BusinessNewsPolitic

စကမ ထိန်းချုပ်ထားတဲ့ မြို့သုံးမြို့မှာ ကြက်သွန်အပြင် စက်သုံးဆီပါ ဈေးမြင့်နေ

အာရက္ခတိုင်းမ်စ် (၂၀ ဒီဇင်ဘာ ၂၀၂၅)

စစ်ကော်မရှင် ထိန်းချုပ်ထားတဲ့ ရက္ခိုင်ပြည်က မြို့သုံးမြို့မှာ ကြက်သွန်အပြင် စက်သုံးဆီဈေးနှုန်း‌ပါ မြင့်တက်ဆဲဖြစ်တယ်လို့ ‌‌ဒေသခံတွေက အာရက္ခတိုင်းမ်စ်ကို ဆိုပါတယ်။

ရက္ခိုင်ပြည်ရှိ မာ‌န်အောင်၊ ကျောက်ဖြူ နဲ့ စစ်တွေမြို့တွေကို လက်ရှိမှာ စစ်ကော်မရှင်က ထိန်းချုပ်ထားတာပဲ ဖြစ်ပါတယ်။

အဆိုပါ မြို့တွေမှာ အခြေခံစားသောက်ကုန်များ အားလုံးနီးပါး ဈေးတက်လျက်ရှိကာ အထူးသဖြင့် ကြက်သွန်နီ၊ ကြက်သွန်ဖြူ စတာတွေကို ၁ ပိဿာကို ၁ သောင်းခန့် ပေးဝယ်နေရပြီး စက်သုံးဆီအနေနဲ့လည်း 92 ၁ လီတာကို ၁ သောင်းကျော် ပေးဝယ်သုံးနေရတယ်လို့ မာန်‌အောင်မြို့ဒေသခံတဦးက ဆိုပါတယ်။

“ အခြေခံ စားသောက်ကုန် အားလုံး ဈေးကြီးပါတယ်။ ကျနော်တို့ ကြက်သွန် ၁ ပိဿာဆိုလို့ရှိရင် အကြမ်းအားဖြင့် ကျနော်တို့ ဒီမှာ ကြက်သွန်အနီတောင်မှ ၁ သောင်း ရှိနေတယ် ၁ ပိဿာကိုလေ။အဖြူဆိုလို့ရှိရင် ၂ သောင်း၊၂ သောင်းခွဲ၊ အရင်တုန်းကဆိုရင် ၄၊ ၅၊ ၆ သောင်းထိ ပေးရတယ်။ ပေးပြီး ဝယ်ရတယ်။ ဒါ ကျနော်တို့ ဒီမှာ ကြက်သွန်ပိုင်းဆိုင်ရာပေါ့။ တခြား အထွေထွေပစ္စည်းတွေလည်း အကုန် ဈေးကြီးပါတယ်။ အခက်အခဲ အကုန်ကြုံပါတယ်။ စက်သုံးဆီဈေးနှုန်းဆိုရင် အခု တလီတာကို ဒီမှာ ၁ သောင်းခွဲလောက် ရှိတယ်။ 92 ၁ လီတာကိုလေ။ ကျနော်တို့ ဒီမှာ ကုန်ပစ္စည်းဆိုရင် တပိဿာ ကို ၆ ထောင်လောက် ပေးရတယ်။ transport စရိတ် ၁ ပိသာ ၆ ထောင်။ ၃ ထောင်ကနေ ၆ ထောင်အထိ ပေးရတာပေါ့နော်။ ပြောရမယ်ဆိုလို့ရှိရင်‌‌ ကျွန်တော်တို့မှာ အထွေထွေ‌ ဈေးကြီးပေမယ့် ဘာမှ လုပ်လို့မရတာကို။ နိုင်ငံရေးအနေအထားက ဒီလို ဖြစ်နေတာကို။ ကျနော်တို့ဘက်ခြမ်းကျ ဈေးကြီးနေတယ်။ ၃မြို့နယ် ဈေးကြီးတာပေါ့။ စစ်တွေလည်း ဈေးကြီးတယ်၊ကျောက်ဖြူလည်း ဈေးကြီးတယ်၊ မာန်အောင်လည်း ဈေးကြီးပါတယ်” လို့ သူက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ကော်မရှင် ထိန်းချုပ်ထားတဲ့ မြို့တွေကို လေကြောင်းမှ ကုန်သယ်ယူရန် လေယာဉ်အလာမရှိသလို ကုန်တင်သင်္ဘောလည်း တလကို နှစ်ခေါက်ခန့်ပဲ ရှိတာဖြစ်တဲ့အတွက် အခုလို ဈေးမြင့်မားနေပြီး အခြေခံလူတန်းစားများအနေနဲ့ စီးပွားရေး မပြေလည်မှုနဲ့အတူ စားဝတ်နေရေး ကြပ်တည်းနေကြတာပဲ ဖြစ်ပါတယ်။

Related posts

စစ်တွေမှာ ပြုလုပ်တဲ့ ရခိုင်ပြည်နယ်နေ့ကို ဦးဇော်အေးမောင် နဲ့ ဒေါ်အေးနုစိန် တက်ရောက်

Rakhita Times

ကျောက်ဖြူကို စကမ လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း မီးလောင်ပျက်စီး

Rakhita Times

ရက္ခိုင်မှာ ULA/AA က ဒေသန္တရအမိန့် ထပ်ထုတ်

Rakhita Times

6 comments

Leave a Comment