NewsPolitic

စကမက စစ်သုံ့ပန်းများ နေရာကို ဗုံးကြဲ သေဆုံးသူများပြား

အာရက္ခတိုင်းမ်စ် (၂၀ ဇန်နဝါရီ ၂၀၂၆)

စစ်ကော်မရှင်က ယနေ့ ဇန်နဝါရီ ၂၀ ရက် ည ၇ နာရီဝန်းကျင်မှာ ယချောင်းတူ (ခ) ဆောင်းဒုံ  ကျေးရွာအနောက်ဘက် စစ်သုံ့ပန်းများ ထားတဲ့နေရာကို‌ ဗုံးကြဲခဲ့လို့ စစ်သုံပန်းများ ထိခိုက်သေဆုံးခဲ့တယ်လို့ အာရက္ခတပ်တော် AA ကထုတ်ပြန်ထားပါတယ်။

ရက္ခိုင်ပြည်၊ ကျောက်တော်မြို့နယ် နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်ရှိ ချောင်းတူ (ခ) ဆောင်းဒုံ ကျေးရွာအနောက်ဘက်ရှိ နေရာအချို့ကို ယနေ့ ည ၇ နာရီ ၂၄ မိနစ် နဲ့  ၇ နာရီ ၂၈ မိနစ်က စစ်‌ေကာ်မရှင် က လေကြောင်းကနေ  ဂျက်တိုက်လေယာဉ် နှစ်စီးနဲ့ ရှေ့ဆင့်နောက်ဆင့် တနေရာကို ဗုံး နှစ်လုံးစီ ကြဲချခဲ့တာလို့ AA က ဆိုပါတယ်။

ဗုံးကြဲမှု‌ကြောင့် စစ်သုံ့ပန်းမိသားစုဝင်များ နဲ့  စစ်သုံ့ပန်းအချို့  ပွဲချင်းပြီးသေဆုံးကာ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ သေဆုံး၊ ဒဏ်ရာရ အသေးစိတ်စာရင်းများကို ထပ်မံဖော်ပြပေးမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

အဆိုပါ  သေဆုံးထိခိုက်ခဲ့တဲ့ စစ်သုံ့ပန်းများနဲ့ စစ်သုံ့ပန်းမိသားစုဝင်တွေဟာ မကြာခင် ပြန်လည်လွှတ်ပေးရန် ထားရှိတဲ့လူတွေ ဖြစ်တယ်လို့ အာရက္ခတပ်တော် AA က ထုတ်ပြန်ထားပါတယ်။

Related posts

စစ်ကောင်စီဖျက်ဆီးခဲ့တဲ့ တောင်ကုတ်မြို့မြင်ကွင်း

Rakhita Times

စစ်ကောင်စီရဲ့ နေဗီကနေ ငပလီကို လက်နက်ကြီးနဲ့ပစ်ခတ်

Rakhita Times

ကျောက်ဖြူမကျရေး စစ်ကော်မရှင် အသေခံဒရုန်းတွေနဲ့ပါ အသည်းအသန် ခုခံနေ

Rakhita Times

2 comments

https___ja_kven မတ် 11, 2026 at 10:23 ညနေ

Sprawdz poradnik analog vs digital fpv, jesli szukasz najlepszych wskazowek przy wyborze kamery FPV na start.
Dobre mocowanie kamery zapobiega przesunieciom i amortyzuje wstrzasy w trakcie lotu.

Reply
Internet_nzkt မတ် 12, 2026 at 2:53 ညနေ

Широкий выбор ковров представлен в интернет магазине нашего города Краснодар, подходящий для всех стилей интерьера.
Лучшие шерстяные ковры
Покупка ковра в нашем интернет магазине — это просто, удобно и выгодно.

Reply

Leave a Comment