ArticelsPolitic

မဟာမုနိစစ်ဆင်ရေး

နီရီရီ

ရှေးပဒေသရာဇ် ဘုရင်များလက်ထက်တော်တွင် တနိုင်ငံနှင့်တနိုင်ငံ အကြောင်းအမျိုးမျိုးဖြင့် ကျူးကျော်လေ့ ရှိခဲ့ကြသည်မှာ သမိုင်းသက်သေပင် ဖြစ်သည်။ ရက္ခိုင်လူမျိုးတို့သည် ရှေးနှစ်ပေါင်း ထောင်ချီကတည်းက ကိုယ့်မင်းကိုယ့်ချင်း၊ ကိုယ်ပိုင်နိုင်ငံ၊ ကိုယ်ပိုင်ဘာသာစကား၊ ကိုယ်ပိုင်ယဉ်ကျေးမှုတို့နှင့် နေထိုင်လာခဲ့ကြသူများပင် ဖြစ်သည်။ ရက္ခိုင်လူမျိုးတို့ ရက္ခိုင်ဘုရင့်နိုင်ငံတော် ထူထောင်နေထိုင်ကြချိန်တွင် အိမ်နီးချင်း ဗမာလူမျိုးတို့သည်လည်း ခေတ်ပြိုင် ကိုယ်ပိုင်နိုင်ငံများ တည်ထောင်နေကြကြောင်းကို သမိုင်းထောက်များအရ သိရှိရသည်။ ရက္ခိုင်နှင့် ဗမာတို့ကို ရက္ခိုင်ရိုးမ တံတိုင်းကြီး ခြားထာခဲ့သည်ဟု ဆိုသော်လည်း လူမျိုးတမျိုးနှင့် တမျိုးကြား အကြောင်းရင်း တစုံတရာကြောင့် ထိတွေ့ဆက်စပ်မှု အများအပြား ရှိခဲ့ကြသည်ကို တွေ့ရှိရသည်။ အထူးသဖြင့် ရက္ခိုင်ဘုရင့်နိုင်ငံတော်သို့ ဗမာမင်းများ အကြိမ်ကြိမ် ဝင်ရောက် စစ်ပြုခဲ့ခြင်းတို့ကို သမိုင်းထဲ၌ မြင်တွေ့ကြရ၏။ ထိုသို့ ဗမာမင်းများ ရက္ခိုင်ဘုရင့်နိုင်ငံတော်သို့ ဝင်ရောက်စစ်ပြုကြခြင်းကို ဆရာဦးရွှေဇံက မဟာမုနိဘုရားကို ရယူလိုသဖြင့် စစ်ပြုခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်ခဲ့သည်။

သမိုင်းစဉ်ကို ပြန်ကြည့်မည်ဆိုပါက ရက္ခိုင်ဝေသာလီခေတ်သည် ရှမ်း (မွန်ဂို)၊ တရုတ်နှင့် ပျူတို့၏ ကျူးကျော်ရန်စစ်ကို အကြိမ်ကြိမ်ခံခဲ့ရပြီး ဇာတ်သိမ်းသွားသည်။ ရက္ခိုင်ဘုရင်တို့သည် စစ်ဒဏ်သင့်ကာ စိစိညက်ညက် ကြေခဲ့ရသော ဝေသာလီကို စွန့်ကာ လေးမြို့ခေတ် (ပဉ္စာမြို့) ကို ထူထောင်ပြီး သမိုင်းကို ပြန်လည် ဆန်းသစ်ခဲ့ကြသည်။ လေးမြို့ခေတ်သည် AD-၈၁၈ မှ AD-၁၄၃၀ အထိ တည်တံ့ခဲ့သည်။ လေးမြို့ခေတ်တွင် စိုးစံကြသော ရက္ခိုင့်ဘုရင်မင်းမြတ်တို့မှာ အရည်အချင်းရှိသော ဘုရင်များပင် ဖြစ်၏။ ထို့ကြောင့် လေးမြို့ခေတ်တွင် တိုင်းတစ်ပါးမှ ကျူးကျော် ဝင်ရောက်ခဲ့မှုများ ရှိခဲ့သော်လည်း ယိမ်းယိုင်မသွားခဲ့ဘဲ အရည်အချင်းရှိသော ဘုရင်တို့က တိုင်းရေးပြည်ရာများကို ပိုမို တောင့်တင်း ခိုင်မာအောင်ပင် လုပ်ဆောင်နိုင်ခဲ့ကြသည်။

သမိုင်းကြောင်းအရ သီးသန့်ဆန်ဆန် နေထိုင်လာခဲ့သော ရက္ခိုင်ပြည်သည် ဗမာမင်းတို့နှင့် အစဦးပိုင်းတွင် အဆက်အဆံ များများစားစား မရှိခဲ့ပေ။ အစောဆုံး ရက္ခိုင်ပြည်သို့ ဗမာမင်း ရောက်ရှိခဲ့သည်မှာ ပုဂံခေတ် အနော်ရထာမင်းပင် ဖြစ်သည်။ လေးမြို့၊ ပဉ္စာခေတ် (သက္ကရာဇ် ၃၇၉-၄၂၁) AD-၁၀၃၄ တွင် ဖြစ်သည်။ အနော်ရထာမင်း ရက္ခိုင်ပြည်သို့ ရောက်လာခြင်းကို တချို့ သုတေသီတို့က အိန္ဒိယဒေသမှ သာကီဝင် သတို့သမီးလောင်း ပဉ္စကလျာဏီ မင်းသမီးကို ရက္ခိုင်ပြည်မှ လာရောက် ကြိုခြင်း ဖြစ်သည်ဟု ဆိုကြသည်။ အနော်ရထာမင်းကြီးသည် ရက္ခိုင်ပြည်မင်းစဉ်မင်းဆက်တိုင်း၏ အထွဋ်အထိပ်ထား ကိုးကွယ်လာခဲ့ကြသော မဟာမုနိဘုရားကို ဖူးတွေ့မိကာ ကြည်ညိုလွန်းသဖြင့် ပင့်ဆောင်ရန် ကြိုးစားခဲ့သေးသည်။ ပင့်ဆောင်၍ မရသဖြင့် ၅-လခန့် ကြည်ညိုသဒ္ဓါပွားများ နေထိုင်ခဲ့ပြီးမှ ပုဂံသို့ ပြန်ခဲ့သည်။ တချို့ ရာဇဝင်တို့တွင် ဘုရားတန်ဆောင်းအသစ်နှင့် မကိုဋ်တော်ကို ပြုလုပ် လှူဒါန်းခဲ့သည်ဟု ဆိုသည်။ ထိုအခြင်းအရာနှင့် ပတ်သတ်၍ ပုဂံအနော်ရထာမင်းသည် ရက္ခိုင်ပြည် ဓညဝတီမြို့တွင် ကိန်းဝပ် စံပါယ်လျက်ရှိသော မဟာမုနိ ရုပ်ရှင်တော်မြတ်ကို ဖူးတွေ့ရပြီးနောက်တွင်မှ ဗုဒ္ဓဘာသာအယူကို လက်ခံလာခြင်း ဖြစ်နိုင်သည်ဟု ကောက်ချက် ဆွဲစရာများပင် ရှိနေသေး၏။ စာရေးသူ၏ လူပြိန်း ကောက်ချက်မျှပင် ဖြစ်ပါသည်။

