EducationHealthNews

အာရက္ခပြည်သူ့အစိုးရအနေနဲ့ ပြည်သူ့ကျန်းမာရေးဆိုင်ရာသင်တန်း ဖွင့်လှစ်

အာရက္ခတိုင်းမ်စ် (၁၁ ဇူလိုင် ၂၀၂၅)

ရက္ခိုင်ပြည်က လွတ်မြောက်နယ်မြေမှာ အာရက္ခပြည်သူ့အစိုးရအနေနဲ့ ပြည်သူ့ကျန်းမာရေးဆိုင်ရာသင်တန်း ဖွင့်လှစ်သင်ကြားပေနေတယ်လို့ သိရပါတယ်။

၂၀၂၅ ခုနှစ် ဇူလိုင်လ ၁ ရက်ကနေ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်အထိ က ၈ လတာ ကြာမြင့်တဲ့ ပြည်သူ့ကျန်းမာရေး ကြီးကြပ် (၂) သင်တန်းကို သင်တန်းသူ/သား ၁၀၀ ဝန်းကျင်းနဲ့ ပထမအသုတ်အနေဖြင့် စတင်ဖွင့်လှစ်သင်ကြားပေးနေတာလည်း ဖြစ်ပါတယ်။

ပြည်သူ့ကျန်းမာရေး ကြီးကြပ် (၂) သင်တန်းတွင် ဘာသာရပ် ၆ ခု သင်ကြားပေးမှာဖြစ်ပြီး အဆိုပါ ဘာသာရပ်များမှာ (၁) အခြေခံခန္ဓာဗေဒ၊ ဇီဝကမ္မဗေဒ နဲ့ ဆေးဝါးဗေဒ၊ (၂) ပတ်ဝန်းကျင်ကျန်းမာရေး၊ (၃) အခြေခံရောဂါဖြစ်ပွားပြန့်နှံ့မှုကို လေ့လာတဲ့ဘာသာရပ်၊ (၄) ပြည်သူ့ကျန်းမာရေး၊ (၅) အခြေခံကျန်းမာရေးစောင့်ရှောက်မှု နဲ့ (၆) အခြေခံသားဖွားပညာ တို့ပဲ ဖြစ်ပါတယ်။

အဆိုပါ ပြည်သူ့ကျန်းမာရေး ကြီးကြပ် (၂) သင်တန်းပြီးသွားပါက သင်တန်းဆင်လက်မှတ်ပေးသွားမှာဖြစ်ပြီး ကျေးလက်ကျန်းမာရေးဌာနများတွင် ဝန်ထမ်းခန့်အပ်သွားမယ်လို့လည်း သိရပါတယ်။

အာရက္ခပြည်သူ့ကျန်းမာရေးဌာနအနေနဲ့ ပြည်သူ့ကျန်းမာရေးဆိုင်ရာ သင်တန်းများအစီအစဉ်ဖြင့် ပြည်သူ့ကျန်းမာရေး ကြီးကြပ် (၂) အပြင် ပြည်သူ့ကျန်းမာရေး ကြီးကြပ် (၁) ထပ်မံဖွင့်လှစ်သွားမယ်လို့လည်း သိရပါတယ်။

အရက္ခပြည်သူ့ကျန်းမာရေးအစိုးရအနေနဲ့ ဆေးဖက်ဆိုင်ရာဝန်ထမ်းများ ဆက်လက်လိုအပ်နေတဲ့အတွက် အာရက္ခပြည်သူများအပေါ် စေတနာရှိတဲ့ ဆေးဖက်ဆိုင်ရာဝန်ထမ်း မည်သည့်လူမျိုးကိုမဆို တာဝန်လာရောက်ထမ်းဆောင်ဖို့ ဂါရဝထား ဖိတ်ခေါ်ထားပါတယ်။

Related posts

AA ရဲ့ ထိုးစစ်ကြောင့် ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော် ဖမ်းမိ

Rakhita Times

စစ်ကောင်စီတပ်သားများကို CDF-Asho ခြုံခိုတိုက်၊ တပ်သား ၄ ဦးသေဆုံး

Rakhita Times

■ အေအိုင်နဲ့ အနာဂတ်ပညာရေး

Rakhita Times

6 comments

Leave a Comment