတ် (၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှ ထွက်ပြေးသွားသော အမှတ် (၂၂) ခြေမြန်တပ်မဌာနချုပ် (တမခ-၂၂) တပ်မမှူး ဗိုလ်မှူးကြီး အောင်နေမျိုးကို ဒီဇင်ဘာ ၁၇ ရက်က အသေ ဖမ်းဆီးရရှိကြောင်း အာရက္ခတပ်တော်က ထုတ်ပြန်ပါတယ်။

၂၀၂၄ခုနှစ် ဒီဇင်ဘာလ ၁၇ ရက် နေ့လည် ၁၂ နာရီခန့်က မောင်တောမြို့နယ် ရွှေဇားကပ္ပကောင်းချောင်းနား ပုစွန်ကန်တဲထဲတွင် အသေဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ပြီး သူနဲ့အတူ အခေါက်ရွှေတုံးတချို့၊ ရွှေထည်တချို့အပါအဝင် ငွေသား ကျပ်သိန်း ၈၀၀ ခန့် တွေ့ရှိရတယ်လို့ ဆိုပါတယ်။

အဆိုပါ တပ်မမှူးသည် စစ်ကောင်စီတပ်နဲ့ ပူးပေါင်းနေတဲ့ ဒေသခံမူဆလင်များရဲ့ အကူအညီနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ ထွက်ပြေးလွတ်မြောက်ရန် ကြိုးစားခဲ့သော်လည်း အာရက္ခတပ်တော် လုံခြုံရေးတပ်ဖွဲ့ဝင်များနဲ့ ကမ်းခြေစောင့်တပ်များရဲ့ အချိန်ပြည့် ဝိုင်းရံပိတ်ဆို့ ရှာဖွေမှုအောက်တွင် လွတ်မြောက်ရန် အခွင့်အရေးမရခဲ့ဘဲ သူတို့ကိုယ်တိုင်ထောင်ထားသော မိုင်းကိုနင်းပြီး သွေးထွက်လွန်ကာ သေဆုံးခဲ့ရခြင်းဖြစ်တယ်လို့ AA က ဆိုပါတယ်။

အလားတူ ဒီဇင်ဘာလ ၈ ရက်ကလည်း ဘူးသီးတောင်မြို့ အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၅) စကခမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းနဲ့အဖွဲ့ကို မောင်တောမြို့ ရွှေတောင်ကျေးရွာ အနောက်ဘက်တွင် အရှင် လက်ရဖမ်းဆီးရမိခဲ့ပါတယ်။

“စောစော အလံဖြူထောင်လျှင် စောစော အသက်ရှင်ကျန်ရစ်စေမယ်။ မိသားစု၊ ဆွေမျိုးတို့နဲ့ စောစော တွေ့ဆုံရလိမ့်မယ်” “လက်နက်ချ အညံ့ခံ အလံဖြူထောင်သောသူတိုင်းရဲ့ အသက်ကို အာရက္ခတပ်တော်မှ အာမခံပါတယ်” လို့လည်း အာရက္ခတပ်တော်က ထုတ်ပြန်ထားပါတယ်။

Related posts

ဓညဝတီရေတပ်ဌာနချုပ် ကျတာနဲ့ ကျောက်ဖြူကို သိမ်းပိုက်နိုင်ပြီ

Rakhita Times

ငပလီကို ဗုံး အလုံး ၆၀ နီးပါး ရွေးတုအစိုးရ ကြဲချ

Rakhita Times

စစ်တွေမြို့ပြင်မှာ အာရက္ခတပ်တော်နဲ့ စကမတို့ တိုက်ပွဲပြင်းထန်နေ

Rakhita Times

Leave a Comment