NewsPolitic

စစ်တွေနဲ့ ကျောက်ဖြူကို လေယာဉ်ပြေးဆွဲပေမယ့် ခရီးသွားရှားပါးနေ

အာရက္ခတိုင်းမ်စ် (၁၉ ဇန်နဝါရီ ၂၀၂၆)

ရက္ခိုင်ပြည် စစ်တွေနဲ့ ကျောက်ဖြူကို လေယာဉ်ပြေးဆွဲမှုတွေရှိပေမယ့် ခရီးသွားလာမှု ရှားပါးနေတယ်လို့ ခရီးသွားအေဂျင်စီတွေက ဆိုပါတယ်။

စစ်တွေနဲ့ ရန်ကုန်ကို နေ့စဉ် လေယာဉ်ပြေးဆွဲမှုရှိနေပြီး ကျောက်ဖြူဘက်ကိုတော့ လေယာဉ်ပြေးဆွဲမှု နေ့စဉ်မရှိဘူးလို့ သိရပါတယ်။

“ ထွက်တယ်။ ဈေးက စစ်တွေ – ရန်ကုန်ဆို အသက်သာဆုံးက ၄ သိန်း ၂ သောင်း။ နေ့တိုင်းရှိတယ်။ ကျောက်ဖြူဘက်ကတော့ နေ့တိုင်းမရှိဘူး။ ဒါပေမယ့် အသွားတော့ နည်းတယ်။ အမတောင် ကျောက်ဖြူဘက်ကို လက်မှတ်မဖြတ်တာ ကြာပြီ။ ၆ သိန်း နဲ့ ၁ သောင်း ရှိတယ် အရင်တုန်းကတော့။ ဈေးကလေ လေယာဉ်ကတော့ တစီးနဲ့တစီးတော့ မတူဘူး။ ဈေးက ၄ သိန်း ၂ သောင်း ရှိတယ်။ ၄ သိန်း ၈ သောင်းကျော် ရှိတယ်။ ၅ သိန်းကျော် ရှိတယ် အဲ့ဒီလိုမျိုးပေါ့။ စစ်တွေ-ရန်ကုန်ကတော့ ပုံမှန်လိုပါပဲ။ ရန်ကုန်-စစ်တွေပဲ တက်တာ။ အခုက ခရီးသွားတွေက အရင်ထပ်စာရင် သိပ်မရှိဘူး” လို့ ခရီးသွားအေဂျင်စီတခုက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

လက်တလောမှာတော့ ရက္ခိုင်ပြည်၊ စစ်တွေနဲ့ ကျောက်ဖြူမြို့ အပြင် ရက္ခိုင်ပြည် နယ်စပ်ဒေသ ၃ ခု မှာလည်း စစ်ကော်မရှင်နဲ့ အာရက္ခတပ်တော်တို့အကြား တိုက်ပွဲတွေ ပြင်းထန်‌လျက် ရှိပါတယ်။

အဆိုပါ တိုက်ပွဲများကြောင့် ‌ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေရပြီး ကျောက်ဖြူမြို့နယ်မှာ စစ်ဘေးရှောင် ၂၅,၀၀၀ ခန့်၊ ရမ်းဗြဲမြို့နယ်မှာ ကျောက်ဖြူ စစ်‌ဘေးရှောင် ၈၀၀၀ ခန့် နဲ့ တောင်ကုတ်မြို့နယ်မှာ ကျောက်ဖြူ စစ်ဘေးရှောင် ၅၀၀၀ ခန့် ရှိတယ်လို့ သိရပါတယ်။

Related posts

လင်းသာဗုံးကြဲမှုဖြစ်စဉ်မှ အသက် ၅၀ ကျော် အမျိုးသားတဦး ထပ်မံသေဆုံး

Rakhita Times

ARSA ခြုံခိုတိုက်ခိုက်၍ အမျိုးသမီး ၁ ဦးသေဆုံး အများအပြားထိခိုက် ဒဏ်ရာရ

Rakhita Times

အာရက္ခတိုင်းမ်စ်သတင်း ပေါ့စ်ကပ်စ် (၁၄ သြဂုတ် ၂၀၂၅)

Rakhita Times

Leave a Comment