NewsPolitic

ငပလီကမ်းခြေကနေ စစ်ကောင်စီနေဗီ ၃ စီး မြင်နေရလို့ ဒေသခံတွေ စိုးရိမ်နေ

အာရက္ခတိုင်းမ်စ် (၂၁ ဇူလိုင် ၂၀၂၅)

ရက္ခိုင်ပြည် သံတွဲမြို့နယ် ငပလီကမ်းခြေကနေ စစ်ကောင်စီရဲ့ နေဗီ ၃ စီး မြင်နေရလို့ ဒေသခံတွေ စိုးရိမ်ပူပန်နေကြတယ်လို့ သိရပါတယ်။

“မောင်ရွှေလေးဖက်မှာ နေဗီတွေကို ဒီဖက်ကနေ ပြပြလေး လှမ်းမြင်နေရတော့ စိုးရိမ်နေကြတယ်။ လှမ်းများ ပစ်မလားဆိုပြီးတော့ပေါ့။ ကြောက်ပြီး တချို့လည်း တောတောင်တွေဖက် သွားနေကြတယ်” လို့ ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အလားတူ ဇွန်လ ပထမအပတ်ကလည်း ပင်လယ်ကမ်းရိုးတန်းတလျောက် လေပြင်းတိုက် မိုးသည်းထန်တဲ့အတွက် စစ်ကောင်စီရဲ့ နေဗီတွေဟာ ရက္ခိုင်ကမ်းရိုးတန်းအနီး ကပ်လာခဲ့ပါသေးတယ်။

“ရာသီဥတုကြောင့် ကမ်းနားကပ်လာတာ မသိပေမယ့် မြင်နေရတော့ စိုးရိမ်စိတ် ဖြစ်မိတာကတော့ အမှန်ပဲ။ ပြီးတော့ ဒီရက်ပိုင်းထဲ အပေါ်ကနေလည်း (လေယာဥ်) ခဏ ခဏ ဝဲတော့ ထိန့်လန့်နေကြတာပေါ့” လို့ သူက ဆက်ပြောပါတယ်။

စစ်ကောင်စီရဲ့ ရေတပ်စခန်းဖြစ်တဲ့ မောင်ရွှေလေးရေတပ်စခန်းကို ၂၀၂၄ခုနှစ် စက်တင်ဘာလ ၆ ရက်က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တယ်လို့ အာရက္ခတပ်တော်က ထုတ်ပြန်ခဲ့ပါတယ်။

Related posts

စစ်ကောင်စီရဲ့ ပြည်သူအပေါ် ခြိမ်းခြောက်မှုမှန်သမျှကို သေချာစောင့်ကြည့်ပြီး တုန့်ပြန်သွားမယ်လို့ ဦးခိုင်သုခ ပြော

Rakhita Times

မောင်တောတွင် စကမ ထောင်ခဲ့တဲ့ မိုင်း ၂၂ လုံးကို AA ထပ်မံတူးဖော်ရရှိ

Rakhita Times

ရန်ကုန်က အုပ်ကြီးတွေ စက်သုံးဆီ ထုတ်ရောင်းနေ

Rakhita Times

191 comments

Leave a Comment