NewsPolitic

တအာင်းတော်လှန်ရေးနေ့ ဂုဏ်ပြုသဝဏ်လွှာပေးပို့လို့ ကျေးဇူးတင်တယ်လို့ TNLA ဆို

အာရက္ခတိုင်းမ်စ် (၁၅ ဇန်နဝါရီ ၂၀၂၆)

တအာင်းအမျိုးသားတော်လှန်ရေးနေ့မှာ ဂုဏ်ပြုသဝဏ်လွှာတွေ ပေးပို့ကြတဲ့ မဟာမိတ်အဖွဲ့အစည်းတွေ၊ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ နွေဦးတော်လှန်ရေး အဖွဲ့အစည်း အသီးသီးကို မှတ်တမ်းတင် ကျေးဇူးတင်တယ်လို့ တအာင်းတပ်မတော် (TNLA) က ဆိုပါတယ်။

ဇန်နဝါရီလ ၁၂ရက်မှာ ကျရောက်ခဲ့တဲ့ (၆၃) နှစ်ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့ အခမ်းအနားကို အာရက္ခတပ်တော် အပါအဝင် အဖွဲ့အစည်းတွေနဲ့ တပ်ပေါင်းစုအဖွဲ့ တွေက ဂုဏ်ပြု သဝဏ်လွှာ ပေးပို့ခဲ့တာလည်း ဖြစ်ပါတယ်။

“အာဏာရှင်စနစ်ကျဆုံးရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးတို့ အပါအဝင် တအာင်းတစ်မျိုးသားလုံး အဖိနှိပ်ခံဘဝလွတ်မြောက်ရေးနဲ့ တအာင်းပြည်နယ် တည်ဆောက်ရေးအတွက် တော်လှန်တိုက်ပွဲဝင်နေတဲ့ မိမိတို့ PSLF/TNLA အဖွဲ့အစည်းထံ မဟာမိတ်အဖွဲ့အစည်းများ၊ တော်လှန်ရေးအဖွဲ့အစည်းများနဲ့ နွေဦးတော်လှန်ရေး အဖွဲ့အစည်းအသီးသီးက ပေးပို့ကြတဲ့ ဂုဏ်ပြုသဝဏ်လွှာများကို မှတ်တမ်းတင်ထားပြီး အဆိုပါ အဖွဲ့အစည်းအသီးသီးကို အထူးကျေးဇူးတင်ရှိပါတယ်” လို့ TNLA က ဆိုပါတယ်။

(၆၃) နှစ်ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့ အခမ်းအနားကို သဝဏ်လွှာ ပေးပို့ခဲ့ကြတဲ့ အဖွဲ့တွေကတော့ မြန်မာနိုင်ငံအမှန်တရားနဲ့တရားမျှတသောအမျိုးသားပါတီ (MNTJP/MNDAA)၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA)၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာ စတာတွေ ဖြစ်ကြပါတယ်။

အလားတူ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော် (BPLA)၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၊ စစ်ကိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF//DPLA)၊ အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးအဖွဲ့ ကျောက်မဲခရိုင်၊ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (SRA)၊ ရှမ်းပြည်နယ်မြောက်ပိုင်းမဟာမိတ်တပ်တော် (N.S.S.A.A)၊ နိုင်ငံတကာရောက် တအာင်းအဖွဲ့အစည်း (ITC)၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC)၊ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)/ရာမညမွန်တပ်တော် (NMSP-AD/RMA)၊ တအာင်းပြည်ကောင်စီ (TLC)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် မိုးကုတ်ဗျူဟာ၊ ဗမာ့တပ်တော် (BAMAR ARMY)၊ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF) ၊ International Ta’ang Community (ITC)၊ ပြည်သူ့တော်လှန်ရေးတပ်ဦဲး (PRF) တို့ကလည်း ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။

(၆၃) နှစ်မြောက် တအာင်းအမျိုးသားတော်လှန်ရေးနေ့ အခမ်းအနားကို TNLA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မန်တုံမြို့မှာ ပြုလုပ်ခဲ့ပြီး အင်အား ၁၅၀၀ ကျော်နဲ့ စစ်ရေးပြခဲ့ပြီး အခမ်းအနားကို ပြည်သူ သောင်းချီ ပါဝင်ခဲ့တယ်လို့လည်း သိရပါတယ်။

Related posts

ARSA ခြုံခိုတိုက်ခိုက်၍ အမျိုးသမီး ၁ ဦးသေဆုံး အများအပြားထိခိုက် ဒဏ်ရာရ

Rakhita Times

မာန်အောင်မှာ တနေ့ ၂နာရီသာ လျှပ်စစ်မီးရရှိ

Rakhita Times

သာပေါင်းတိုက်ပွဲတွင် စကမတပ်သား တရာကျော်သေဆုံးနေ

Rakhita Times

3 comments

x7777game ဇန်နဝါရီ 31, 2026 at 2:54 ညနေ

Yo, x7777game is where it’s at! Been spinning those slots there for a while now and it’s always a good time. Solid platform, easy to use, and payouts are legit. Check it out! x7777game

Reply
linkow88 ဇန်နဝါရီ 31, 2026 at 2:54 ညနေ

Been playing on linkow88 for a bit now, and it’s not bad. The interface is clean, and I haven’t had any issues with payouts. Worth a look if you’re hunting for something new. linkow88

Reply
88isedguro ဇန်နဝါရီ 31, 2026 at 2:55 ညနေ

I recently gave 88isedguro a whirl. It’s a solid option with a decent selection of games. Good experience overall, and I’d recommend checking it out. 88isedguro

Reply

Leave a Comment