ပုဂံသို့ ရှင်အရဟံ သာသနာပြုရန် ရောက်လာသော အချိန်နှင့် ရက္ခိုင့် ဓညဝတီမြို့မှ မဟာမုနိဘုရားကြီးသို့ အနော်ရထာ ရောက်ရှိခဲ့ချိန်တို့ကို စိစစ် လေ့လာသင့်ပါသည်။ တခုရှိသည်မှာ အနော်ရထာမင်းတရားကြီး မဟာမြတ်မုနိ ရုပ်ရှင်တော်မြတ်ကို မြင်တွေ့ ဖူးမျှော်ခဲ့ရချိန်မှစတင်ကာ နောက်ပိုင်း မြန်မာမင်းတို့သည် ရက္ခိုင်ပြည်မှ မဟာမုနိရုပ်ပွားတော်ကို ယူဆောင်နိုင်ရန် ကြိုးစားမှုများ ရှိလာခဲ့သည်။ တချို့သော ရက္ခိုင့်ရာဇဝင်များတွင် အဦးဆုံး ရောက်ရှိခဲ့သော အနော်ရထာမင်းသည်လည်း မဟာမုနိဘုရားကြီးကို ပင့်ဆောင်ရန် ကြီးမားသော တပ်မတော်ကြီးဖြင့် ဗူးရွက်မညှိုးလမ်းမှ ဝင်ရောက်လာခဲ့ရာ ပင့်ဆောင်မရသဖြင့် ပြည်တော်ပုဂံသို့ လက်လျှော့ကာ ပြန်ခဲ့ရသည်ဟု ဖော်ပြထားသည်။

AD-၁၀၆၂-၁၀၆၈ ခုနှစ်အတွင်း၌ ရက္ခိုင့်လေးမြို့ခေတ် ပဉ္စာမြို့ကို ဘုရင်ကြီး မင်းဘီလူးနှင့်  မိဖုရား စောစစ်တို့ အုပ်စိုးသည်။ ဘုရင်ကြီးတွင် သားတော် မင်းရဲဘယနှင့် သမီးတော် စောပေါက်ညို (မြပေါက်ညို) တို့နှစ်ယောက် ထွန်းကားခဲ့သည်။ ထို သားသမီးနှစ်ပါးကိုပင် သာကီဝင်တို့ ထုံးတမ်းအတိုင်း ဆောင်နှင်းထိမ်းမြားစေကာ သားတော်ကို အိမ်ရှေ့အရာ အပ်နှင်းထားခဲ့သည်။ ဘုရင်ကြီး မင်းဘီလူးသည် AD-၁၀၆၈ ခုနှစ်တွင် အမတ်ကြီး အသင်္ခယာ (ဝယောင်းငှက် အသင်္ခယာ) ၏ လုပ်ကြံခြင်းကို ခံရကာ ကံတော်ကုန်ခဲ့သည်။ ဝရောင်းငှက် အသင်္ခယာသည် နန်းတွင်းရှိ ရက္ခိုင့်နန်းရိုးများကိုလည်း လိုက်လံ သုတ်သင်သဖြင့် ဘုရင်ကြီး မင်းဘီလူး၏ သားတော် အိမ်ရှေ့စံမင်း ရဲဘယနှင့် စောပေါက်ညိုတို့မှာ ပုဂံသို့ ထွက်ပြေးတိမ်းရှောင်ရင်း ကျန်စစ်မင်းထံတွင် ခိုလှုံခဲ့ကြသည်။

ရက္ခိုင့်နန်းရိုးမှန် အိမ်ရှေ့စံမင်းသား မင်းရဲဘယနှင့် စောပေါက်ညိုတို့သည် ပုဂံ၌ပင် သားတော် လင်္ကျာမင်းနန်ကို ဖွားမြင်ခဲ့သည်။ ကျန်စစ်သားမင်း နတ်ရွာစံသောအခါ ပုဂံထီးနန်းကို အလောင်းစည်သူမင်း ဆက်ခံသည်။ ၎င်း၏ နန်းစံနှစ် ၁၁ နှစ်၊ AD-၁၁၀၃ သို့ ရောက်သောအခါ ရက္ခိုင့်နန်းရိုးမှန် မင်းရဲဘယ၏ သားတော် လင်္ကျာမင်းနန်ကို နန်းတင်ရန် ရက္ခိုင်သို့ စစ်ချီခဲ့သည်။

