NewsPolitic

ကျောက်ဖြူမြို့တွင် RNP ရုံးချုပ် ဖွင့်လှစ်

အာရက္ခတိုင်းမ်စ် (၂၉ သြဂုတ် ၂၀၂၅)

ရက္ခိုင်ပြည် ကျောက်ဖြူမြို့တွင် ရခိုင်တိုင်းရင်းသားများပါတီ (Rakhine Nationalities Party – RNP) ရုံးချုပ် ကို သြဂုတ်လ ၂၈ ရက်က ဖွင့်လှစ်လိုက်တယ်လို့ သိရပါတယ်။

ရခိုင်တိုင်းရင်းသားများပါတီ ရုံးချုပ်ကို ကျောက်ဖြူမြို့က ဦးဘရှိန် နေအိမ်တွင် ဖွင့်လှစ်ခဲ့တာလည်း ဖြစ်ပါတယ်။

အလားတူ ရခိုင်တိုင်းရင်းသားများပါတီ ရုံးခွဲတွေကို စစ်ကော်မရှင်ထိန်းချုပ်ထားတဲ့ စစ်တွေ နဲ့ မာန်အောင်မြို့တွေမှာလည်း ဆက်လက်ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကော်မရှင်က ပြုလုပ်တဲ့ ရွေးကောက်ပွဲကို ဒေါက်တာအေးမောင် ဦးဆောင်တဲ့ ရခိုင့်ဦးဆောင်ပါတီ၊ မြိုတိုင်းရင်းသားပါတီ နဲ့ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီတို့ဝင်ရောက် ယှဥ်ပြိုင်ကြမှာပဲ ဖြစ်ပါတယ်။

ရက္ခိုင်ပြည်ရဲ့ မြို့နယ် ၁၄ မျြို့နယ်ကို အာရက္ခတပ်တော်က သိမ်းပိုက်ထိန်းချုပ်ထားပြီး စစ်ကော်မရှင်က ပြုလုပ်မယ့် ရွေးကောက်ပွဲကို ကျင်းပခွင့်မပြုဘူးလို့ ထုတ်ပြန်ထားပါတယ်။

Related posts

အာရက္ခတပ်တော်ကို ဂုဏ်သိက္ခာကျဆင်းစေဖို့ အဓိကရည်ရွယ်ထားတဲ့ Fortify Rights ရဲ့ ထုတ်ပြန်ချက်ကို AA ကန့်ကွက်ရှုတ်ချ

Rakhita Times

စာသင်ကျောင်းတွေနဲ့ ကမ္ဘာရွာ

Rakhita Times

ရက္ခိုင်မှာ မိုးဆက်ကြီးနိုင်

Rakhita Times

Leave a Comment