NewsPolitic

နတ်ရေကန်ဗျူဟာကုန်းကို စကမ အင်အား ၅၀၀ ထပ်ဖြည့်ပြီး ခုခံနေ

အာရက္ခတိုင်းမ်စ် (၁၂ ‎မတ် ၂၀၂၆)

မကွေးတိုင်း ငဖဲမြို့နယ် နတ်ရေကန်ဗျူဟာကုန်း မကျစေရေးအတွက် ခုခံရန် စစ်ကော်မရှင်က တပ်သားအင်အား ၅၀၀ ခန့်နဲ့ လက်နက်ခဲယမ်းများ ထပ်မံပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

“စကမက နှစ်နည်းနဲ့ ခုခံနေတာ၊ ပထမနည်းကတော့ နတ်ရေကန်ကို အင်အားရော လက်နက်ရော တောက်လျောက်ဖြည့်တယ်။ ဒုတိယနည်းကတော့ အမြောက်တပ်ထဲကို လက်နက်ကျည်တွေ ဖြည့်တင်းပြီးတော့ AA နဲ့ အဖွဲ့တွေကို ခုခံနေတာ” လို့ စစ်ရေးလေ့လာသုံးသပ်သူတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ကော်မရှင်က နတ်ရေကန်ဗျူဟာကုန်း မကျစေရေးအတွက် လမ်းသစ်၊ လမ်းဟောင်း နှစ်လမ်းလုံး အသုံးပြုကာ စစ်ယာဉ်တန်းများအသုံးပြုကာ စစ်ကူနဲ့ လက်နက်များကို ပို့ဆောင်နေတာလည်း ဖြစ်ပါတယ်။

“၈ ရက်နေ့ကတော့ အမြောက်တပ်ထဲကို စစ်ကား ၃၀ လောက် ဝင်လာတာတွေ့ရပြီးတော့ နောက်နေ့မှာ ၃ စီးလောက်ပဲ ချန်ခဲ့ပြီးတော့ ကျန်တဲ့ကားတွေက လမ်းသစ် နဲ့ လမ်းဟောင်းကို ခွဲပြီးသွားတယ်” လို့ သူက ဆက်လက်ပြောပါတယ်။

စစ်ကော်မရှင်ဟာ နတ်ရေကန်ဗျူဟာကုန်း မကျစေရေးအတွက် အမှတ်(၉၀၁) အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် (မစခ-၉၀၅) အတွင်းကနေ လက်နက်ကြီးနဲ့ ပစ်ကူပေးနေတာလည်း ဖြစ်ပါတယ်။

‎စစ်‌ကော်မရှင်အနေနဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ-၁၇ လက်အောက်ခံတပ်များအပြင် တပ်မ (၉၉)၊ တပ်မ (၈၈) လက်အောက်ခံတပ်များနဲ့ ထပ်မံထိုးစစ်ဆင်ရန် လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

Related posts

တလအတွင်း ရက္ခိုင်တွင် လေကြောင်းတိုက်ခိုက်မှု ၁၁ ကြိမ်ခန့် ဖြစ်ပွားခဲ့

Rakhita Times

မြို (ခမိ) စာပေဖော်ထုတ်ခဲ့သူ ဦးကျော်သာအောင် ကွယ်လွန်

Rakhita Times

ယာဉ်စည်းကမ်း ၁၀ ချက်နဲ့ ယာဉ်မောင်းအတွက် စည်းကမ်း ၁၉ ချက် လိုက်နာရန် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ အသိပေး

Rakhita Times

1,918 comments

Leave a Comment