NewsPolitic

ငပလီကို Y-12 ၆ စီးနဲ့ ဗုံးပတ်ကြဲနေ(Breaking News)

အာရက္ခတိုင်းမ်စ် (၂၄ ဧပြီ ၂၀၂၆)

ရက္ခိုင်ပြည် သံတွဲခရိုင် ငပလီမြို့ကို စစ်ကော်မရှင်က ဒီကနေ့ နေ့လည် ၁ နာရီကနေ ၂ နာရီအထိ Y-12 ၆ စီးနဲ့ ဗုံးပတ်ကြဲနေတယ်လို့ သိရပါတယ်။

“ ကြဲချသွားတာတော့ ၁၅ ကြိမ်လောက်ရှိမယ်။ မနေ့ကနေရာတွေလို့ပဲ ထင်တယ်။ အတိအကျတော့ မသိရသေးဘူး။ ခုမှာ ဗုံးခိုကျင်းက ထွက်လာတာဆိုတော့လေ” လို့ သံတွဲမြို့နယ်ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်၊

ဧပြီလ ၂၃ ရက် နေ့လည် ၂ နာရီ ၄၀ မိနစ်ကလည်း စစ်ကော်မရှင်က ဂျက်ဖိုက်တာ ၃ စီးနဲ့ ငပလီမြို့က ငပလီလမ်းဆုံနဲ့ ဇီးဖြူကွက်သစ်ကို ဗုံးကြဲခဲ့ပါတယ်။

အသေးစိတ် သတင်းအချက်အလက်များကို အာရက္ခတိုင်းမ်စ်က ဆက်လက် တင်ဆက်ပေးပါမယ်။

Related posts

ARSA အဖွဲ့ ဖမ်းဆီး နှိပ်စက်သတ်ဖြတ်ပြီး စွန့်ပစ်ထားခဲ့ကြတဲ့ အာရက္ခပြည်သူ ရုပ်အလောင်း ၆ လောင်းတွေ့

Rakhita Times

ပြင်ဆင်လိုက်သည့် ပို့ကုန်ရငွေ မူဝါဒတွင် ကြက်သွန် နှင့် သစ်သီးမျိုးစုံ ပါဝင်လာ

Rakhita Times

စစ်တွေတွင် ပြည်နယ်နေ့ အခမ်းအနားပြုလုပ်ရန် စကမ ပြင်ဆင်နေ

Rakhita Times

Leave a Comment