ထိုအချိန်တွင် ရက္ခိုင်ပြည်၌ နန်းလုအမတ် ဝရောင်းငှက် အသင်္ခယာ (AD-၁၀၆၈-၁၀၇၆) ၏ သားတော် မင်းပတိ (AD- ၁၀၉၀-၁၁၀၃) က နန်းစံနေချိန်ဖြစ်သည်။ ပုဂံပြည်မှ အလောင်းစည်သူမင်းသည် ရေကြောင်းမှ မွန်စစ်တပ်၊ ကုန်းကြောင်းမှ မြန်မာစစ်တပ်တို့ဖြင့် ကြည်း၊ ရေ နှစ်ကြောင်းခွဲကာ ရက္ခိုင်ပြည် ပဉ္စာမြို့သို့ စစ်ချီလာခဲ့သည်။ ထို့နောက် နန်းလုအမတ်မျိုးရိုး မင်းပတိကို ဖြုတ်ချပြီး မင်းဘီလူးဘုရင်၏ မြေးတော် (မင်းရဲဘယ၏ သားတော်) လင်္ကျာမင်းနန်ကို ထီးနန်း ပြန်တင်ခဲ့ကြသည်။ အိန္ဒိယပြည် ဘီဟာနယ်ရှိ ဗုဒ္ဓဂါယာကျောက်စာတွင် လင်္ကျာမင်းနန်က သူ၏အမည်ကို ပျူတစ်သိန်းမင်းဟု ရေးထိုးထားကြောင်း ဦးထွန်းရွှေခိုင်၏ ရက္ခိုင်ရှေးဟောင်းမြို့တော်များ စာအုပ်တွင် တွေ့ရသည်။ ရက္ခိုင်မင်းသမီး ဧချင်းတွင်လည်း ထိုအကြောင်းကို ပျူတသိန်း၊ မွန်တသိန်း စသော အရေးအသားတို့ဖြင့် ထည့်သွင်း ရေးစပ်ထားသည်ကို တွေ့ရသည်။

ထိုသို့ ထီးနန်း ပြန်တင်ပေးလာကြသော မြန်မာမင်း၏ စစ်တပ်မှ မွန်နှင့် မြန်မာရဲမက်တို့သည် ရက္ခိုင့်မဟာမုနိဘုရားကြီးကို တွေ့သောအခါ ပင့်ဆောင်ရန် ကြိုးစားကြပြန်သည်။ ပင့်ဆောင်မရသဖြင့် ရုပ်ရှင်တော်မြတ်ကြီး၏ ကိုယ်ပေါ်မှ ရွှေထည်များကို အရည်ဖျော် ယူဆောင်ရန် ဖိုကျင်းထိုးကြသည်။ အရည်ဖျော်မရသဖြင့် ကျောသားနှင့် ပေါင်တော်သားစသော လွယ်ကူရာနေရာတို့ကို ဖဲ့ဖြတ်ကာ ယူငင်သွားကြပြီး လူသူမနီးသော တောတောင်အရပ်တို့တွင် ရုပ်ပွားတော်မြတ်ကို မြေမြှုပ် ကွယ်ဝှက်ထားခဲ့ကြကြောင်း ဆိုသည်။ မဟာမြတ်မုနိ ရုပ်ပွားတော်ကြီးမှာ ဆိုးဆိုးရွားရွား ပျက်စီးသွားခဲ့ရ၏။ နောင်တွင် ပုဂံပြည်မှ အလောင်းစည်သူမင်းသည် လင်္ကျာမင်းနန်ထံသို့ မဟာမုနိရုပ်ထုတော်ကို ပုဂံသို့ ဆက်သရန် တောင်းခံခဲ့သော်လည်း ကျေးဇူးတော်ခံရှိသော လင်္ကျာမင်းနန်က မဟာမုနိရုပ်ပွားတော်မြတ်ကို  ပျောက်ဆုံးနေကြောင်းသာ အကြောင်းပြန်ခဲ့ကြောင်း ဆိုသည်။

AD-၁၁၂၃ ခုနှစ်သို့ ရောက်သောအခါ ရက္ခိုင်ပြည် လေးမြို့ခေတ် ပုရိန်မြို့တွင် ဘုရင်ကြီးဒဿရာဇာ (AD၁၁၂၃-၁၁၃၉) မင်းပြု စိုးစံလာခဲ့သည်။ ထိုမင်းသည် သာသနာရေးကိုလည်း အလွန်ပင် ဦးစားပေးသော မင်းဖြစ်သဖြင့် ရက္ခိုင့်ဘုရင်မင်းအဆက်ဆက်တို့ ကိုးကွယ်ခဲ့ကြသော မဟာမုနိဘုရားကြီး ပြန်လည်ရှာဖွေရန် ကြိုးစားခဲ့သည်။ မောက်သူဇာမြို့စား (MUSHIDBAD) ရက္ခိုင့်ပညာရှိအမတ်ကြီး ဝိမလ က ပျားစွဲနိမိတ်ကိုဖတ်ကာ မဟာမုနိ ရှိနိုင်မည့်နေရာကို ဟောကိန်းထုတ်သည်။ ထိုဟောကိန်းအတိုင်း လိုက်ရှာကြရာ ဝါးချောင်းဖျားအရပ်တွင် အပျက်ပျက်အစီးစီးဖြင့် ကိုယ်တပိုင်း နစ်မြုပ်နေသော ရုပ်ရှင်တော်မြတ်ကြီးကို ပြန်လည် ရှာဖွေ တွေ့ရှိခဲ့ကြသည်။ မြန်မာစစ်သည်ရဲမက်များ ဖိုကျင်းထိုး ယူသွားခဲ့ကြသည့်အတိုင်း လက်ယာဘက် ပေါင်တော်နှင့် ကျောဘက်သားများ ပျက်စီးလျက် ပြန်တွေ့ခဲ့ကြခြင်း ဖြစ်သည်။ ဒသရာဇာမင်းသည် မဟာမုနိဘုရားကြီးကို မူလ ကိန်းဝပ်တော်မူခဲ့ရာ ဓညဝတီမြို့တော် ကတညုတတောင်ပေါ်တွင် ကြီးကျယ်သော အခမ်းအနားများဖြင့် ပလင်ပေါ် ပြန်တင်ခဲ့သည်။ ထိုအချိန်မှစကာ မြန်မာတို့ လိုချင်တပ်မက်ကြသော ရက္ခိုင့်မဟာမုနိရုပ်ရှင်တော်မြတ်ကြီးသည် ရက္ခိုင်ပြည်တွင် ပြန်လည် အသက်ဝင် ထင်ရှားလာခဲ့ပြန်သည်။

