NewsPolitic

ရက္ခိုင်တွင် စကမ ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ၁ လအတွင်း ပြည်သူ ၃၈ ဦး သေဆုံး

အာရက္ခတိုင်းမ်စ် (၁ ဒီဇင်ဘာ ၂၀၂၅)

အကြမ်းဖက် စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်ကနေ နိုဝင်ဘာ ၂၈ ရက်နေ့အထိ ၁ လတာကာလအတွင်း ရက္ခိုင်ပြည်သူ ၃၈ ဦး သေဆုံးခဲ့တယ်လို့ ရက္ခိုင်အရေးပေါ် ထောက်ပံ့ရေးအသင်း ARE ရဲ့ စာရင်းအရ သိရပါတယ်။

အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ ရက္ခိုင်ပြည်က ကျောက်ဖြူ၊ မင်းပြား၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ပေါက်တောနဲ့ ဂွမြို့နယ်တွေကို အကြမ်းဖက်စစ်ကော်မရှင်က လေကြောင်းကနေ နေ့စဥ်နီးပါး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး အပြစ်မဲ့အရပ်သားပြည်သူ ၃၈ ဦး သေဆုံးပြီး ၇၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြပါတယ်။

သေဆုံးသူတွေထဲမှာ ပုဏ္ဏားကျွန်းမြို့နယ်က ၁၃ ဦးနဲ့ အများဆုံးဖြစ်ပြီး ကျောက်ဖြူမြို့နယ်က ၁၀ ဦး၊ မင်းပြားက ၅ ဦး၊ ကျောက်တော်က ၇ ဦး၊ ပေါက်တော၊ ရသေ့တောင်နဲ့ ဂွမြို့နယ်က ၁ ဦးစီ ဖြစ်ပါတယ်။

အဲဒီထဲကမှ အသက် ၄ နှစ်ကနေ ၁၇ နှစ်အရွယ် အသက် ၁၈ နှစ်အောက် ကလေးငယ် ၁၁ ဦး ပါဝင်ပါတယ်။

လက်ရှိမှာ ထိခိုက်နစ်နာသူ ၁၀၀ ကျော်မှာ အရေးပေါ်ဆေးကုသမှုခံယူနေရပြီး ပြန်လည်ထူထောင်ရေးနဲ့ အခြေခံ စားဝတ်နေရေးတွေ အပူတပြင်း လိုအပ်လျှက်ရှိ​နေတာ ဖြစ်ပါတယ်။

Related posts

ရဲကို ဒီလပ် လို့ AA ပြောင်းသုံး

Rakhita Times

မတ်လ ၂ ရက် လွတ်ငြိမ်းတွင် ရက္ခိုင်တွင် နိုင်ကျဉ်း နှစ်ဦးသာပါ

Rakhita Times

ကပစ ၁၆ ကို စစ်ကူပို့တဲ့ စစ်သား အများအပြား ထွက်ပြေး၊ AA ဆီ လက်နက်ချ အလင်းဝင်

Rakhita Times

2 comments

fugu_fvMl မတ် 1, 2026 at 4:15 မနက်

Для безопасной игры и получения бонусов посетите фугу казино бонус.
Здесь собраны лучшие игры с простым интерфейсом и высокой отдачей.

Reply
fugu_otMl မတ် 1, 2026 at 4:15 မနက်

Для безопасной игры и получения бонусов посетите фугу казино вход.
На сайте новичков ждут выгодные бонусные предложения и удобный личный кабинет.

Reply

Leave a Comment