HealthNewsPolitic

မောင်တောက ရွာ ၁၀၀ ကျော်က ကိုယ်ဝန်ဆောင်မိခင်တွေကို ကာကွယ်ဆေးထိုးပေး

အာရက္ခတိုင်းမ်စ် (၂၁ သြဂုတ် ၂၀၂၅)

အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ရက္ခိုင်ပြည် မောင်တောမြို့နယ်မှာရှိတဲ့ ရွာပေါင်း ၁၀၀ ကျော်က ကိုယ်ဝန်ဆောင်မိခင်တွေကို ကာကွယ်ဆေး လိုက်လံထိုးပေးနေတယ်လို့ သိရပါတယ်။

“ ကိုယ်ဝန်ဆောင်တွေကို အဓိကထားပြီး ကာကွယ်ဆေးထိုးပေးတယ်။ ၅ နှစ်အောက် ကလေးတွေကိုလည်း ဆေးထိုးပေးတာတွေ လုပ်ပေးခဲ့တယ်” လို့ မောင်တောမြို့နယ် လုံးတောင်ရွာဒေသခံတဦးက ပြောပါတယ်။

အဆိုပါကာကွယ်ဆေးဟာ မေးခိုင်ရောဂါနဲ့ ဆုံစို့နာရောဂါတို့ကို အဓိကကာကွယ်ပေးတယ်လို့လည်း သိရပါတယ်။

“ ဒီဆေးတွေက ကိုယ်ဝန်ဆောင်တွေအနေနဲ့ ကိုယ်ဝန် ၂၇ ပတ်ကနေ ၃၆ ပတ်အတွင်းမှာ ထိုးပေးရတာ” လို့ အာရက္ခပြည့်သူ့ကျန်းမာရေးဌာနက တာဝန်ရှိသူတဦးက ပြောပါတယ်။

ကိုယ်ဝန်ဆောင်မိခင်တွေကို ပိုမိုကြည့်ရှုစောင့်ရှောက်နိုင်ရန် အာရက္ခပြည်သူ့ကျန်းမာရေးဌာနက သားဖွားအတတ်ပညာသင်တန်းဖွင့်လှစ် သင်ကြားပေးဖို့ စီစဥ်နေတယ်လို့လည်း သိရပါတယ်။

အဆိုပါ သားဖွားအတတ်ပညာသင်တန်းကို အသက် ၂၅ နှစ်အောက် အမျိုးသမီး မည်သူမဆို လျောက်ထားနိုင်ပြီး ပညာအရည်အချင်းအနေနဲ့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ပြုလုပ်တဲ့ ၁၂ တန်း အောင်မြင်ပြီးသူ ဖြစ်ရမယ်လို့လည်း သိရပါတယ်။

Related posts

ကပစ ၁၆ ကို စကမ အင်အားထပ်မံဖြည့်တင်း၊ ဗုံးကြဲမှုကြောင့် တောမီးလောင်နေ

Rakhita Times

စစ်တွေတိုက်ပွဲ ပြင်းထန်နေလို့ စကမ အင်အားထပ်မံ ဖြည့်တင်း

Rakhita Times

မင်းတုန်း ရက္ခိုင် ကုန်ပို့တဲ့လမ်းပေါ် စကမ ဗုံးကြဲ၊ ရက္ခိုင်ကုန်သည် ၂၀ ခန့် သေဆုံး(Breaking News)

Rakhita Times

1 comment

rent yacht montenegro 398 မေ 5, 2026 at 4:14 မနက်

superyacht charter Montenegro https://rent-a-yacht-montenegro.com

Reply

Leave a Comment