NewsPolitic

ကျောက်ဖြူမှာ အစိုးရဝန်ထမ်း များတဲ့အတွက် ရွေးကောက်ပွဲတွင် ကြံ့ဖွံ့အားသာနိုင်

အာရက္ခတိုင်းမ်စ် (၁၃ နိုဝင်ဘာ ၂၀၂၅)

စစ်ကော်မရှင်က ရွေးကောက်ပွဲ ကျင်းပပြုလုပ်မယ့် မြို့နယ်တွေထဲ ပါဝင်နေတဲ့ ရက္ခိုင်ပြည်၊ ကျောက်ဖြူ မြို့နယ်မှာ အစိုးရဝန်ထမ်းတွေ များတဲ့အတွက် စစ်သားဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က အားသာနိုင်တယ်လို့ ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“ကျောက်ဖြူမှာက လူဦးရေက မရှိတော့ဘူးလေ။ အရင်က NLD ပါတီတို့ ဟိုပါတီ၊ ဒီပါတီတို့ ဆိုတာတွေက အခု လက်ရှိအနေအထားမှာ အရင်ကတည်းကနေ ၂၀၁၀-၂၀၁၅ ရတုန်းက လွှတ်တော်ကိုယ်စားလှယ်တွေ တော်တော်များများလည်း ကျမ တွေ့တယ်။ ဒါပေမယ့် ရက္ခိုင်ပါတီတွေက ရက္ခိုင်ကိုယ်စားပြု ပါတီတွေလို့ပဲ ဆိုရမှာပေါ့။ သူတို့က ကျောက်ဖြူမြို့မှာ အားကောင်း မောင်းသန် မရှိတော့ဘူး။ သူတို့က ပါတီကို ကြည့်တာ မဟုတ်ဘူး။ လူကိုပဲ ကြည့်ပြီး ရွေးနေကြတာ ပြည်သူတွေကလေ။ ပါတီကို မကြည့်ဘူး။ လူကိုပဲ ကြည့်တာ၊ မူကို မကြည့်တော့ဘူးလေ။ ပြီးတော့ ဝန်ထမ်းတွေ များတဲ့အခါတော့ ကျမ အမြင်မှာတော့ ကြံ့ခိုင်ရေးတွေ အားသာမယ်လို့ ထင်တယ်” လို့ သူက ပြောပါတယ်။

စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲ မကျင်းပဖြစ်တဲ့ မြို့နယ်တွေ ထုတ်ပြန်ကြေညာမှုမှာ လက်ရှိ အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ နယ်မြေတွေဖြစ်တဲ့ ပလက်ဝ အပါအဝင် ၁၅ မြို့နယ်ရှိတဲ့အထဲ ၁၁ မြို့နယ်သာ ပါဝင်ပြီး ကျန် ၄ မြို့နယ် မပါဝင်ပါဘူး။

ရက္ခိုင်ပြည်ထဲ ရွေးကောက်ပွဲ မလုပ်နိုင်တဲ့ မြို့နယ်တွေကတော့ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ရမ်းဗြဲ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မြောက်ဦးမြို့နယ်တို့ အပြင် ပလက်၀မြို့နယ်တို့ ဖြစ်ကြပြီး အမ်း၊ တောင်ကုတ်၊ သံတွဲနဲ့ ဂွမြို့တို့ မပါဝင်ပါဘူး။

အာရက္ခတပ်တော် သိမ်းပိုက်ထားတဲ့ မြို့နယ် ၁၁ ခုမှာ ရွေးကောက်ပွဲ မကျင်းပဘူးလို့ ကြေညာတာ ဖြစ်တဲ့အတွက် ကျန်မြို့နယ် (၄) ခုမှာ ကျင်းပမယ်ဆိုတဲ့ သဘောမျိုး ဖြစ်နေပါတယ်။

လက်ရှိတွင် ဒီဇင်ဘာလ ၂၈ ရက်မှာ စတင် ကျင်းပမယ့် ရွေးကောက်ပွဲ အပိုင်း (၁) ကို ရက္ခိုင်ပြည် ကိုယ်စားပြု အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ကြမယ့် ပါတီ ၆ ပါတီ ရှိပါတယ်။

