NewsPolitic

ငါးသိုင်းချောင်းတွင် စစ်ကောင်စီ ခံစစ်ပြင်ဆင်နေ

အာရက္ခတိုင်းမ်စ် (၁၉ ဇန်နဝါရီ ၂၀၂၅)

ဧရာဝတီတိုင်း ပုသိမ်ခရိုင် ရေကြည်မြို့နယ် ငါးသိုင်းချောင်းမြို့တွင် စစ်ကောင်စီက ခုခံစစ် ပြင်ဆင်နေတယ်လို့ ငါးသိုင်းချောင်းမြို့ဒေသခံတွေက ဆိုပါတယ်။

“အမှတ် (၁၀၆) သစ်ထုတ်လုပ်ရေးဝန်းထဲက ဝန်ထမ်းတွေကို စစ်တပ်က ဖယ်ခိုင်းတယ်။ ပြီးတော့ စစ်သား ၆၀ လောက် ရောက်လာပြီးတော့ တပ်စွဲ အထိုင်ချဖို့ ပြင်ဆင်နေတယ်” လို့ ငါးသိုင်းချောင်းမြို့ ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ငါးသိုင်းချောင်းတွင် စစ်ကောင်စီက ခံစစ်ပြင်ဆင်နေသလို စစ်ဘေး ရှောင်လာကြတဲ့ ပြည်သူများကို အစစ်အဆေး တင်းကြပ်စွာ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ထို့အတူ စစ်ကောင်စီဟာ ရေကြည်မြို့နယ် နဲ့ ငါးသိုင်းချောင်းမြို့ကြားတွင်လည်း အမြောက်တပ် နှစ်တပ်ဖြင့် အထိုင်ချထားကာ စစ်ကောင်စီတပ်သားတွေဟာ လက်နက်အပြည့်အစုံနဲ့ သွားလာနေကြတာကြောင့် ဒေသခံတွေအနေနဲ့ စိုးရိမ်နေကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“ရေကြည်မြို့နယ်အပိုင်ထဲက မြောက်စမ်းရွာမှာ တစ်တပ်၊ ငါးသိုင်းချောင်း အပိုင် ကျောက်ချောင်းရွာမှ တစ်တပ် နှစ်တပ် အထိုင်ချထားတယ်။ အမြောက်တွေလည်း ဆင်ထားတယ်။ ဒေသခံတွေ မသွားလာရဲကြတော့ဘူး” လို့ ရေကြည်မြို့နယ် ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ဧရာဝတီတိုင်း ပုသိမ်ခရိုင် ရေကြည်မြို့ နဲ့ ငါးသိုင်းချောင်းမြို့ အကြားတွင် တပ်စွဲထားတာဟာ အမြောက်တပ်ရင်း အမတ ၃၄၄ ဖြစ်ပြီး ငါးမိုင်ခန့်အကွာတွင် နှစ်နေရာခွဲကာ တပ်စွဲထားတာလို့ ဒေသခံတွေက ပြောပါတယ်။

Related posts

ရက္ခိုင်သမိုင်းဆိုင် ရာသုတေသနသင်တန်း ဖွင့်လှစ်မည်

Rakhita Times

ကျောက်ဖြူ၊စစ်တွေ နဲ့ မာန်အောင်တို့တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ကြံ့ဖွံ့ပါတီမှ နှစ်ဦး နဲ့ ရခိုင်တိုင်းရင်းသားများပါတီမှ တဦးနိုင်

Rakhita Times

ကုန်ကားကြီးများသွားလာနိုင်ရန် ဘူးသီးတောင် မောင်တောလမ်း AA ပြင်နေ

Rakhita Times

Leave a Comment