အင်းဝဘုရင် မင်းခေါင်နှင့် မွန်ဘုရင် ရာဇာဓိရာဇ်တို့၏ နယ်ချဲ့စစ်အကြားတွင် ရက္ခိုင်ပြည် လောင်းကြက်မြို့သည် မြေဇာပင် ဖြစ်ခဲ့ရဖူးသည်။ ရက္ခိုင်ဘုရင် မင်းစောမွန် (AD ၁၄၀၁-၁၄၃၀) စစ်ရေးစစ်ရာများကြားမှ အနောက် ဂါဝါသို့ စစ်ရှောင် သွားခဲ့ရသည်။ မြန်မာဘုရင် အင်းဝမင်းခေါင်၏ သမက်တော် နော်ရထာနှင့် သမီးတော် ရွှေပြည့်ချမ်းသာတို့က လောင်းကြက်ကို ခေတ္တ အုပ်စိုးနေခဲ့၏။ သံတွဲတွင် ရှိနေသော မင်းစောမွန်၏ ညီတော် မင်းခရီ (ခေါ်) နရနု သည် ရက္ခိုင်အချုပ်အခြာကို ပြန်လည် ရယူရန် ဟံသာဝတီသို့ သွားရောက်ကာ မွန်ဘုရင် ရာဇာဓိရာဇ်နှင့် မဟာမိတ် ဖွဲ့သည်။ မွန်ဘုရင် ရာဇာဓိရာဇ်၏ စစ်ရေးအကူအညီဖြင့်ပင် ရက္ခိုင့် လောင်ကြက်ကို ပြန်လည် တိုက်ခိုက် သိမ်းယူကာ အစ်ကိုတော်ကိုယ်စား လောင်းကြက်ထီးနန်းကို ခေတ္တခဏ စိုးစံထားခဲ့သည်။ ထိုစဉ်အချိန်အတွင်းတွင် မွန်နှင့် မြန်မာတို့မှာ အနှစ် ၄၀ စစ်ပွဲ ဖြစ်ပွားနေကြချိန် ဖြစ်သောကြောင့် ရက္ခိုင့် မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီးကို ယူဆောင်ရန်ကြိုးစားခွင့် မသာခဲ့သည်ကတော့ ခြွင်းချင်မျှသာ ဖြစ်သည်။ နောက်ဆုံးတွင် သံတွဲစား မင်းခရီသည် အစ်ကိုတော် စစ်ရှောင်ဘုရင် မင်းစောမွန်ကို ပြန်လည်ခေါ်ဆောင်ကာ နန်းတင်ပေးနိုင်ခဲ့ပြီး မွန်-မြန်မာ တို့၏ ရက္ခိုင့်မြေပေါ်မှ စစ်ပွဲကို အဆုံးသတ် လိုက်နိုင်ခဲ့သည်။

ရက္ခိုင်နှင့် မြန်မာတို့သည် ရာဇဝင်သမိုင်းထက်တွင် စစ်ရေးအရ အကြိမ်ကြိမ် တွေ့ဆုံ ရင်ဆိုင်ခဲ့ကြဖူးကြသော်လည်း မြန်မာတို့၏ ပထမ မြန်မာနိုင်ငံတော်တွင်လည်းကောင်း၊ ဒုတိယ မြန်မာနိုင်ငံတော်တွင်လည်းကောင်း၊ တတိယ မြန်မာနိုင်ငံတော်တွင်လည်းကောင်း၊ ရက္ခိုင်ဘုရင့်နိုင်ငံတော်သည် လုံးဝ ပါဝင်ခြင်း မရှိခဲ့ပေ။

ဘုရင်ကြီး မင်းစောမွန် (AD-၁၄၀၄-၁၄၃၃) ကွယ်လွန်ပြီးနောက် ညီတော် သံတွဲစား နရနု (မင်းခရီ) က မြောက်ဦးကို ဆက်လက် စိုးစံခဲ့သည်။ နရနု (မင်းခရီ) သည် အရည်အချင်းရှိသော မင်းတပါး ဖြစ်သောကြောင့် ၎င်းလက်ထက်တော်တွင် တိုင်းရေးပြည်ရာများ ကောင်းမွန်ခဲ့သည်။ အင်းဝပြည် နရပတိမင်း၏ ကျူးကျော်စစ်ကို ဖိုးခေါင်တောင်တွင် ငြိမ်းချမ်းရေး ပြုလုပ်နိုင်ခဲ့ပြီး ရက္ခိုင်နှင့် မြန်မာနှစ်နိုင်ငံ နယ်နိမိတ်တို့ကို တရားဝင် သတ်မှတ်နိုင်ခဲ့သည်။

ရက္ခိုင့်မြောက်ဦးခေတ်၏ ၁၃-ဆက်မြောက် ဘုရင်ကြီး မင်းဗာကြီး (မင်းပင်) လက်ထက်တော် AD ၁၅၃၁-၁၅၅၃ ခုနှစ်တွင် ရက္ခိုင့်ဘုရင့်နိုင်ငံတော်သည် အာရှတခွင်တွင် အထွဋ်အထိပ်သို့ ရောက်ရှိလာခဲ့သည်။ စီးပွားကူးသန်းရောင်းဝယ်ရေးတို့တွင်လည်း ကမ္ဘာအရပ်ရပ်နှင့် အဆက်အသွယ် ရှိခဲ့သည်။ စစ်ရေးစစ်ရာတို့တွင်လည်း ခေတ်မီလက်နက်တို့နှင့် ပြည့်စုံသော ရက္ခိုင့်ကြည်းတပ်တော်၊ ရေတပ်တော်တို့က အင်အား တောင့်တင်းလှသည်။ ရက္ခိုင်ဘုရင့်တပ်တော်ထဲတွင် ကမ္ဘာအရပ်ရပ်မှ စစ်မှုထမ်းများ ပါဝင်ကြောင်း သမိုင်းက ဆို၏။

