NewsPolitic

AA ထိုးစစ်ကိုခုခံရန် ဆုံကုန်းအမြောက်တပ်ကို စစ်ကူနဲ့လက်နက်ခဲယမ်း အများအပြားဖြည့်တင်း

အာရက္ခတိုင်းမ်စ် (၁၇ မတ် ၂၀၂၆)

အာရက္ခတပ်တော်နဲ့ ပူးပေါင်းမဟာမိတ်တပ်တို့ရဲ့ ထိုးစစ်ကို ခုခံရန်အတွက် ဆုံကုန်းအမြောက်တပ် (အ‌မြောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်) ကို စစ်ကူနဲ့ လက်နက်ခဲယမ်း အများအပြား ဖြည့်တင်းထားတယ်လို့ သိရပါတယ်။

အဆိုပါ ဆုံကုန်းအမြောက်တပ်ဟာ နတ်ရေကန်ဗျူဟာကုန်းမကျစေရေးအတွက် လက်နက်ကြီးနဲ့ ပစ်ကူပေးနေတဲ့ နေရာတခုလည်း ဖြစ်ပါတယ်။

“ ကျနော် သိရသလောက်တော့ ပဒါန်းတက်ကနေ စစ်ကူပို့ပေးတဲ့ စစ်ယာဉ်တန်း နဲ့ လက်နက်ခဲယမ်းတွေ မစခ – ၉၀၅ (အ‌မြောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်) ကို ရောက်သွားပြီ။ ပစ်ကူပေးဖို့နဲ့ ခံစစ်လုပ်ဖို့ပေါ့” လို့ မြေပြင်စစ်ရေးလေ့လာသုံးသပ်သူတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

နတ်ရေကန်ဗျူဟာကုန်း မကျစေရေးအတွက် စစ်ကူနဲ့ လက်နက်ခဲယမ်းများကို အ‌မြောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ကနေ ပဇီရွာနဲ့ ဂုတ်ကြီးရွာဘက်က ပို့ဆောင်ပေးနေပေမယ့် အာရက္ခတပ်တော်နဲ့ ပူးပေါင်းမဟာမိတ်တပ်တို့ရဲ့ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် အကျအဆုံးများကာ ရှေ့တို့းမရဘဲ နောက်ပြန်ဆုတ်သွားတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။

ရက္ခိုင် – မကွေးအစပ်ရှိ အမ်း – ပဒါန်းလမ်းပိုင်းက မထုံး၊ လင်းတဲ၊ စွန်တက် ၊ ဂုတ်စည်း ၊ ကံမြင့်ကန်၊ ဂုတ်ကြီး၊ ကြက်ရေစမ်း၊ ပိန်ရေစမ်းနဲ့ ပဇီကျေးရွာတွေကိုလည်း အာရက္ခတပ်တော် နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေက သိမ်းပိုက်ထိန်းချုပ်ထားပြီး ဖြစ်ပါတယ်။

စစ်ကော်မရှင်ရဲ့ နတ်ရေကန်ဗျူဟာကုန်းကို အာရက္ခတပ်တော်၊ ချင်းကာကွယ်ရေးတပ်၊ အရှိုချင်းကာကွယ်ရေးတပ်၊ မကွေးတိုင်း အခြေစိုက် PDF တပ်ရင်းများ၊ ကျောင်းသားလက်ရုံးတပ်တော် (SAF)၊ ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIA)၊ လူထုတော်လှန်ရေး မဟာမိတ်အင်အားစု PRA (မကွေး) တပ်များ ပူးပေါင်းပြီး ထိုးစစ်ဆင်နေတာလို့လည်း သိရပါတယ်။

Related posts

ရက္ခိုင်သမိုင်းဆိုင် ရာသုတေသနသင်တန်း ဖွင့်လှစ်မည်

Rakhita Times

သံတွဲ၊ တောင်ကုတ်၊ ဂွ နဲ့ အမ်းမှာ ရွေးကောက်ပွဲမလုပ်နိုင်ကြောင်း စကမ ဝန်ခံ

Rakhita Times

မင်းတုန်း ရက္ခိုင် ကုန်ပို့တဲ့လမ်းပေါ် စကမ ဗုံးကြဲ၊ ရက္ခိုင်ကုန်သည် ၂၀ ခန့် သေဆုံး(Breaking News)

Rakhita Times

Leave a Comment