အာရက္ခတိုင်းမ်စ် (၈ နိုဝင်ဘာ ၂၀၂၅)
ရက္ခိုင်ပြည် မင်းပြားမြို့ကို စစ်ကော်မရှင်က နိုဝင်ဘာလ ၇ ရက် ည ၈ နာရီခန့်က ဗုံးကြဲတိုက်ခိုက်ခဲ့လို့ သေဆုံးသူ ပြည်သူ ၅ ဦး အထိ ရှိလာနေပြီလို့ သိရပါတယ်။
“ မနေ့ညက ၄ ယောက် သေတယ်။ ဒီနေ့ မနက်ကမှာ ကျောင်းသူ ၁ ယောက် သေနေတာကို ထပ်တွေ့တယ်” လို့ မင်းပြားမြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
ဒီကနေ့ မနက်မှာ သေဆုံးလျက် တွေ့ရှိသူမှာ မင်းပြားမြို့ ဥက္ကာပျံရပ်ကွက်က အသက် ၁၅ နှစ် အရွယ် ကျောင်းသူတဦးဖြစ်သူ မသိင်္ဂီကျော် ဖြစ်တယ်လို့ သိရပါတယ်။
“ ကလေးမလေးက ဥက္ကာပျံမှာနေတာ၊ မြို့သစ်ရပ်ကွက်က သူ့သူငယ်ချင်းဆီ လာပြီး စာအတူတူ ကျက်နေတာ။ ညကတည်းက ရှာတာ မတွေ့ဘူး။ မနက်ကျမှ သူ့ ခန္ဓာကိုယ် အပိုင်းအစတွေ တွေ့မှ ကလေးမ ဆုံးမှန်း သိကြတာ” လို့ မင်းပြားမြို့ နောက်ထပ် ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
နိုဝင်ဘာလ ၇ ရက်က စစ်ကော်မရှင်ဗုံးကြဲမှုကြောင့် ကနဦးသေဆုံးခဲ့တဲ့ ပြည်သူ ၄ ဦးမှာ မင်းပြားမြို့ မြို့သစ်ရပ်ကွက်က အသက် ၄၆ နှစ် အရွယ် ဦးမောင်သန်းဌေး၊ မင်းပြားမြို့ ဥက္ကာပျံရပ်ကွက်က အသက် ၁၇ နှစ် အရွယ် မခိုင်စန်းရွှေ၊ မင်းပြားမြို့ကို စစ်ဘေးရှောင်လာရောက်နေတဲ့ မြေပုံမြို့နယ် အလယ်ကျွန်းရွာက အသက် ၅၃ နှစ် အရွယ် ဦးဦးမောင်သန်း နဲ့ သားဖြစ်သူ အသက် ၃၀ အရွယ် ကိုသန်းမောင်ဌေး ဖြစ်တယ်လို့ သိရပါတယ်။
စစ်ကော်မရှင်ရဲ့ ဗုံးကြဲမှုကြောင့် မင်းပြားမြို့ မြို့သစ်ရပ်ကွက်ရှိ ဦးသိန်းဇော်၊ ဒေါ်ဦးခင်စော၊ ဦးဘသိန်း၊ ဒေါ်မချေ၊ ဒေါ်မေသိန်းအေး၊ ဒေါ်စိုးမိုးဌေးတို့ နေအိမ် ၆ လုံး ပျက်စီးခဲ့ပြီး ဆိုင်ခန်း ၂ ခန်းလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

1 comment
Sprawdz poradnik kamera do drona fpv, jesli szukasz najlepszych wskazowek przy wyborze kamery FPV na start.
Wybierajac kamere FPV, kieruj sie nie tylko danymi technicznymi, ale i doswiadczeniami z testow terenowych.