NewsPolitic

လေးမျက်နှာမြို့နယ်က စကမ စခန်းအချို့ AA ထပ်မံသိမ်းဆည်း ရမိ

အာရက္ခတိုင်းမ်စ် (၂၈ နိုဝင်ဘာ ၂၀၂၅)

ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ်က စစ်ကော်မရှင်ရဲ့ စခန်းအချို့ကို အာရက္ခတပ်တော်နဲ့ ပူးပေါင်းမဟာမိတ်အဖွဲ့တို့ ထပ်မံ သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ သဲနုကုန်းရွာနားက စစ်ခွေးတွေရဲ့ စခန်းတွေကို သိမ်းလိုက်တာ၊ အသိမ်းခံလိုက်ရတော့ ညဘက်ဆို လေယာဉ်နဲ့လာပြီး ဗုံးတွေ လာလာကြဲတယ်။ တိုက်ပွဲက တော်တော်လေးကို ပြင်းထန်ပုံရတယ်။ နေ့ရော ညရော အသံတွေကြားနေရတယ်” လို့ လေးမျက်နှာမြို့နယ်ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အာရက္ခတပ်တော်နဲ့ ပူးပေါင်းမဟာမိတ်အဖွဲ့တွေဟာ ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ် သဲနုကုန်းရွာအနီးက စစ်ကော်မရှင်ရဲ့ စခန်းအချို့ကို နိုဝင်ဘာလ ၂၆ ရက်က သိမ်းလိုက်နိုင်တာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“ အခုက တိုက်ပွဲဖြစ်နေတဲ့ အနီးအနားက ပြည်သူတွေကို ဘေးလွတ်ရာမှာ ခဏရှောင်နေကြဖို့ တော်လှန်ရေးဘက်သူတွေ လာအသိပေးထားတော့ ဘေးလွတ်ရာကို ရှောင်နေကြတယ်။ လေယာဉ်နဲ့ ဒရုန်းပဲ ကြောက်နေရတယ်။ အပေါ်ကနေ ခဏ ခဏ ပျံဝဲနေတာ” လို့ သူက ထပ်မံ ပြောပါတယ်။

အာရက္ခတပ်တော်နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေဟာ ၂၀၂၅ ခုနှစ် မတ်လကတည်းက ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ်က စက်စက်ယိုကျေးရွာအပါအဝင် စစ်ကော်မရှင်ရဲ့ တပ်စခန်းအချို့ကို သိမ်းပိုက်ထားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

စစ်ရေးအရ ရှုံးနိမ့်နေတဲ့ စစ်ကော်မရှင်ဟာ အောက်တိုဘာလ၂၃ရက်က လေးမျက်နှာမြို့နယ် စပြင်ကျေးရွာကို လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သား ၂၄ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ် စက်စက်ယို၊ ချင်းလယ်ရွာနဲ့ သာပေါင်းမြို့နယ် သာပေါင်းကလေးကျေးရွာပတ်ဝန်းကျင်မှာ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ အာရက္ခတပ်တော်က နိုဝင်ဘာလ ၁၁ရက် မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

တိုက်ပွဲဖြစ်ပွားနေတဲ့ လေးမျက်နှာ နဲ့ သာပေါင်းမြို့နယ်တွေမှာ တပ်မ (၆၆) လက်အောက်ခံ တပ်ရင်းတွေဖြစ်တဲ့ ခမရ (၄)၊ ခမရ (၅)၊ ခမရ (၆)၊ ခမရ (၁၀)၊ ခလရ (၃၅)၊ ခလရ (၈၀) နဲ့ အနောက်တောင်တိုင်းစစ်ဌာနချုပ် ပုသိမ်လက်အောက်ခံ တပ်ရင်းတွေဖြစ်တဲ့ ခလရ (၆၃)၊ ခလရ (၂၇၁) တို့ ရှိတယ်လို့လည်း အာရက္ခတပ်တော်က ထုတ်ပြန်ထားပါတယ်။

Related posts

ကျောက်ဖြူမှာ အစိုးရဝန်ထမ်းတွေက သူဌေးဖြစ်ပြီး လူထုက ဆင်းရဲနေ

Rakhita Times

သူနာပြုများရဲ့ စွမ်းဆောင်ရည် ပိုမိုမြင့်မားလာစေရန် အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ပံ့ပိုးသွားမည်

Rakhita Times

မောင်တောနယ် တမန်းသားရွာက ရွာသား ၅ ဦးပျောက်နေ

Rakhita Times

9 comments

mostbet_fcoi မေ 14, 2026 at 9:45 ညနေ

mostbet depunere cu card http://mostbet41079.help/

Reply
1win_ehKt မေ 15, 2026 at 12:09 မနက်

1win latest promo code https://www.1win3003.mobi

Reply
1win_rrKt မေ 15, 2026 at 12:10 မနက်

1win deposit match bonus http://1win3003.mobi/

Reply
mostbet_uyPa မေ 15, 2026 at 1:07 မနက်

mostbet cash out mostbet cash out

Reply
mostbet_klPa မေ 15, 2026 at 1:15 မနက်

mostbet aplicatie android apk mostbet aplicatie android apk

Reply
mostbet_vzMr မေ 15, 2026 at 1:37 မနက်

mostbet obejití blokace mostbet87124.help

Reply
mostbet_juMr မေ 15, 2026 at 6:16 မနက်

mostbet promo kód nefunguje mostbet promo kód nefunguje

Reply
1win_xbMi မေ 15, 2026 at 6:33 မနက်

1win Apelsin depozit 1win39427.help

Reply
melbet_gbSi မေ 15, 2026 at 8:17 မနက်

melbet dépôt moov ci melbet62913.help

Reply

Leave a Comment