HealthNewsPolitic

အာရက္ခပြည်သူ့ကျန်းမာရေးဌာနအနေနဲ့ သွေးလွန်တုတ်ကွေးရောဂါ ကာကွယ်ရေးအတွက် အကောင်းဆုံး ပြင်ဆင်လုပ်ဆောင်နေ

အာရက္ခတိုင်းမ်စ် (၁၀ ဇွန် ၂၀၂၆)

ရက္ခိုင်ပြည်က လွတ်မြောက်နယ်မြေတွေမှာ အာရက္ခပြည်သူ့ကျန်းမာရေးဌာနအနေနဲ့ သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အကောင်းဆုံး ပြင်ဆင်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

“အာရက္ခပြည်သူ့ကျန်းမာရေးဌာနအနီနဲ့ ရောဂါ ကြိုတင် ကာကွယ် တားဆီးရေးလုပ်ငန်းများ၊ ရောဂါ ထိန်းချုပ်ရေး လုပ်ငန်းများ၊ ကုသရေးအတွက် ကြိုတင်ပြင်ဆင်မှုများကို ကျနော်တို့မှာရှိတဲ့ ကျန်းမာရေးဝန်ထမ်း၊ စက်ကိရိယာများနဲ့ အကောင်းဆုံးဖြစ်အောင် ကြိုတင် ပြင်ဆင် ဆောင်ရွက်နေပါတယ်။ သွေးလွန်တုတ်ကွေးရောဂါ ကာကွယ် ထိန်းချုပ်ရေးကဏ္ဍ အောင်မြင်ရန်အတွက် ကျန်းမာရေးဝန်ထမ်းများနဲ့အတူ ပြည်သူလူထုရဲ့ ပူးပေါင်းဆောင်ရွက်မှု၊ ချမှတ်ထား‌တဲ့ စည်းကမ်းတွေကို တိတိကျကျ လိုက်နာဆောင်ရွက်မှု၊ ကျနော်တို့နေထိုင်တဲ့ အိမ်ပတ်ဝန်းကျင်မှာ ခြင်မပေါက်ပွားနိုင်အောင် သတိထားနေထိုင်ဖို့ အထူးလိုအပ်ပါတယ်။ အာရက္ခပြည်သူတရပ်လုံး ကျန်းမာရေး အသိတရားနဲ့ တက်ကြွစွာ ပါဝင်ပေးကြဖို့လည်း တိုက်တွန်းလိုပါတယ်” လို့ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ဆိုပါတယ်။

အာရက္ခပြည်သူ့ကျန်းမာရေးဌာနအနေနဲ့ သွေးလွန်တုတ်ကွေးရောဂါ ကြိုတင် ကာကွယ် တားဆီးရေးအတွက် ရောဂါ ဖြစ်လေ့ဖြစ်ထရှိတဲ့ မိုးရာသီ မကျရောက်ခင်ကပင် ခြင်လောက်လန်းသတ်ဆေး (Abate) များ၊ ခြင်သတ်ဆေး (Malathion) များ၊ ကုသရေးအတွက် လိုအပ်တဲ့ စက်ပစ္စည်းနဲ့ ဆေးဝါးတွေကို ကြိုတင်စုဆောင်းထားရှိတယ်လို့လည်း သိရပါတယ်။

၂၀၂၆ ခုနှစ်၊ ဧပြီလ ဒုတိယပတ်ကစတင်ပြီး သွေးလွန်တုတ်ကွေး ကြိုတင် ကာကွယ် တားဆီးရေးအတွက် ဌာနဆိုင်ရာပေါင်းစုံ ပါဝင်တဲ့ မြို့နယ်၊ တိုက်နယ်အဆင့်ဆင့် အသိပေး ဆွေးနွေးညှိနှိင်းခြင်း လုပ်ငန်းများကို ပြုလုပ်ခဲ့ပြီး ရောဂါ ကြိုတင် ကာကွယ် တားဆီးရေး လုပ်ငန်းများဖြစ်တဲ့ ရောဂါအကြောင်း လက်ကမ်းစာစောင် ဖြန့်ဝေခြင်း၊ ဗီနိုင်းများ စိုက်ထူခြင်း၊ တအိမ်ဝင် တအိမ်ထွက် “ဖုံး၊ သွန်၊ လဲ၊ စစ်” လုပ်ငန်းများကို သရုပ်ပြ ပြုလုပ်ခြင်း၊ Abate ခြင်လောက်လန်းသတ်ဆေးခတ်ခြင်း လုပ်ငန်းများကို စဉ်ဆက်မပြတ် ပြုလုပ်ခဲ့တယ်လို့လည်း အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ဆိုပါတယ်။

အဆိုပါကဲ့သို့ ရောဂါကာကွယ်ရေးလုပ်ငန်းများကို ပြုလုပ်နေပေမယ့် ဧပြီလ (၂၈) ရက်တွင် ရက္ခိုင်ပြည်တွင် ပထမဆုံး ဆေးရုံတက် ကုသရတဲ့ သွေးလွန် တုတ်ကွေး လူနာကို စတင် တွေ့ရှိခဲ့ပြီး သွေးလွန်တုတ်ကွေးရောဂါဟာ တဖြည်းဖြည်းနဲ့ ရမ်းဗြဲ၊ မြောက်ဦး၊ ရသေ့တောင်၊ မင်းပြား၊ မြေပုံမြို့နယ်များတွင် ဒီကနေ့အထိ ဆေးရုံတက် ကုသနေရတဲ့ လူနာစုစုပေါင်း (၃၃) ယောက် အထိရှိလာနေတယ်လို့လည်း အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ဆိုပါတယ်။

