NewsPolitic

ကျိန္တလီကို စကမ ဗုံးကြဲလို့ ပြည်သူ ၉ ဦး ဒဏ်ရာရ၊ အိမ်တချို့ ပျက်စီး

အာရက္ခတိုင်းမ်စ် (၂၁ မေ ၂၀၂၆)

ရက္ခိုင်ပြည် ဂွမြို့နယ် ကျိန္တလီမြို့ကို ဒီကနေ့ (မေ ၂၁) မနက် ၉ နာရီခန့်မှာ စစ်ကော်မရှင်တပ်ကနေ ဂျက်ဖိုက်တာ ၂ စီးနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့လို့ ပြည်သူ ၉ ဦး ထိခိုက်ဒဏ်ရာ ရရှိသွားပြီး နေအိမ်အချို့ ပျက်စီးသွားတယ်လို့ သိရပါတယ်။

စစ်ကော်မရှင်ဟာ ဂျက်ဖိုက်တာ ၂ စီးနဲ့ ကျိန္တလီမြို့ကို ဗုံး ၁၀ လုံး ကြဲချခဲ့တာဖြစ်ပြီး အဆိုပါ ဗုံးထဲက အချို့ဟာ ကျိန္တလီမြို့ အမှတ် ၂ ရပ်ကွက်ထဲ ကျရောက်ခဲ့တာလည်း ဖြစ်ပါတယ်။

“၁၀ ကြိမ်ထက်မနည်းကို ဗုံးကြဲခဲ့တာ။ အမှတ် ၂ ရပ်ကွက်ကို ကျတာ၊ ၉ ယောက်လောက် ဒဏ်ရာ ရသွားပြီး အိမ် ၂ လုံးတော့ ပျက်စီးသွားတယ်” လို့ ကျိန္တလီမြို့နယ်ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ကော်မရှင်ရဲ့ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသွားသူများမှာ ကျိန္တလီမြို့၊ အမှတ်(၂) ရပ်ကွက်နေ အသက် ၂၈ နှစ်အရွယ် မမေငယ်၊ အသက် ၃၂ နှစ်အရွယ် မခင်သက်မာ၊ အသက် ၃၃ နှစ်အရွယ် မောင်ပြည့်ဖြိုးအောင်၊ အသက် ၃၉ နှစ်အရွယ် ကိုညီငယ်၊ အသက် ၄၀ အရွယ် ဒေါ်ကြည်ကြည်မာ၊ အသက် ၄၅ နှစ်အရွယ် ဦးဌေးလွင်၊ အသက် ၅၈ နှစ်အရွယ် ဒေါ်ခင်မိုး၊ အသက် ၆၂ နှစ်အရွယ် ဦးမြင့်ဝင်းတင် နဲ့ အသက် ၆၅ နှစ်အရွယ် ဒေါ်ပုမ တို့ပဲ ဖြစ်ပါတယ်။

အဆိုပါ ဗုံးကြဲခံရမှုကြောင့် ကျိန္တလီမြို့၊ အမှတ် (၂) ရပ်ကွက်မှ လူနေအိမ် ၂ လုံးလည်း ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ ပိုမိုကြည့်ရှုလိုပါက t.me/arakhatimes တွင် ကြည့်ရှုနိုင်ပါတယ်။
Photo – APM

Related posts

ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ အားကောင်းတဲ့ဆိုင်ကလုန်းမုန်တိုင်းအဖြစ်ကိုရောက်လာနိုင်

Shine Bu Chay

နတ်ရေကန်တွင် ပိတ်မိနေတဲ့ စကမ တပ်သားတွေဟာ တောကြက်မနဲ့ တူနေ

Rakhita Times

စစ်တွေမြို့ မြို့မပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒန္တစရဏ ပျံလွန်တော်မူ

Rakhita Times

48 comments

Leave a Comment