NewsPolitic

AA လို့ဆိုကာ စစ်တွေဒေသခံတဦးကို စစ်ကော်မရှင် ရိုက်သတ်

အာရက္ခတိုင်းမ်စ် (၁၃ သြဂုတ် ၂၀၂၅)

ရက္ခိုင်ပြည် စစ်တွေမြို့က အသက် ၄၅ နှစ်အရွယ် ဒေသခံတဦးကို AA လို့ စွပ်စွဲပြီး စစ်ကော်မရှင်က ရိုက်နှက် နှိပ်စက်လို့ သြဂုတ်လ ၁၂ ရက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

“ သူက ဆိုက်ကားနင်းတယ်။ ချောင်း မြောင်းထဲမှာ ဖားရှာ ငါးရှာလုပ်ပြီး အသက်မွေးဝမ်းကြောင်း လုပ်နေတာ။ အဲဒါကို ပြီးခဲ့တဲ့ ၉ ရက်က ဖမ်းသွားပြီး နှိပ်စက်တာ ၁၂ ရက်နေ့မှာ ဆုံးသွားတယ်” လို့ စစ်တွေ‌ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ကော်မရှင်က အာရက္ခတပ်တော် တပ်ဖွဲ့ဝင်လို့ဆိုပြီး ဖမ်းဆီးခံရသူမှာ ရက္ခိုင်ပြည် စစ်တွေမြို့ လမ်းမတော် (တောင်) ရပ်ကွက်နေ ဦးစုလှိုင် ဆိုသူ ဖြစ်တယ်လို့ သိရပါတယ်။

“ သူ့ (ဦးစုလှိုင်) အလောင်းကိုတောင် မိသားစုကို ပြန်မပေးဘူး။ ဆုံးသွားပြီ၊ သင်္ဂြိုလ်ချင် သင်္ချိုင်းလာခဲ့ဆိုလို့ မနေ့က လူနည်းနည်းနဲ့ သင်္ဂြိုလ်လိုက်ရတယ်” လို့ စစ်တွေဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အလားတူ ရက္ခိုင်ပြည် စစ်တွေမြို့တွင် အမျိုးသမီး ၁ ဦး အပါအဝင် ဒေသခံပြည်သူ ၃ ဦးကို စစ်ကော်မရှင်က သြဂုတ်လ ၃ ရက် ညအချိန်တွင် ဖမ်းဆီးသွားခဲ့ပါသေးတယ်။

Related posts

ကျောက်မဲဆေးရုံ ဗုံးကြဲတိုက်ခိုက်မှုအပေါ် TNLA ရှုတ်ချ

Rakhita Times

လေးတောင်မြို့နဲ့ အနီးဝန်းကျင်ကို စကမ ဗုံးကြဲ နှစ်ယောက်သေ၊ နှစ်ယောက်ဒဏ်ရာရ 

Rakhita Times

တောင်ကုတ်မြို့မှာ စစ်ကောင်စီလေကြောင်းဗုံးကြဲမှုကြောင့် မြို့မဈေး ပျက်စီး

Rakhita Times

31 comments

Leave a Comment