NewsPolitic

ကုရ်ဘာနီနေ့ အထိမ်းအမှတ်အဖြစ် မူဆလင် အကျဉ်းသား အပါအဝင် စစ်သုံ့ပန်းနဲ့ အကျဉ်းသားအချို့ ULA/AA လွတ်ငြိမ်းခွင့်ပေး

အာရက္ခတိုင်းမ်စ် (၂၃ မေ ၂၀၂၆)

ရက္ခိုင်ပြည် မြောက်ဦးခရိုင်တွင် အစ္စလာမ်ဘာသာဝင်တွေရဲ့ ကုရ်ဘာနီနေ့ အထိမ်းအမှတ်အဖြစ် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက မူဆလင်အကျဉ်းသား အပါအဝင် စစ်သုံ့ပန်း၊ စစ်သုံ့ပန်း မိသားစုဝင်များနဲ့ အရပ်ဖက် အကျဥ်းသားများကို ဒီကနေ့ (မေ ၂၃) တွင် အခမ်းအနား ပြုလုပ်ပြီး လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တယ်လို့ သိရပါတယ်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ လွတ်ငြိမ်းချမ်းသာနဲ့ လွတ်လာတဲ့ အကျဉ်းသားတဦးက “ အခုလို အကျဥ်းသားတွေ၊ စစ်သုံ့ပန်းတွေနဲ့ သုံ့ပန်းမိသားစုတွေကို ပြန်လွှတ်ပေးတဲ့အတွက် အတိုင်းမသိ ဝမ်းသာမိပါတယ်။ မိသားစုနဲ့ ပြန်တွေ့ရတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ အထူးသဖြင့် တပ်မှူးချုပ်နဲ့တကွ အာရက္ခတပ်တော်၊ အာရက္ခပြည်သူ့အစိုးရတရပ်လုံးကို လွတ်လာသူ အားလုံးကိုယ်စား အထူး ဂါရဝပြု ကျေးဇူးတင်ပါတယ်။ ပြီးတော့ အာရက္ခပြည်တော်လှန်ရေးမှာ ကျနော်တို့ တထောင့်တနေရာက ပါဝင်သွားပါမယ်” လို့ ပြောခဲ့ပါတယ်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ လွတ်ငြိမ်းချမ်းသာခွင့် ရခဲ့သူများမှာ မြောက်ဦးတိုက်ပွဲအတွင်း ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်း အကျဥ်းသား ၉ ဦး၊ မူဆလင် အကျဥ်းသား ၁၀ ဦး အပါအဝင် အရပ်ဖက် အကျဥ်းသား ၃၀ ဦး၊ တပ်ဖွဲ့ဝင် ၄ ဦး၊ စစ်သုံ့ပန်း မိသားစုဝင် ၁၄ ဦး စုစုပေါင်း ၅၇ ဦး ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ အခမ်းအနားကို အရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် တာဝန်ရှိသူများ၊ မူဆလင်ရေးရာ နာယကခေါင်းဆောင်များ တက်ရောက်ခဲ့ကြတယ်လို့လည်း သိရပါတယ်။

လွတ်ငြိမ်းချမ်းသာခွင့် ရရှိသူများကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ငွေကျပ် ၁ သိန်းစီ ကူညီ ထောက်ပံ့ပေးခဲ့တယ်လို့လည်း သိရပါတယ်။

Photo – APM

Related posts

ရက္ခိုင်တွင် စစ်ရှုံးခဲ့တဲ့ ဒုတိယဗိုလ်မှူးကြီး ၃ ဦးကို စကမ သေဒဏ်ပေး

Rakhita Times

ကျောက်တော်ကို ဗုံးကြဲလို့ သေဆုံး ထိခိုက်သူ စာရင်း

Rakhita Times

ရက္ခိုင်ကို သယ်ဆောင်လာတဲ့ ဘိလပ်မြေအိတ် ၉၀၀ နဲ့ ကုန်သည် ၁၄ ဦးကို BCG ထပ်မံဖမ်းဆီး

Rakhita Times

Leave a Comment