NewsPolitic

မတ်လ ၂ ရက် လွတ်ငြိမ်းတွင် ရက္ခိုင်တွင် နိုင်ကျဉ်း နှစ်ဦးသာပါ

အာရက္ခတိုင်းမ်စ် (၆ မတ်လ ၂၀၂၆)

မတ်လ ၂ရက်နေ့မှာ ပေးခဲ့တဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်မှာ ရက္ခိုင်ရှိ အကျဉ်းထောင်များမှ နိုင်ငံရေးအကျဉ်းသားနှစ်ဦးသာ ပါဝင်တယ်လို့ PPNM က ထုတ်ပြန်ခဲ့ပါတယ်။

အကျဉ်းထောင် (၃၉) ထောင်မှ နိုင်ငံရေးအကျဉ်းသား (၄၄၀၃) ဦး လွတ်မြောက်ခဲ့ပြီး သူတို့အနက် ရက္ခိုင်ပြည်၊ ကျောက်ဖြူအကျဉ်းထောင်မှ ကျား ၁ ဦး နဲ့ စစ်တွေအကျဉ်းထောင်မှ ကျား ၁ ဦး ပါဝင်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဆိုပါတယ်။

“ကျနော်တို့ PPNM က ရက္ခိုင်ဘက်က အကျဉ်းထောင်တွေနဲ့တော့ အဆက်သွယ် ပြတ်နေတယ်ပေါ့နော်။ ဒါပေမယ့် အခုလက်ရှိ ရရှိထားသမျှ အတည်ပြုထား အတည်ပြုနိုင်တဲ့ အရေအတွက်ကိုပဲ ကျနော်တို့ စာရင်းထည့်ထားတာ ဖြစ်ပါတယ်။ ကျန်တဲ့ အရေအတွက်တွေကတော့ စိစစ်ရဦးမှာ ဖြစ်ပါတယ်ရှင့်” လို့ PPNM က တာဝန်ရှိသူတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အဆိုပါ စာရင်းဟာ ဒီကနေ့ မတ်လ ၄ ရက်၊ ည ၈နာရီ အထိ စုံစမ်းအတည်ပြုထားတဲ့ စာရင်းဖြစ်တယ်လို့လည်း PPNM က ထုတ်ပြန်ထားပါတယ်။

တပေါင်းလပြည့်နေ့နဲ့ တောင်သူလယ်သမားနေ့ အထိမ်းအမှတ်အဖြစ် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅ဝ (ည) နဲ့ ပုဒ်မ ၅၂ (က) အရ ပြစ်မှုကျူးလွန်ပြီး အကျဉ်းထောင်/အချုပ်ထောင်/စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိတဲ့ အကျဉ်းသား/အကျဉ်းသူ ၇၃၃၇ ဦးကို ပြစ်ဒဏ် လွတ်ငြိမ်းခွင့် ပြုခဲ့တာလည်း ဖြစ်ပါတယ်။

Related posts

အာရက္ခအားမာန် ရဲဘော် ကျော်ဟန် အပိုင်း ၃၈ (ဒုတိယပိုင်း)

Rakhita Times

မင်းတုန်းဖြစ်စဉ် သေဆုံးသူထဲတွင် စည်ပင်ဝန်ကြီးဟောင်း ဦးဝင်းမြင့် ဖခင်ပါဝင်

Rakhita Times

အမြင့်ကျွန်းရှိ စစ်ကောင်စီရဲ့ စခန်းနှစ်ခုနဲ့ ရေချမ်းပြင်ရှိ ကင်းစခန်းငယ်ကို AA သိမ်းပိုက်ရရှိ

Rakhita Times

33 comments

Leave a Comment