NewsPolitic

ရက္ခိုင်ပြည်သို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ချင်းပြည်သူ့တပ်မတော်ကို ဖိတ်ခေါ် တွေ့ဆုံ

အာရက္ခတိုင်းမ်စ် (၂၁ ဧပြီ ၂၀၂၆)

ရက္ခိုင်ပြည်သို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော် ကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလက ဖိတ်ခေါ် တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

အဆိုပါကဲ့သို့ ဖိတ်ခေါ်မှုကြောင့် ချင်းပြည်သူ့အစည်းအရုံး (CCO) ဗဟို အလုပ်အမှုဆောင် ကော်မတီဝင်တွေဟာ ရက္ခိုင်ခရီးစဉ်အတွင်း အာရက္ခတပ်တော်တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် ဦးဆောင်တဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်က ၂၀၂၆ ခုနှစ်၊ ဧပြီလ (၂၀) ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

လက်ရှိနွေဦးတော်လှန်ရေးရဲ့ ဖြစ်ပေါ်တိုးတက်မှု အခြေအနေတွေနဲ့ စပ်လျဉ်းပြီး ဆွေးနွေးခဲ့သလို ချင်းပြည်သူလူထုနဲ့ အာရက္ခပြည်သူတွေအကြား အိမ်နီးချင်းကောင်းများ ပီသစွာ ရေရှည် အပြန်အလှန် အကျိုးပြုရေးတို့အတွက် ဆွေးနွေးတိုင်ပင်ခဲ့ပြီး ရှေ့ဆက် ပူးတွဲလုပ်ဆောင်မယ့် လုပ်ငန်းစဉ်တွေကိုလည်း ချမှတ်နိုင်ခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်အနေနဲ့ ချင်းပြည်သူ့အစည်းအရုံး ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များကို နွေးထွေးလှိုက်လှဲစွာ ကြိုဆိုဧည့်ခံခဲ့ကြပြီး အာရက္ခဒေသတွင်းရှိ အထင်ကရနေရာများကိုလည်း လိုက်လံပြသ ပို့ဆောင်ပေးခဲ့တယ်လို့ ချင်းပြည်သူ့အစည်းရုံး/ချင်းပြည်သူ့တပ်မတော်က ဆိုပါတယ်။

၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလအတွင်းက ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်ရဲ့ ဖိတ်ကြားမှုနဲ့ ပြုလုပ်ခဲ့တာဖြစ်ပြီး ရက်သတ္တပတ် (၂) ပတ်ခန့် ကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်။

အထက်ပါ ခရီးစဉ်ဟာ ချင်းပြည်သူ့အစည်းရုံး/ချင်းပြည်သူ့တပ်မတော်အတွက် လေ့လာသင်ယူစရာတွေနဲ့တကွ အလွန်တရာ အကျိုးရှိတဲ့ ခရီးစဉ်ဖြစ်ခဲ့ပြီး ချင်းပြည်သူ့အစည်းအရုံးအနေနဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်ကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိတယ်လို့လည်း ဆိုပါတယ်။

Related posts

နေဗီက ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် ကျောက်ဖြူဒေသခံ တဦးသေဆုံး

Rakhita Times

မောင်တောမှာ ARSA ထောင်ထားတဲ့ မိုင်းကြောင့် ကလေးငယ် ၁ ဦးအပါအဝင် ၂ ယောက် ဒဏ်ရာရ

Rakhita Times

TNLA က မအလ ဦးဆောင်တဲ့ အစိုးရကို ကြိုဆိုကြောင်း သဝဏ်လွှာပေးပို့

Rakhita Times

1 comment

https://gardenwiki.site/ ဇွန် 13, 2026 at 12:39 ညနေ

References:

Hitnspin casino sicher https://gardenwiki.site/

Reply

Leave a Comment