NewsPolitic

AA အပါ ညီနောင်မဟာမိတ်အဖွဲ့ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို ဖျက်ဆီး

အာရက္ခတိုင်းမ်စ် (၂၆ ဇွန် ၂၀၂၆)

ဇွန်လ ၂၆ ရက်မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် အာရက္ခတပ်တော် အပါအဝင် ညီနောင်မဟာမိတ်အဖွဲ့ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို ဒီကနေ့ (ဇွန် ၂၆) မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ အခမ်းအနားကို ညီနောင်မဟာမိတ်အုပ်ချုပ်ရေးဒေသ၊ မူဆယ်မြို့နယ်၊ မိုင်းယု ၁၀၅ မိုင်တွင် ကျင်းပပြုလုပ်ခဲ့တာလို့ သိရပါတယ်။

“၂၀၂၅ ခုနှစ် တစ်နှစ်အတွင်း ဖမ်းဆီးရမိခဲ့တဲ့ ဘိန်းဖြူ၊ ရာမ နဲ့ ခါခူး အမျိုးအစား သိန်း ၂၀၀ နီးပါးတန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကို အများပြည်သူရှေ့မှာ မီးရှို့ ဖျက်ဆီးခဲ့တာ” လို့ မူဆယ်မြို့နယ်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

မူးယစ်ဆေးဝါး သုံးစွဲခြင်းဟာ လူ့အသိုင်းအဝိုင်းတစ်ခုလုံးကို ပျက်စီးစေတဲ့ အရာဖြစ်တဲ့အတွက် လူငယ်များအနေနဲ့ မသုံးစွဲကြရန်နဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရာတွင် ညီနောင်မဟာမိတ်အဖွဲ့နဲ့အတူ ပူးပေါင်း ပါဝင်ပေးကြရန် အာရက္ခတပ်တော် မီးနဂါးစစ်ဒေသက ရဲမှူးတစ်ဦးက ပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။

အဆိုပါအခမ်းအနားကို ညီနောင်မဟာမိတ်များဖြစ်ကြတဲ့ ကိုးကန့်တပ်မတော် – MNDAA၊ အာရက္ခတပ်တော် – AA နဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဒေသခံများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများအပါအဝင် ပရဟိတအဖွဲ့များပါ တက်ရောက်ခဲ့ကြတယ်လို့လည်း သိရပါတယ်။

ဓာတ်ပုံ- မိုင်းယုသတင်း

Related posts

ရက္ခိုင်ရေဘေးဒဏ် ပြည်သူ ၁ သိန်းခန့် ကြုံတွေ့နေရ၊ မြောက်ဦးနဲ့ မင်းပြား အဆိုးဆုံး ရင်ဆိုင်နေရ

Rakhita Times

နတ်ရေကန်တိုက်ပွဲကို စကမရဲ့ မစခ-၉၀၅ က လက်နက်ပစ်ကူပြီး ရိက္ခာကို လေကြောင်းကနေပို့နေ

Rakhita Times

မလေးရှားဝန်ကြီးချုပ် စစ်ကောင်စီနဲ့ NUG တို့ကိုတွေ့ဆုံမှုက ဘာတွေထူးခြားနိုင်လဲ

Rakhita Times

Leave a Comment