NewsPolitic

အမတ ၃၄၄ အမြောက်တပ်ရင်းက ကာကင်းအားလုံးနီးပါး AA သိမ်းပိုက်

အာရက္ခတိုင်းမ်စ် (၁၆ မေ ၂၀၂၆)

ဧရာဝတီတိုင်း ရေကြည်မြို့နယ် ငါးသိုင်းချောင်းမြို့ မြောက်စမ်းရွာရှိ အမြောက်တပ် (အမတ ၃၄၄) တပ်ရင်းအနီးက ကာကင်းစခန်း အာလုံးနီးပါးကို အာရက္ခတပ်တော် နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေက သိမ်းပိုက်လိုက်တယ်လို့ သိရပါတယ်။

“ အမတ ၃၄၄ ကို ဝန်းရံထားတဲ့ ကာကင်းစခန်းတွေ အကုန်လုံး ကျသွားပြီလို့ ပြောလို့ရတယ်။ နယ်မြေရှင်းလင်းရေးတွေ ဆက်လုပ်နေပြီး ထွက်ပြေးလာတဲ့သူတွေ၊ လာရောက်အလင်းဝင်းသူတွေလည်း တော်တော်များတယ်” လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

လက်ရှိမှာ အာရက္ခတပ်တော်နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေဟာ အမြောက်တပ် (အမတ ၃၄၄) တပ်ရင်းဌာနချုပ်နဲ့ ၁ မိုင်ခန့်သာ ကွားဝေးနဲ့ အနေအထားမှာ ရောက်ရှိနေတယ်လို့လည်း သိရပါတယ်။

အမတ (၃၄၄) အမြောက်တပ်စခန်းဟာ ငသိုင်းချောင်းမြို့ စစ်ဆေးရေးဂိတ်ရောက်ရန် ၂ မိုင်ခန့်သာလိုတော့တဲ့ အမြောက်တပ်တခုလည်း ဖြစ်ပါတယ်။

အမြောက်တပ် (အမတ ၃၄၄) တပ်ရင်းရဲ့အောက်မှာတော့ ဧရာဝတီတိုင်း ဖျာပုံမြို့အခြေစိုက် ခြေလျင်တပ်ရင်း (ခလရ – ၉၈)၊ ဓနုဖြူအခြေစိုက် ခြေလျင်တပ်ရင်း (ခလရ – ၁၀၈) နဲ့ တပ်မ ၆၆ လက်အောက်ခံ (ခလရ ၁၄) တပ်ရင်း တို့ရှိနေတာလည်း ဖြစ်ပါတယ်။

စစ်ကော်မရှင်က ဧရာဝတီတိုင်း အင်္ဂပူမြို့နယ် ကွင်းကောက်မြို့ရှိ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်း (တတက-၅) ကို ခံစစ်စခန်းအသွင်ပြောင်းပြီး စစ်အင်အား ထောင်ချီဖြည့်တင်းကာ ရက္ခိုင်ပြည်တောင်ပိုင်းကို ထိုးစစ်ဆင်ရန် ပြင်ဆင်နေချိန်မှာ အာရက္ခတပ်တော်က အမတ ၃၄၄ ကို ထိုးစစ်ဆင်လိုက်တာလည်း ဖြစ်ပါတယ်။

Related posts

တောင်ကုတ်ကို တရားမဝင် ပြည်ပအရက် တင်ဆောင်လာသူကို ဒီလပ် ဖမ်းဆီး

Rakhita Times

အာရက္ခတစ်ပြည်လုံး သိမ်းပိုက်ရေး စောလျင်စွာဖြစ်ဖို့ လိုလား

Rakhita Times

ရွေးကောက်ပွဲအတွက် တွေ့ဆုံဆွေးနွေးရေးတွေ ဆက်လက်လုပ်လာနိုင်

Rakhita Times

Leave a Comment