NewsPolitic

ဂွတွင် စစ်ကောင်စီဗုံးကြဲလို့ သားအဖနှစ်ဦး သေဆုံး

အာရက္ခတိုင်းမ်စ် (၁၁ မတ် ၂၀၂၅)

ရက္ခိုင်ပြည် ဂွမြို့နယ် ဘဝင်ကျေးရွာကို စစ်ကောင်စီက မတ်လ ၈ရက် မနက် ၂ နာရီခန့်တွင် လေယာဉ်နဲ့ ဗုံးလာကြဲလို့ သားအဖနှစ်ဦး သေးဆုံးခဲ့တယ်လို့ ဒေသခံတွေက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

မိသားစု ၄ ယောက် အိပ်နေကြတာ၊ အဖေဖြစ်တဲ့သူက ပွဲချင်းပြီး ဆုံးသွားတယ်။ သမီးကတော့ နောက်နေ့မှာ ဒဏ်ရာပြင်းထန်လို့ ဆုံးသွားတယ်။ သားလည်း ဒဏ်ရာတော့ တော်တော်လေးကို ပြင်းပြင်းထန်ထန် ရထားတယ်” လို့ အဆိုပါမိသားစုကို ကူညီပေးနေသူတစ်ဦးက ဆိုပါတယ်။

စစ်ကောင်စီရဲ့ ဗုံးကြဲမှုကြောင့် သေဆုံးသွားသူမှာ ဖခင်ဖြစ်သူ ဦးထွန်းအောင်သိန်း နဲ့ သမီးဖြစ်သူ မမေသဇင် တို့ဖြစ်ပြီး သားဖြစ်သူ မောင်ဖြိုးဝေစိုးမှာ ဒဏ်ရာပြင်ထန် ရထားတယ်လို့လည်း သိရပါတယ်။

အလားတူ စစ်ကောင်စီဟာ ဂွမြို့နယ်အတွင်းရှိ ကံ့ကော်တောင်ကျေးရွာကို ဖေဖော်ဝါရီ ၄ရက်နေ့က တစ်ကြိမ်၊ ကျိန္တလီမြို့ကို ၈ရက်နေ့က တစ်ကြိမ် နဲ့ ဘဝင်ကျေးရွာကို ၁၀ရက်နေ့က တစ်ကြိမ် ဗုံးကြဲခဲ့ပါတယ်။

တိုင်းဒေသကြီးနဲ့ ပြည်နယ်အများစုမှာ နယ်မြေဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေတာကြောင့် စစ်ကောင်စီအနေနဲ့ လေကြောင်းနဲ့ တိုက်ခိုက် ဗုံးကြဲမှုတွေဟာ ပိုများလာနိုင်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ဥာဏ်လင်းသစ်ရဲ့ အချက်အလက်တွေအရ ၂၀၂၃ ခုနှစ်မှာ လေကြောင်း တိုက်ခိုက်မှု အကြိမ်ရေ ၁၄၇၆ ကြိမ် ရှိခဲ့ပြီး ၂၀၂၄ ခုနှစ် စက်တင်ဘာအထိ ကိုးလမှာတင် ၁၉၁၅ ကြိမ် ရှိလာကာ အကြိမ် ၅၀၀ ကျော် တိုးလာပါတယ်။

Related posts

လူမျိုးနဲ့ ဘာသာကို အခြေမခံပဲ ကျောင်းသားလူငယ်ကိုသာ အခြေခံတဲ့သမဂ္ဂဖြစ်တယ်လို့ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂဆို

Rakhita Times

KIO က လုံခြုံရေးအတွက် ရက္ခိုင်၊ ချင်း တို့နဲ့ ဆက်ဆံရေး ခိုင်မာစွာတည်ဆောက်နေ

Rakhita Times

အာရက္ခအားမာန် ရဲဘော်ကျော်ဟန် (၁၉-ခ)

Rakhita Times

Leave a Comment