BusinessNewsPolitic

ပုသိမ်ကို စစ်ရှောင် အများအပြား ရောက်နေ

အာရက္ခတိုင်းမ်စ် (၂၅ ဇန်နဝါရီ ၂၀၂၅)

ဧရာဝတီတိုင်း ပုသိမ်မြို့ကို စစ်ဘေးရှောင်အများအပြား ရောက်ရှိနေတယ်လို့ ပုသိမ်မြို့ဒေသခံတွေက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“လိုင်းကားနဲ့ရော အိမ်စီးကားတွေရော ရောက်လာကြတာ အများကြီးပဲ။ တစ်ချို့ဆို ကုန်ကားတွေနဲ့ လိုက်လာသလို ဆိုင်ကယ်တွေမှာ ပစ္စည်းတွေ သယ်ပြီး လာကြတာတွေလည်း တွေ့ရတယ်” လို့ ပုသိမ်မြို့ဒေသခံတစ်ဦးက ဆိုပါတယ်။

ပုသိမ်မြို့သို့ စစ်ဘေးရှောင်ရန် ရောက်ရှိလာသူများမှာ ရွှေသောင်ယံ၊ မကျီးဇင် နဲ့ ချောင်းသာဖက်က ဖြစ်ပြီး ရက္ခိုင်ပြည်က စစ်ဘေးရှောင်နေကြသူတွေလည်း ပါတယ်လို့လည်း ဆိုပါတယ်။

“အမှတ် (၁) ကနေ (၁၅) ရပ်ကွက်အထိ အိမ်လာငှားသူတွေနဲ့ ရှုပ်နေကြတယ်။ ပိုက်ဆံတတ်နိုင်တဲ့ ပုသိမ်ဒေသခံတွေက ရန်ကုန်ကို ရွှေ့သွားကြပြီ။ သူတို့အိမ်တွေကို ပွဲစားနဲ့ အပ်ခဲ့ပြီး အိမ်ငှားတင်နေကြတယ်။ ပိုက်ဆံမတတ်နိုင်တဲ့ မိသားစုတွေဆို အခန်းတစ်ခန်းကို နှစ်စု သုံးစု ပေါင်းပြီး ငှားနေတာမျိုးလည်း ရှိတယ်” လို့ သူက အာရက္ခတိုင်းမ်စ်ကို ထပ်မံ ပြောပါတယ်။

ငွေကြေးမတတ်နိုင်တဲ့ စစ်ဘေးရှောင်အချို့ဟာ ဘုန်းတော်ကြီးကျောင်းတွေမှာ နေထိုင်ခွင့် လျောက်ထားပေမယ့် ဘုန်းတော်ကြီးကျောင်း အများစုက လက်မခံကြဘူးလို့လည်း ပုသိမ်ဒေသခံတွေက ပြောပါတယ်။

ဧရာဝတီတိုင်း ပုသိမ်ခရိုင်အတွင်းတွင် အာရက္ခတပ်တော် မဟာမိတ်တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ စစ်ကောင်စီတို့ တိုက်ပွဲများ ဖြစ်ပွားနေပြီး ပုသိမ်မြို့ မကျဆုံးစေရေးအတွက် ဇန်နဝါရီလ ၂၃ရက်က ဒုတိယဗိုလ်ချုပ်ကြီး ရဲချုပ် ဝင်းဇော်မိုးဟာ ပုသိမ်မြို့ တိုင်းရဲတပ်ဖွဲ့ကို လာရောက်ခဲ့ပြီး အလွယ်တကူလက်နက်မချဖို့ နဲ့ အလံဖြူမထောင်ကြဖို့ ပြောကြားခဲ့တယ်လို့လည်း ပုသိမ်မြို့ဒေသခံတွေက ဆိုပါတယ်။

Related posts

စကမ ထိန်းချုပ်ထားတဲ့ မြို့ ၃ မြို့က ကျောင်းသားတွေကို စခန်းသွင်းစာကျက်ခိုင်းနေ

Rakhita Times

မောင်တောတွင် ဟိန္ဒူဘာသာရေးပွဲတော် ကျင်းပ

Rakhita Times

အာရက္ခတိုင်းမ်စ်သတင်း ပေါ့စ်ကပ်စ် (၂ သြဂုတ် ၂၀၂၅)

Rakhita Times

6 comments

Leave a Comment