မြောက်ဦးခေတ်တွင် လက်ရုံးရည်၊ နှလုံးရည်နှင့် ပြည့်စုံသော ရက္ခိုင်ဘုရင် မင်းဗာကြီး အုပ်စိုးနေချိန်၌ မြန်မာပြည်တွင်လည်း အရည်အချင်းပြည့် မင်းတပါးဖြစ်သော မင်းတရားကြီး တပင်ရွှေထီး အုပ်စိုးနေချိန် ဖြစ်သည်။ ထိုမင်းနှစ်ပါးသည် သမိုင်းတွင် ထိပ်တိုက် တွေ့ဆုံခဲ့ကြရသည်။ အကြောင်းမှာ မြန်မာတို့၏ တပင်ရွှေထီးသည် ရက္ခိုင်ပြည်သို့ AD-၁၅၄၄၊ ၁၅၄၅၊ ၁၅၄၆ ခုနှစ်တို့တွင် သုံးကြိမ်တိုင်တိုင် စစ်ပြု ကျူးကျော်လာခဲ့သောကြောင့် ဖြစ်သည်။ သို့သော် အင်အားပြည့်သော ရက္ခိုင့်တပ်တော်ကို ထူထောင်ပိုင်ဆိုင်ထားသော ရက္ခိုင်ဘုရင် မင်းဗာကြီးသည် တပင်ရွှေထီး၏ ကျူးကျော်စစ်သည် အကြိမ်ကြိမ် တွန်းလှန်နိုင်ခဲ့သည်။

နောက်ဆုံးတကြိမ် AD-၁၅၄၆ (သက္ကရာဇ်-၉၀၈) တွင်မူ တပင်ရွှေထီးကိုယ်တိုင် ကွပ်ကဲ ဦးစီးလိုက်ပါလာသော မြန်မာစစ်ကြောင်းသည် ရက္ခိုင်တပ်တော်တို့၏ ပိတ်ဆို့ဝန်းရံခြင်း၊ ရိက္ခာ ဖြတ်တောက်ခံရခြင်းတို့ကို ကြုံရကာ မရှုမလှ ဖြစ်ခဲ့ကြသည်။ သို့သော် ရက္ခိုင်ဘုရင် မင်းဗာကြီးသည် တပင်ရွှေထီးကို ဖျက်ဆီးခြင်းမပြုဘဲ မဟာပညာကျော် အမတ်ကြီးနှင့် တရားချပြခိုင်းကာ ပြန်လွှတ်ခဲ့ကြောင်း ရာဇဝင်က ဆိုသည်။

မင်းဗာကြီးမှ စတင်ရေတွက်လျှင် ၅-ဆက်မြောက် အရောက်တွင် မင်းဗာဘုရင်ကြီး၏ သားတော် မင်းဖလောင်း (AD ၁၅၇၁-၁၅၉၃) က မိဖုရားရှင်လတ်နှင့် လက်ဆက် ဘိသိတ်ခံကာ မြောက်ဦးထီးနန်းကို စိုးစံသည်။ မြန်မာတို့တွင်မူ ထိုအချိန်သည် တပင်ရွှေထီး လုပ်ကြံခံရ၍ ကံတော်ကုန်ပြီး ယောက်ဖတော် ကျော်ထင်နော်ရထာ နန်းတက်ပြီးချိန် ဖြစ်သည်။ မြန်မာ-တောင်ငူဘုရင် တပင်ရွှေထီး လက်ထက်တွင် သုံးကြိမ်တိုင်တိုင် လုပ်ကြံ၍ မရခဲ့သော ရက္ခိုင်ပြည်သို့ AD-၁၅၈၁ ခုနှစ်၌ ကျော်ထင်နော်ရထာ၏ တပ်များ စစ်သည်အင်အား အလုံးအရင်းနှင့် စစ်ချီလာကြပြန်သည်။ သည်တကြိမ်တွင်လည်း ရက္ခိုင်ဘုရင့်တပ်တော်များက ဗမာတို့၏ ကျူးကျော်စစ်ကို သံတွဲ၌ပင် ပူးညှပ်ပိတ်ဆို့ကာ အရေးနိမ့်စေခဲ့သည်။ ဗမာဘုရင်တို့၏ မဟာမုနိဘုရားကြီးကို ပင့်ဆောင်ရေးကိစ္စမှာ သည်တကြိမ်တွင်လည်း အကောင်အထည် မပေါ်ခဲ့ချေ။ ထို့အပြင် ဗမာ့အင်ပါယာထဲတွင် ရက္ခိုင်ဘုရင့်နိုင်ငံတော် ပါဝင်လာရေး အိပ်မက်မှာလည်း ဆောင်းအိပ်မက်ပမာ ဂယောက်ဂယက်နှင့် အဆုံးသတ် သွားခဲ့ရပြန်သည်။