၂၀၂၅ ခုနှစ် ရက္ခိုင်ပြည်တွင် သွေလွန်တုတ်ကွေး ဖြစ်ပွားသူ (၂၄၅၂) ဦးရှိခဲ့ပြီး သေဆုံးသူ (၈) ဦး ရှိခဲ့ပါတယ်။ မြောက်ဦးမြို့နယ်ဟာ အဖြစ် အများဆုံး မြို့နယ်ဖြစ်ဲခဲ့ပြီး ဖြစ်ခဲ့သူ (၉၄၆) ဦးနဲ့ မင်းပြားမြို့နယ်တွင် (၇၀၄) ဦး ရှိခဲ့ပြီး ဒုတိယ အဖြစ်အများဆုံး မြို့နယ်ဖြစ်ခဲ့ပါတယ်။

အာရက္ခပြည်သူ့ကျန်းမာရေးဌာနက “ဘာကြောင့်ဖျားဖျား၊ နားလည်တတ်ကျွမ်းတဲ့ ကျန်းမာရေး ဝန်ထမ်းများနဲ့ ပြသပြီး Danger Signs (နှာခေါင်းသွေးယိုခြင်း၊ အစားအသောက် မဝင်ဘဲ ဆက်တိုက် အန်ခြင်း၊ အညိုအမဲ အဖတ်များ အန်ခြင်း၊ ဝမ်းမည်း မည်းလားခြင်း၊ သွားဖုံး သွေးယိုခြင်း၊ ဂနာမငြိမ် ဖြစ်ခြင်း၊ အဖျားကျပေမယ့် ခြေဖျားလက်ဖျား အေးစက်ခြင်း အစရှိတဲ့ လက္ခဏာများ တွေ့ရှိပါက အချိန်မီ ဆေးရုံတက်ရောက် ကုသရန် လိုအပ်ကြောင်း” တိုက်တွန်းထားပါတယ်။

Related posts

ALP ပါဝင်တဲ့ NCA ၇ ဖွဲ့နဲ့ NSPNC တွေ့ဆုံ

Rakhita Times

ရက္ခိုင်မှာ မိုးဆက်ကြီးနိုင်

Rakhita Times

ကမ္ဘာ့ကဗျာနေ့ အထိမ်းအမှတ်ပွဲ တောင်ကုတ်တွင် ကျင်းပ

Rakhita Times

30 comments

https://inmessage.site/@toni47r1893620 ဇွန် 24, 2026 at 4:49 ညနေ

References:

Casino sharon stone https://inmessage.site/@toni47r1893620

Reply
https://2ubii.com/@kenneth76h6299?page=about ဇွန် 24, 2026 at 5:19 ညနေ

References:

Liberty slots casino https://2ubii.com/@kenneth76h6299?page=about

Reply
zone-dj.eu ဇွန် 25, 2026 at 1:06 မနက်

References:

The grand casino zone-dj.eu

Reply
https://pad.stuve.uni-ulm.de/s/XkNQ7L6jp ဇွန် 25, 2026 at 5:46 မနက်

References:

Legiano Casino Verifizierung https://pad.stuve.uni-ulm.de/s/XkNQ7L6jp

Reply
https://audioteca.toltechia.com/ ဇွန် 25, 2026 at 10:26 မနက်

References:

Margaritaville casino https://audioteca.toltechia.com/

Reply
telegra.ph ဇွန် 26, 2026 at 12:34 ညနေ

References:

Legiano Casino Gutschein telegra.ph

Reply
https://www.itubee.com ဇွန် 27, 2026 at 4:34 မနက်

References:

Legiano Casino Spiele https://www.itubee.com

Reply
quickdatescript.com ဇွန် 27, 2026 at 9:26 မနက်

References:

Legiano Casino Neukundenbonus quickdatescript.com

Reply
https://meeting2up.it/@darnellnewling ဇွန် 27, 2026 at 9:55 မနက်

References:

Legiano Casino legal https://meeting2up.it/@darnellnewling

Reply
https://adsandclips.com/@nolanyirawala8?page=about ဇွန် 27, 2026 at 11:31 မနက်

References:

Legiano Casino Slots https://adsandclips.com/@nolanyirawala8?page=about

Reply
https://www.haphong.edu.vn ဇွန် 28, 2026 at 2:03 ညနေ

References:

Legiano Casino legal https://www.haphong.edu.vn

Reply
mobile-bbs.com ဇွန် 29, 2026 at 2:55 မနက်

References:

Legiano Casino Neukundenbonus mobile-bbs.com

Reply
https://dotvdo.com ဇွန် 29, 2026 at 9:27 မနက်

References:

Legiano Casino Echtgeld https://dotvdo.com/@ameliezimmer30?page=about

Reply
mk.cs.msu.ru ဇူလိုင် 5, 2026 at 11:02 မနက် Reply
image.google.ge ဇူလိုင် 7, 2026 at 1:25 မနက် Reply
https://www.flashback.org ဇူလိုင် 7, 2026 at 5:31 မနက် Reply
https://autoitscript.com ဇူလိုင် 7, 2026 at 8:34 မနက် Reply
https://community.playstarbound.com ဇူလိုင် 7, 2026 at 9:49 မနက် Reply

Leave a Comment