အဲဒီ ပါတီတွေကတော့ ဒေါက်တာအေးမောင် ဦးဆောင်တဲ့ ရခိုင့်ဦးဆောင်ပါတီ၊ ဦးဘရှိန် ဦးဆောင်တဲ့ ရခိုင် တိုင်းရင်းသားများပါတီ၊ ရခိုင်ပြည်နယ်အမျိုးသား အင်အားစုပါတီ၊ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ မြိုတိုင်းရင်းသားပါတီနဲ့ မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီတို့ ဖြစ်ကြပါတယ်။

လက်ရှိ နယ်မြေအနေအထားအရ ရွေးကောက်ပွဲကို ကျောက်ဖြူမြို့ပေါ်လောက်မှာပဲ လုပ်နိုင်မယ်လို့ ကျောက်ဖြူဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ကတော့ ပါတီတွေကတော့ များတာပေါ့။ အခုကတော့ ပါတီတွေများတဲ့ အခါကြတော့ ရွေးကောက်ပွဲ လုပ်မယ်ဆိုပြီးတော့ ရွေးကောက်ပွဲကတော့ ကျောက်ဖြူမြို့ အတိုင်းအတာ မှာကတော့ ဖြစ်မယ်လို့ ထင်တယ်။ ဒါပေမယ့် ဘယ်သူ့ကို ပေးရမယ်ဆိုတာကတော့ ပြည်သူရဲ့ ရွေးချယ်ပိုင်ခွင့် ပဲပေါ့လေ။ အများကြီး သိတယ်။ ကျောက်ဖြူမှာကလေ မြို့ပေါ်လောက်ပဲရမှာ။ နယ်တွေကို ရမှာမဟုတ်ဘူး။ နယ်တွေကို သွားလို့ရမယ့် ပုံစံမျိုး ရှိမနေတဲ့ အခါကြတော့ သူတို့ အများကြီးသိတယ်” လို့ သူက ပြောပါတယ်။

ကျောက်ဖြူမြို့နယ်မှာ ပြင်းထန်လာတဲ့ စစ်ရေး အခြေအနေတွေကြောင့် ကျေးရွာပေါင်း ၁၅ ရွာထက်မနည်း စစ်ဘေး တိမ်းရှောင်နေရတယ်လို့ ကူညီပေးနေသူတွေဆီက သိရပါတယ်။

ကျောက်ဖြူမြို့နယ်မှာ ရွေးကောက်ပွဲ ကျင်းပဖို့ ရည်ရွယ်ထားတာဖြစ်ပြီး နယ်မြေစိုးမိုးမှု ပိုမိုရရှိနိုင်ဖို့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက်နေ့ကတည်းက မြို့ဝန်းကျင်မှာ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတာကြောင့် AA နဲ့ တိုက်ပွဲ ပြင်းထန်နေတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

Related posts

ရှေးဟောင်းပစ္စည်း အပ်နှံခဲ့တဲ့ မြေးအဖိုးကို AA ဆုချီးမြှင့်

Rakhita Times

ပေါက်တောမြို့နယ်က ရေလုပ်သားမွတ်ဆလင် ၂၈ ဦးကို စကမ ဖမ်းဆီး

Rakhita Times

ရက္ခိုင်အမျိုးသမီး မစိုးစံသူ ပိုင်ဆိုင်တဲ့ တိုက်ခန်းနဲ့ပတ်သက်ပြီး မနက်ဖြန် အမိန့်ချမယ်

Rakhita Times

1 comment

Ernestdeern စက်တင်ဘာ 10, 2026 at 7:41 မနက်

В клинике используются медикаментозные, психотерапевтические и комбинированные методы. Метод кодирования определяется индивидуально. Врач учитывает возраст, стадию алкоголизма, результаты диагностики, длительность зависимости и прежний опыт лечения. Один метод основан на использовании дисульфирама, другой предполагает применение налтрексона, третий связан с психотерапией и гипнозом. Современное лечение алкоголизма позволяет сочетать несколько направлений, если это оправдано состоянием человека.
Ознакомиться с деталями – centr-kodirovaniya-ot-alkogolizma

Reply

Leave a Comment