AD-၁၅၉၃-၁၆၁၂ တွင် မင်းဖလောင်း၏ သားတော် မင်းရာဇာကြီး နန်းတက်လာသည်။ မင်းရာဇကြီး လက်ထက်တော် တွင် ရက္ခိုင်ပြည်သို့ ဗမာမင်းတို့ စစ်ကျူးကျော်ခြင်း မရှိခဲ့ချေ။ ရက္ခိုင်ဘုရင် မင်းရာဇာကြီးကိုပင် ဗမာမင်းများ စစ်ရေးဆိုင်ရာ အကူအညီများ တောင်းခံခဲ့ရသည်။ ရက္ခိုင်ဘုရင် မင်းရာဇာကြီးလက်ထက်တော်တွင် ရက္ခိုင်သြဇာ သက်ရောက်ရာ ဧရိယာသည် မြန်မာပိုင် နယ်မြေအများအပြားအထိ ကျယ်ပြန့်သွားခဲ့၏။ ထိုနောက်ပိုင်းအချိန်တို့တွင် ရက္ခိုင်သို့ ဗမာတို့ စစ်ကျူးကျော်သည်ကို သိပ် မတွေ့ရတော့ချေ။ ကုန်းဘောင်ခေတ် နောင်တောင်ကြီးဘုရင်လက်ထက်တွင် ကျူးကျော်ခဲ့ခြင်းမှာ နောက်ဆုံးအကြိမ်ပင် ဖြစ်သည်။ ထိုစဉ်ကလည်း ရက္ခိုင်တို့၏ စစ်ရေးအင်အားကို မခံသာဘဲ မြန်မာတပ်များ ပြန်လည် ဆုတ်ခွာသွားခဲ့ရသည်။ သို့သော် မြောက်ဦးခေတ်နှောင်းပိုင်းအချိန်တွင် ရက္ခိုင်ဘုရင့်နိုင်ငံတော်သည် အဘက်ဘက်မှ ယိုယွင်းလာခဲ့သဖြင့် ပျော့ကွက်ကို အကွက်ကျကျ စီစဉ် စောင့်ဆိုင်းနေခဲ့သော မြန်မာတို့အတွက် မဟာအခွင့်အရေးပမာ ဖြစ်သွားခဲ့ရသည်။

မြန်မာဘုရင် ဘိုးတော်ပဒုံမင်းသည် AD-၁၇၈၄ ခုနှစ်တွင် ရက္ခိုင်တို့၏ ပျော့ကွက်ကို လက်တွေ့ကျကျ အသုံးချကာ ထိုးစစ်များ စတင် လာခဲ့သည်။ ထိုအချိန်တွင် ရက္ခိုင်ပြည်၌ နန်းတွင်း မငြိမ်သက်မှုများ၊ ပြည်ပစစ်ဘေး အန္တရာယ်နှင့် ရာသီဥတု ဆိုးဝါး ဖောက်ပြန်မှုကို ကြုံတွေ့နေရပြီး ပြည်ထောင်အနှံ့ မငြိမ်မသက်ဖြစ်နေချိန်ပင် ဖြစ်၏။ နန်းတွင်းတွင် သြဇာရှိသော အမတ်များက တမင်းမကောင်း၊ တမင်းပြောင်းစနစ်ကို ကျင့်သုံးနေကြရာ ဘုရင်အပြောင်းအလဲ အလွန်များပြားနေချိန်လည်း ဖြစ်သည်။

ထိုအချိန်မျိုးတွင် နန်းတက်လာခဲ့သော ရက္ခိုင်ဘုရင် မဟာသမ္မတရာဇာသည် အရည်အချင်းရှိသော မင်းတပါးပင် ဖြစ်သော်လည်း နှစ်ကာလ အလီလီ ပျက်စီးယိုယွင်းနေခဲ့သော နိုင်ငံတော်ကို ပြန်လည်ထူထောင်ရန် အချိန်ပင် မရရှိခဲ့ပေ။ နောက်ဆုံးတွင် ငသံဒွေ သစ္စာဖောက်မှုဖြင့်  ရက္ခိုင်ဘုရင်နှင့်တကွ ရက္ခိုင်ဘုရင့်နိုင်ငံတော်၏ အချုပ်အခြာအာဏာအားလုံး ဗဒုံမင်း၏ လက်အောက်သို့ ကျရောက် သွားခဲ့ရတော့သည်။ ထိုအချိန်မှစတင်ကာ မြန်မာဘုရင်တို့ အကြိမ်ကြိမ် ပင့်ဆောင်ရန် ကြိုးစားခဲ့ဖူးသော မဟာမုနိဘုရားကြီးကို မြန်မာတို့ ပိုင်ဆိုင်သွားခဲ့တော့သည်။

ပဒေသရာဇ်ခေတ် ဘုရင်တို့၏ နိုင်သူအကုန်စား စနစ်တွင် ဆင်ဖြူတော်အတွက်သော်လည်းကောင်း၊ မိဖုရားတဦးအတွက်သော်လည်းကောင်း၊ နယ်နိမိတ်ဧရိယာနှင့် သြဇာအာဏာအတွက်သော်လည်းကောင်း စစ်မက်ရေးရာများ ဆင်နွှဲလျက် ရှိကြသဖြင့် ဗမာဘုရင်အဆက်ဆက်တို့ ရက္ခိုင်သို့ ကျူးကျော်မှုများကိုလည်း မဟာမုနိ စစ်ဆင်ရေးဟု ဆရာဦးရွှေဇံက ကင်ပွန်းတပ်သည်မှာ ချင့်ချိန်တွေးတောစရာ ဖြစ်ပါသည်။ ထိုသို့ဆိုပါလျှင် မဟာမုနိဘုရားကြီးကို ရယူသွားနိုင်ခဲ့ပြီးသဖြင့် ဗမာတို့၏ မဟာမုနိ စစ်ဆင်ရေး အောင်မြင်ခဲ့ပြီဟု ဆိုရမည်ပင် ဖြစ်၏။ သို့သော် မျက်မှောက်ခေတ်ကာလတွင် အာရက္ခပြည်သို့ လေယာဉ် များ အလုံးအရင်းဖြင့် အငြိုးတကြီး စစ်ဆင်နေခြင်းကိုကား စစ်တွေ ကုလားတန် စီမံကိန်း အကျိုးအမြတ်အတွက်လား၊ ကျောက်ဖြူ ရေနက်ဆိပ်ကမ်း၊ ရေနံနဲ့သဘာဝဓာတ်ငွေ့ အပါအဝင် ကျောက်ဖြူ-ကူမင်း ရထားလမ်း အကျိုးအမြတ်အတွက်လား၊  ရေနံအတွက်လား၊ ဒေါ်လာအတွက်လားဟု စဉ်းစားစရာ ရှိနေသေးပေသည်။

