NewsPolitic

ဘူးသီးတောင်မြို့တွင် လူမနေအိမ် ၁ လုံး မီးလောင်

အာရက္ခတိုင်းမ်စ် (၂၇ ဧပြီ ၂၀၂၆)

ရက္ခိုင်ပြည် ဘူးသီး​တောင်မြို့ အမှတ် ၂ ရပ်ကွက်တွင် လူမနေနဲ့ အိမ် ၁ လုံး ဧပြီလ ၂၆ ရက် ညနေ ၅ နာရီခွဲခန့်တွင် မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။

“အိမ်နောက်ဖက်ကနေ စလောင်တာ။ ဘာကြောင့် လောင်တာလည်းတော့ မသိဘူး။ မီးကတော့ မီးသတ်ဌာနနဲ့ ဒေသခံတွေ ဝိုင်းငြိမ်းလို့ အဲ ၁ အိမ်ပဲ လောင်သွားတယ်။ ဘာကြောင့် လောင်တာလည်းဆိုတာကိုတော့ ဒီလပ်ဌာနက စုံစမ်းစစ်ဆေးနေတယ်” လို့ ဘူးသီးတောင်မြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အဆိုပါ လူမနေအိမ် မီးလောင်မှုကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ ဒီလပ်ဌာနက အမှုဖွင့် စစ်ဆေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၆ ရက် ည ၉ နာရီကျော်ကလည်း ရက္ခိုင်ပြည် မောင်တောမြို့ မူဆလင်တွေနေထိုင်တဲ့ ရပ်ကွက် ၂ တွင် မီးလောင်မှုဖြစ်ပွားခဲ့လို့ လူမနေတဲ့ နေအိမ် ၂ အိမ် မီးလောင်ပျက်စီးသွားခဲ့ပါတယ်။

အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရ ရဲ့ မီးသတ်ဌာနအနေနဲ့ ရက္ခိုင်ပြည် လွတ်မြောက်နယ်မြေတွေက မြို့ရွာတွေမှာလည်း မီးသတိပြု၊ မီးဘေးအန္တရာယ်ကာကွယ်ပါ စတဲ့ ဆိုင်းဘုတ်တွေကိုလည်း လမ်းဆုံ၊ လမ်းခွတွေမှာ စိုက်ထူပြီး အသိပညာပေးနေတယ်လို့လည်း သိရပါတယ်။

Related posts

စစ်ရှောင်ကျောင်းသား ၁၀၀ ရဲ့ ပညာရေးကူညီဖို့ “အနာဂတ်လှိုင်း” ကမ်ပိန်းပြုလုပ်

Rakhita Times

ကျောက်ဖြူတွင် စကမ ဗုံးကြဲလို့ ၂ ဦးသေ၊ လသားကလေးပါ ၅ ဦး ဒဏ်ရာရ

Rakhita Times

စစ်တွေသူ မသီရိစိုး အမှတ်ပေါင်း ၅၆၂ မှတ်နဲ့ the whole burma first ရရှိ

Rakhita Times

258 comments

Leave a Comment