NewsPolitic

အကြမ်းဖက်စစ်တပ်က ပုဏ္ဏားကျွန်းနဲ့ ပေါက်တောကို ထပ်မံဗုံးကြဲ အမျိုးသမီးနှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရ

အာရက္ခတိုင်းမ်စ် (၈ အောက်တိုဘာ ၂၀၂၅)

အကြမ်းဖက်စစ်ကော်မရှင်တပ်ဟာ ဒီနေ့ နေ့လယ် ၂ နာရီကျော်အချိန်မှာလည်း ပုဏ္ဏားကျွန်းမြို့နယ်နဲ့ ပေါက်တောမြို့တို့ကို ဗုံးကြဲခဲ့တယ်လို့ သိရပါတယ်။

ဗုံးကြဲမှုကြောင့် ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်သံခြေကျေးရွာမှ အမျိုးသမီးနှစ်ဦးသေဆုံးပြီး နောက်ထပ်အမျိုးသမီးတစ်ဦးဒဏ်ရာရရှိသွားသလို ပေါက်တောမြို့မ (အ.ထ.က) စာသင်ကျောင်းအနီးကိုလည်း ဗုံးကြဲခဲ့မှုကြောင့် အမျိုးသားတစ်ဦး ဒဏ်ရာရရှိသွားတယ်လို့ သိရှိရပါတယ်။

ကျောက်သံခြေကျေးရွာသို့ ဗုံးကြဲမှုတွင် လူနေအိမ် (၃) ဆောင်ခန့် ပျက်စီးသွားကြောင်းလည်း သိရှိရပါတယ်။

အကြမ်းဖက် စစ်တပ်ဟာ ယမန်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ်ကျေးရွာနဲ့အောင်ဖြူပြင်ကျေးရွာကို ဗုံးကြဲခဲ့သလို့ မင်းပြားမြို့ကိုလည်း ဗုံးကြဲခဲ့ပါတယ်။

ထိုသို့ ဗုံးကြဲမှုဖြစ်စဉ်ကြောင့် ယမန်နေ့ တစ်

ရက်တည်းမှာ အရပ်သားပြည်သူ (၁၀) ဦးသေဆုံးပြီး (၂၀) နီးပါး ဒဏ်ရာရရှိသွားခဲ့ပါတယ်။

Related posts

အာရက္ခတိုင်းမ်စ်သတင်း ပေါ့စ်ကပ်စ် (၁၄ သြဂုတ် ၂၀၂၅)

Rakhita Times

ကျောက်ဖြူမှာ အစိုးရဝန်ထမ်းတွေက သူဌေးဖြစ်ပြီး လူထုက ဆင်းရဲနေ

Rakhita Times

သံတွဲ ကြံ့ခိုင်ရေး နှင့် စစ်သားစုဆောင်းရေးရုံး ကို စစ်ကောင်စီ ဗုံးကျဲ၊ ကလေးတစ်ဦး ထိခိုက်ဒဏ်ရာရ

Rakhita Times

1,088 comments

Leave a Comment