(ယခုဆောင်းပါး ခေါင်းစဉ်သည် စာရေးသူ၏ ကိုယ်ပိုင် ဝေါဟာရမဟုတ်ဘဲ ဆရာဦးရွှေဇံ၏ အမည်နာမကို ကိုးကားသုံးစွဲခြင်းမျှသာ ဖြစ်ပါသည်)

Related posts

လေကြောင်းလိုင်းအားလုံး ပြည်တွင်း ခရီးစဉ်တွေရပ်နား

Rakhita Times

ဧရာဝတီတိုက်ပွဲတွင် ရွေးတုအစိုးရက အရာရှိတွေကိုသာ ပုသိမ်နဲ့ မင်္ဂလာဒုံစစ်ဆေးရုံကို ပို့ဆောင်ကုသပေး

Rakhita Times

ဘင်္ဂလားကိုယ်စားလှယ်နဲ့ နယ်စပ်ကုန်သွယ်ရေးကို AA ဆွေးနွေးဖို့လို

Rakhita Times

44 comments

platform.joinus4health.eu မေ 23, 2026 at 7:42 မနက်

References:

Red dead redemption blackjack

References:
platform.joinus4health.eu

Reply
vivod iz zapoya na domy_phMi မေ 24, 2026 at 8:30 ညနေ

нарколог на дом вывод из запоя на дому нарколог на дом вывод из запоя на дому

Reply
vivod iz zapoya na domy_pkMi မေ 24, 2026 at 8:30 ညနေ

наркологический вывод из запоя наркологический вывод из запоя

Reply
kypit elektricheskie rylonnie shtori_mrSi မေ 24, 2026 at 9:21 ညနေ

роликовые шторы роликовые шторы

Reply
Bartmussy မေ 24, 2026 at 9:48 ညနေ

Honest reaction is that I want to send this to a friend who would benefit from it, and a look at noblearena added more material I will pass along too, the impulse to share is the strongest signal I have for content quality and this site is generating that impulse cleanly across multiple posts.

Reply
kapelnica ot pohmelya_jvmt မေ 25, 2026 at 1:28 မနက်

капельница от запоя вызов капельница от запоя вызов

Reply
Judsonlem မေ 25, 2026 at 1:44 မနက်

Really appreciate the confidence to make a clear point rather than hedging everything, and a quick visit to noblecradle maintained the same direct stance, writing that takes positions rather than equivocating is more useful even when the positions are debatable because at least the reader has something to react to clearly.

Reply
JabariCof မေ 25, 2026 at 1:52 မနက်

Refreshing change from the usual sites covering this topic, no clickbait and no padding, and a stop at futurewoodtrends confirmed the difference, this place clearly has its own voice rather than copying the formulas everyone else uses to chase clicks online which is becoming increasingly rare these days across nearly every popular subject.

Reply
PeterAdare မေ 25, 2026 at 3:07 မနက်

Reading this site over the past week has changed how I evaluate content in this space, and a look at sunrisetrailmarket extended that recalibration, the standards I bring to reading on the topic have shifted upward as a direct result of regular exposure to this kind of work and that shift will outlast any single reading session.

Reply
LanceAvaXy မေ 25, 2026 at 3:38 မနက်

Refreshing change from the usual sites covering this topic, no clickbait and no padding, and a stop at flickaltar confirmed the difference, this place clearly has its own voice rather than copying the formulas everyone else uses to chase clicks online which is becoming increasingly rare these days across nearly every popular subject.

Reply
Claytonfigue မေ 25, 2026 at 3:38 မနက်

A small thing but the line spacing and font choices made reading this physically pleasant, and a look at brightpineemporium maintained the same careful design, technical choices about typography are part of what makes online reading actually comfortable and this site has clearly invested in the design layer alongside the content layer carefully.

Reply
Narkolog na dom_laPt မေ 25, 2026 at 5:21 မနက်

прием нарколога прием нарколога

Reply
LinwoodVek မေ 25, 2026 at 6:37 မနက်

Started taking notes about halfway through because the points were stacking up, and a look at slowlivingessentials added enough material that my notes file grew further, content that demands note taking from a passive reader is content with substance and the writers here are clearly producing that kind of work consistently across topics.

Reply
budgetfriendlystore မေ 25, 2026 at 6:54 မနက်

Started taking notes about halfway through because the points were stacking up, and a look at budgetfriendlystore added enough material that my notes file grew further, content that demands note taking from a passive reader is content with substance and the writers here are clearly producing that kind of work consistently across topics.

Reply
RodneyWesee မေ 25, 2026 at 8:38 မနက်

Excellent post, balanced and well organised without showing off, and a stop at mintdawn continued in that same vein, this site has clearly figured out the formula for content that works for readers rather than for search engine ranking signals which is harder than it sounds today and worth real recognition from anyone.

Reply
classystyleoutlet မေ 25, 2026 at 8:44 မနက်

Glad to have another reliable bookmark for this topic, and a look at classystyleoutlet suggested several more pages I will be marking too, building a personal library of trustworthy resources is one of the actual rewards of careful browsing and this site is earning a place on my permanent shortlist for the topic.

Reply
ZacharyTon မေ 25, 2026 at 8:44 မနက်

Основа лечения запоя — инфузионная терапия (капельница). Капельница позволяет быстро доставить необходимые лекарственные средства прямо в кровь, минуя желудок. Стандартная лечебная процедура включает введение солевых растворов, витаминного комплекса, успокоительных, ноотропов, гепатопротекторов, кардиопротекторов. Такая терапия снимает острую интоксикацию, восстанавливает водно-солевой баланс, улучшает работу сердца, печени, головного мозга. Лечение с помощью капельницы даёт облегчение уже через несколько часов: проходит тошнота, головная боль, тремор, снижается давление, налаживается сон. Эффективность лечения зависит от качества препаратов и опыта врача. Наши специалисты используют собственные проверенные методики, гарантируя безопасность. При лечении алкогольной зависимости капельница — только первый шаг. Далее лечение продолжается таблетированными формами (налтрексон, дисульфирам, Алгоминал, Эспераль). Медикаментозное лечение помогает снизить тягу к алкоголю и предотвратить срыв. Любое лечение индивидуально и зависит от длительности запоя, степени алкоголизации, тяжести состояния пациента на момент проведения лечения, наличия сопутствующей патологии и хронических заболеваний. Мы также проводим лечение наркотической зависимости, используя УБОД для снятия ломки от героина, метадона, солей, спайса, марихуаны, амфетамина. Однако основная специализация — лечение алкоголизма, прерывание запоев и восстановление после них.
Изучить вопрос глубже – быстрый вывод из запоя

