NewsPolitic

ရမ်းဗြဲတွင် စကမ ဗုံးချလို့ ဆရာတော်တပါးနဲ့ ပြည်သူတဦး ဒဏ်ရာရ

အာရက္ခတိုင်းမ်စ် (၂၁ မေ ၂၀၂၆)

ရက္ခိုင်ပြည် ရမ်းဗြဲမြို့နယ် မေ ၂၀ ရက် မနက်ပိုင်းက စစ်ကော်မရှင်တပ်က ဗုံးကြဲချခဲ့လို့ ဆရာတော်တပါးနဲ့ ပြည်သူတဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

“ရမ်းသစ်ကြီးရွာမဘုန်းကြီးကျောင်းကို ဆူဆိုဒ်ဒရုန်း (၂) စီးနဲ့လာပြီး ဗုံးချတိုက်ခိုက်ခဲတာ” လို့ ရမ်းဗြဲမြို့နယ်ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ကော်မရှင်ရဲ့ ဗုံးကြဲမှုကြောင့် ထိခိုက် ဒဏ်ရာရရှိသွားသူမှာ ရမ်းဗြဲမြို့နယ်၊ ရမ်းသစ်ကြီးရွာမရွာနေ ကျောင်းထိုင်ဆရာတော် အသျှင် ဣဓက (သက်တော် ၄၂ နှစ်) နဲ့ ဖခင် ဦးမောင်ဖြူအေးရဲ့သား အသက် ၁၆ နှစ်အရွယ် မောင်မြတ်ထွေး ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်း ရှေ့မျက်နှာစာနဲ့ ကျောင်းအောက်တွင် ရပ်ထားတဲ့ ကားတစီးလည်း ပျက်စီးသွားတယ်လို့ သိရပါတယ်။

အလားတူ ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ် စနဲမြို့ကို စစ်ကော်မရှင်က မေလ ၁၉ ရက် နေ့လည်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အိမ်ခြေ ၁၀၀ လောက် မီးလောင်သွားခဲ့ပါတယ်။
Photo – APM

Related posts

ရက္ခိုင်ကို ဘိလပ်မြေ တင်သွင်းသူ ၁၉ ဦး ကို ဘင်္ဂလားဒေ့ရှ်ရေတပ် ဖမ်းဆီး

Rakhita Times

ကျောက်ဖြူကို အထိအခိုက် အနည်းဆုံးဖြစ်အောင် AA ကြိုးစားနပုံရ

Rakhita Times

တရုတ်နဲ့ AA တို့ ဒီဇင်ဘာလဆန်းက တွေ့ဆုံခဲ့သော်လည်း မြို့တွေ ဆက်သိမ်းနေ

Rakhita Times

85 comments

Leave a Comment