News

ခရီးသည် ၄၀၀ ခန့်လိုက်ပါလာသည့် သင်္ဘော စစ်တွေမဝင်ရ

ခရီးသည် ၄၀၀ ခန့်လိုက်ပါလာသည့် သင်္ဘော စစ်တွေမဝင်ရ

အာရက္ခတိုင်မ်းစ် (၄-အောက်တိုဘာ-၂၀၂၄)

ရန်ကုန်မြို့ကနေ စစ်တွေမြို့ကို သင်္ဘောနဲ့ လိုက်ပါလာတဲ့ စစ်တွေမြို့ခံ ၄၀၀ ခန့်မှာ စစ်တွေမြို့ကို မဝင်ရဘဲ မြစ်ထဲမှာ တားဆီးခံနေရတယ်လို့ သိရပါတယ်။

ဒီခရီးသည်တွေဟာ စစ်တွေမြို့ကနေ ရန်ကုန်မြို့ကို စစ်ဘေးရှောင်ရောက်ရှိနေသူတွေဖြစ်ကြပြီးတော့ အကြောင်း အမျိုးမျိုးကြောင့် စစ်တွေမြို့ကို ပြန်လာခဲ့ကြသူတွေဖြစ်တယ်လို့ သိရပါတယ်။

“ရန်ကုန်က ခရီးသည် ၄၀၀ လောက်တင်လာတဲ့ သင်္ဘောကို ဒီမှာ မကပ်ရဘူး၊ အခု မြစ်လယ်မှာ၊ ရွှေသဇင် ဟိုတယ်ပိုင်ရှင် ဦးသန်းရွှေရဲ့ ကုန်ပို့သင်္ဘောနာမေကတော့ ရတနာဝင်းလား အသိကျတော့ မသိဘူး” လို့ စစ်တွေမြို့ခံတစ်ဦးကပြောပါတယ်။

အဆိုပါ သင်္ဘောမှာ ယနေ့ နေ့လယ်ပိုင်းက စစ်တွေမြို့ကို ဆိုက်ရောက်ခဲ့တာဖြစ်ပြီးတော့ ကမ်းကပ်ခွင့် မရဘဲ စစ်ကောင်စီက တားဆီးထားတာဖြစ်တယ်လို့ ကနဦးသိရပါတယ်။

Related posts

ရက္ခိုင်တွင် ဇူလိုင် ၂၈ ရက် အထိ မိုးထစ်ချုန်းရွာပြီး လှိုင်းအလွန်ကြီးမယ်

Rakhita Times

စကမတပ်က ပြည်သူကို သတ်ဖြတ်နေခြင်းဟာ တော်လှန်ရေးတပ်ဖွဲ့တွေကို ဖိအားပေးနေတာလို့ CDM ဗိုလ်ကြီးဇင်ယော် ဆို

Rakhita Times

ကျောက်ဖြူ စနဲကို စကမ ဒရုန်း ၄ စီးနဲ့ ဗုံးကြဲ၊ ပြည်သူ ၄ ဦး ဒဏ်ရာရ၊ အိမ် ၆ လုံး မီးလောင်ပြာကျ

Rakhita Times

5 comments

Leave a Comment