NewsPolitic

နတ်ရေကန်ဗျူဟာကုန်းကို စကမ အင်အား ၅၀၀ ထပ်ဖြည့်ပြီး ခုခံနေ

အာရက္ခတိုင်းမ်စ် (၁၂ ‎မတ် ၂၀၂၆)

မကွေးတိုင်း ငဖဲမြို့နယ် နတ်ရေကန်ဗျူဟာကုန်း မကျစေရေးအတွက် ခုခံရန် စစ်ကော်မရှင်က တပ်သားအင်အား ၅၀၀ ခန့်နဲ့ လက်နက်ခဲယမ်းများ ထပ်မံပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

“ စကမက နှစ်နည်းနဲ့ ခုခံနေတာ၊ ပထမနည်းကတော့ နတ်ရေကန်ကို အင်အားရော လက်နက်ရော တောက်လျောက်ဖြည့်တယ်။ ဒုတိယနည်းကတော့ အမြောက်တပ်ထဲကို လက်နက်ကျည်တွေ ဖြည့်တင်းပြီးတော့ AA နဲ့ အဖွဲ့တွေကို ခုခံနေတာ” လို့ စစ်ရေးလေ့လာသုံးသပ်သူတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ကော်မရှင်က နတ်ရေကန်ဗျူဟာကုန်း မကျစေရေးအတွက် လမ်းသစ်၊ လမ်းဟောင်း နှစ်လမ်းလုံး အသုံးပြုကာ စစ်ယာဉ်တန်းများအသုံးပြုကာ စစ်ကူနဲ့ လက်နက်များကို ပို့ဆောင်နေတာလည်း ဖြစ်ပါတယ်။

“ ၈ ရက်နေ့ကတော့ အမြောက်တပ်ထဲကို စစ်ကား ၃၀ လောက် ဝင်လာတာတွေ့ရပြီးတော့ နောက်နေ့မှာ ၃ စီးလောက်ပဲ ချန်ခဲ့ပြီးတော့ ကျန်တဲ့ကားတွေက လမ်းသစ် နဲ့ လမ်းဟောင်းကို ခွဲပြီးသွားတယ်” လို့ သူက ဆက်လက်ပြောပါတယ်။

စစ်ကော်မရှင်ဟာ နတ်ရေကန်ဗျူဟာကုန်း မကျစေရေးအတွက် အမှတ်(၉၀၁) အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် (မစခ-၉၀၅) အတွင်းကနေ လက်နက်ကြီးနဲ့ ပစ်ကူပေးနေတာလည်း ဖြစ်ပါတယ်။

‎စစ်‌ကော်မရှင်အနေနဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ-၁၇ လက်အောက်ခံတပ်များအပြင် တပ်မ (၉၉)၊ တပ်မ (၈၈) လက်အောက်ခံတပ်များနဲ့ ထပ်မံထိုးစစ်ဆင်ရန် လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

Related posts

စကမ ကြဲတဲ့ ဗုံးကြောင့် MUYA စေတနာ့ ဝန်ထမ်းလေးဦးလည်း သေဆုံးခဲ့

Rakhita Times

စကမရဲ့လုပ်ရပ်ကို လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် မြောက်ဦးလူငယ်များအစည်းအရုံး ရှုတ်ချ

Rakhita Times

သာပေါင်းတိုက်ပွဲကြောင့် ဒေသခံတွေ လုပ်ငန်းထိခိုက်လာ

Rakhita Times

Leave a Comment