အာရက္ခတိုင်းမ်စ် (၁၆ ဇွန် ၂၀၂၆)
ရက္ခိုင်ပြည်၊ စစ်တွေမြို့နယ်က ကိုရီးယားဆိပ်ကမ်းမှာ ငါးဖမ်းပိုက်တွေကို ပြန်ချခွင့်ပြုပြီး ငါးဖမ်းခွင့်ပေးနေတယ်လို့ စစ်တွေဒေသခံတွေထံက သိရပါတယ်။
စစ်တွေဒေသခံတစ်ဦးက “အခုတော့ ကြံ့ခိုင်ရေးအစိုးရက ကိုရီးယားဆိပ်ကမ်းကနေ သတ်မှတ်ထားတဲ့ နေရာတစ်ခု ရှိလိမ့်မယ်။ ကိုရီးယားဆိပ်ကမ်းကနေ ဘယ်နားအထိဆိုပြီး အဲဒီမှာ ကုလားလား၊ ရက္ခိုင်လားတော့ မသိပါပေါ့နော်။ အဲဒီမှာ ငါးဖမ်းပိုက်ချဖို့၊ အဲဒီကနေ ရလာတဲ့ ငါးတွေကို စစ်တွေမှာပဲ ရောင်းရဖို့။ ပေါက်တောဘက် ဘာဘက် နယ်ဘက်တွေ ခိုးပြီး သွားလို့မရ။ ပိုက်နဲ့ချုပ်ထားတယ်ဆိုတဲ့ ပုံစံမျိုးတော့ သိတယ်” လို့ သူက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
အရင်က စစ်တွေမြို့မှာ ငါးဖမ်းသမားတွေကို ပိုက်ချခွင့်တွေ အမျိုးမျိုး ကန့်သတ်ချက်တွေကြောင့် ပင်လယ်စာနဲ့ ပတ်သက်ပြီး မစားရသလို ငါးကိုတောင် မမြင်ဖူးကြတဲ့အထိကို ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။
ငါးတွေ ဈေးမှာ ရောင်းချပေမယ့်လည်း ဈေးတွေက အင်မတန် ကြီးမားတဲ့အတွက် ဝယ်စားဖို့ မတတ်နိုင်တဲ့ အနေအထားတွေလည်း ကြုံတွေ့နေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
စစ်တွေဒေသခံတစ်ဦးက “အရင်ကအခါ ပိုက်ချခွင့် ပေးပါတယ်။ ကုလားရွာတွေမှာ။ သဲချောင်းဘက် ကုလားရွာတွေ ပိုက်ချခွင့် ပေးထားလို့ ငါးတွေ အဲဒီကနေ လာရောင်းတယ်လေ။ အဲဒီမှာက ကုလားတွေက ဘင်္ဂလားဘက်၊ မောင်တောဘက်။ အဲဒီလို လွတ်မြောက်ဘက်တွေကို လူတွေ ခိုးပို့တယ်။ ပြီးရင် ကုန်သည်တွေက ကုန်တွေ ခိုးပို့တာ သိတော့ မြစ်ထဲကို လောင်းတစ်စီးမှ မတက်ရ ဆိုပြီး အမိန့်ထုတ်လိုက်လို့ ကမ်းနားမှာ မသွားရလို့ ငါးတွေ မမြင်ရတာ” လို့ သူက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
လက်ရှိ စစ်တွေမြို့မှာတော့ ပြီးခဲ့တဲ့ ရက်ပိုင်းက ပြန်ပိတ်ထားတာ ကြာပြီဖြစ်တဲ့ စစ်ကောင်စီပိုင် Mytel တွေဟာ ဖုန်းလိုင်းပြန်ရလို့ ဖုန်းဆက်သွယ်မှုတွေ ရှိခဲ့ကြတယ်လို့ သိရပါတယ်။
ဒါပေမယ့် ဒေသခံတွေကတော့ လျှပ်စစ်မီး ပြန်လည်ရရှိရေး၊ ကုန်ဈေးနှုန်းများ လျော့ကျရေးနဲ့ လမ်းပန်းဆက်သွယ်ရေးတွေ ပြန်လည် ဖွင့်လှစ်ပေးဖို့ကိုပဲ အဓိက လိုလားလျက် ရှိနေကြပါတယ်။

1 comment
Hello! I just would like to give a huge thumbs up for the great info you have here on this post. I will be coming back to your blog for more soon.