NewsPolitic

ယာဉ်မတော်တဆမှု အများဆုံးဖြစ်တဲ့ မင်းပြားတွင် ယာဉ်အန္တရာယ်ကင်းစင်ရေး DLEPS လုပ်ဆောင်နေ

အာရက္ခတိုင်းမ်စ် (၂၁ အောက်တိုဘာ ၂၀၂၅)

ရက္ခိုင်ပြည် လွတ်မြောက်နယ်မြေဖြစ်ပြီး ယာဉ်မတော်တဆမှု အများဆုံးဖြစ်ခဲ့တဲ့ မင်းပြားမြို့တွင် ယာဉ်အန္တရာယ်ကင်းစင်ရေးအတွက် DLEPS တပ်ဖွဲ့ဝင်တွေ အရှိန်အဟုန်မြှင့် လုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။

“ အဓိကကတော့ လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်း လိုက်နာဖို့၊ ဆိုင်ကယ်တစီးမှာ လူနှစ်ယောက်ထပ် ပိုမစီးရ၊ ဆိုင်ကယ် ဦးထုပ် ဆောင်းဖို့ စတာတွေကို အသိပညာပေးတွေ ပိိုလို့ လုပ်ဆောင်ပေးနေပါတယ်” လို့ မင်းပြားမြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

DLEPS တပ်ဖွဲ့ဝင်တွေအနေနဲ့ အသိပညာပေးတွေ ကနဦးလုပ်ဆောင်နေပြီး မလိုက်နာပါက အရေးယူမှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်း သိရပါတယ်။

“ အခုတော့လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်း မလိုက်နာတဲ့သူတွေကို ခံဝန်တွေထိုးခိုင်းတယ်။ နောက်တစ်ခါ ထပ်ပြီးတော့ စည်းကမ်းချိုးဖောက်ရင် ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့လည်း သတိပေးပါတယ်” လို့ နောက်ထပ် မင်းပြားမြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ရက္ခိုင်ပြည် မင်းပြားမြို့နယ်မှာ ၂၀၂၅ခုနှစ် ဇန်နဝါရီလကနေ ဒီကနေ့အထိ ယာဉ်မတော်တဆမှုကြောင့် ပြည်သူ ၉ ဦးသေဆုံးခဲ့ပြီး ၂၁ ဦးထပ်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

Photo – APM

Related posts

ကျောက်တော်က ကိုယ်ပိုင်ကျောင်းကို စကမ ဗုံးကြဲလို့ ကျောင်းသား/သူ ၁၈ ဦး သေဆုံး၊ ၂၀ ကျော် ပြင်းထန်ဒဏ်ရာရ

Rakhita Times

မင်းပြားတွင် အမျိုးသား တဦး ရေနစ်သီဆုံး

Rakhita Times

AA ရဲ့ ထိုးစစ်ကြောင့် ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော် ဖမ်းမိ

Rakhita Times

2 comments

Leave a Comment