Reply
ZacharyTon မေ 25, 2026 at 9:51 မနက်

Обращаем внимание, что таблица носит ознакомительный характер. Точную программу лечения и финальную цену определяет врач после осмотра и необходимых анализов. Врач нарколог бесплатно ответит на все ваши вопросы по услуге вывода из запоя на дому и оформит вызов врача.
Получить больше информации – pomoshch-vyvod-iz-zapoya

Reply
Elliotjak မေ 25, 2026 at 1:07 ညနေ

A piece that read as the work of someone who reads carefully themselves, and a look at timbercrestgallery continued that informed feel, writers who are also serious readers produce work with a different quality and this site reads as the product of someone steeped in good writing rather than just generating content for an audience.

Reply
brighttrailfashion မေ 25, 2026 at 1:07 ညနေ

Speaking carefully because I do not want to overstate things this site is genuinely above average across multiple measurements, and a stop at brighttrailfashion continued the above average performance, the calibration of judgement against potential overstatement is something I take seriously and this site clears the higher bar even after that calibration applies.

Reply
kypit elektricheskie rylonnie shtori_jvMn မေ 25, 2026 at 1:15 ညနေ

автоматические рулонные шторы с электроприводом автоматические рулонные шторы с электроприводом

Reply
brighttrailfashion မေ 25, 2026 at 1:15 ညနေ

Quiet confidence runs through the whole post, no need to shout to make the points stick, and a stop at brighttrailfashion carried that same restrained voice forward, content that respects the reader by trusting its own substance rather than dressing it up in theatrical language is what I look for online and rarely actually find these days.

Reply
Geraldtem မေ 25, 2026 at 1:41 ညနေ

Came in tired from a long day and the writing held my attention anyway, and a stop at modernculturecollective kept that going, content that can engage a fatigued reader is doing something right because most online reading happens in suboptimal conditions like that one and quality content adapts to it without complaint.

Reply
brightrootcollection မေ 25, 2026 at 2:53 ညနေ

Honest take is that I will probably forget most of what I read online today but this post is one I will remember, and a stop at brightrootcollection kept that same memorable quality going, certain writing leaves a residue in the mind in a way most content simply does not manage.

Reply
Keithtof မေ 25, 2026 at 3:52 ညနေ

Considered against the flood of similar content this one stands apart in important ways, and a stop at kraftbough extended that distinctive feel, sites that find their own corner of a crowded topic and stay there are sites worth following and this one has clearly carved out its own space and committed to defending it carefully.

Reply
FinnMix မေ 25, 2026 at 4:32 ညနေ

Now adding a small note in my reading log that this site is one to watch, and a look at hazeatelier reinforced the watch status, the few sites I track deliberately rather than encounter accidentally are sites I expect ongoing returns from and this one has cleared the bar for that elevated tracking based on what I read.

Reply
JeffBab မေ 25, 2026 at 5:35 ညနေ

Now feeling slightly more optimistic about the state of independent writing online, and a stop at moderntrendmarket extended that quiet optimism, sites like this one are the reason I have not given up on the open web entirely and finding them occasionally renews the case for paying attention to non algorithmic content sources today.

Reply
Kapelnica ot pohmelya_kdSa မေ 25, 2026 at 6:20 ညနေ

капельница от алкоголя капельница от алкоголя

Reply
brightcrestcollective မေ 25, 2026 at 6:25 ညနေ

Top quality material, deserves more attention than it probably gets, and a look at brightcrestcollective reflected the same effort across the site, a hidden gem in the modern web where most attention goes to whoever shouts loudest rather than whoever actually delivers the best content for their readers without much marketing fanfare.

Reply
https://stackoverflow.qastan.be/?qa=user/officelamb02 မေ 27, 2026 at 7:01 မနက်

References:

Paddy power casino mobile https://stackoverflow.qastan.be/?qa=user/officelamb02

Reply
https://literaryforge.blog/ ဇွန် 2, 2026 at 3:09 မနက်

References:

Crown perth casino https://literaryforge.blog/

Reply
https://gardenwiki.site ဇွန် 2, 2026 at 7:08 မနက်

References:

Montecasino nu metro https://gardenwiki.site

Reply
xtuml.org ဇွန် 5, 2026 at 5:45 မနက်

References:

No deposit required xtuml.org

Reply
https://chesswiki.site ဇွန် 5, 2026 at 5:54 မနက်

References:

Indio casino https://chesswiki.site

Reply
wise-rasch.hubstack.net ဇွန် 5, 2026 at 9:08 မနက်

References:

Little creek casino wise-rasch.hubstack.net

Reply
uchkombinat.com.ua ဇွန် 5, 2026 at 10:32 မနက်

References:

Lucky nugget mobile casino uchkombinat.com.ua

Reply
liberalwiki.space ဇွန် 5, 2026 at 10:50 မနက်

References:

Wild horse casino liberalwiki.space

Reply
https://materialwiki.site/wiki/500_Bonus_200_Freispiele ဇွန် 6, 2026 at 3:00 မနက် Reply
http://kriminal-ohlyad.com.ua ဇွန် 6, 2026 at 3:19 မနက်

References:

Island casino http://kriminal-ohlyad.com.ua

Reply
https://hedgedoc.eclair.ec-lyon.fr/s/g8J7NFawB ဇွန် 6, 2026 at 6:10 မနက် Reply
snyder-kanstrup.federatedjournals.com ဇွန် 6, 2026 at 11:19 ညနေ

References:

Emerald queen casino tacoma snyder-kanstrup.federatedjournals.com

Reply

Leave a Comment