NewsPolitic

စနဲကို ရွေးတုအစိုးရ စစ်ကြောင်းထပ်ထိုး၊ AA တိုက်ခိုက်မှုကြောင့် အကျအဆုံးနဲ့ နောက်ပြန်ဆုတ်

အာရက္ခတိုင်းမ်စ် (၂၁ ဇွန် ၂၀၂၆)

ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ် စနဲမြို့ကို ရွေးတုအစိုးရက အဝတောင်ရွာကနေ စစ်ကြောင်းထပ်မံထိုးလာရာ အာရက္ခတပ်တော်က တိုက်ခိုက်လို့ အကျအဆုံးများပြီး တပ်ပြန်ဆုတ်သွားတယ်လို့ သိရပါတယ်။

“တောင်မော်ကြီးမှာ အင်အားဖြည့်တယ်။ ပြီးရင် အဝတောင်ကို ပို့တယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက စနဲကို အင်အား ရာကျော်နဲ့ စစ်ထိုးတာ၊ တပ်တော်က ပိတ်ဆို့ တိုက်ခိုက်လိုက်တော့ အကျအဆုံးတွေများပြီး အဝတောင်ဖက်ကို တပ်ပြန်ဆုတ်သွားတယ်။ အလောင်းတွေတောင် ကောက်မသွားဘူး။ ဒီအတိုင်းကို ထားခဲ့တာ။ သေတာတော့များတယ်။ တပ်တော်က မြှုပ်ပေးရတာတောင် သုံး လေးဆယ်လောက် ရှိမယ်” လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

တောင်မော်ကြီးရေတပ်စခန်းရဲ့ ကာကင်းစခန်းတွေဖြစ်တဲ့ စံပယ်ရှောင်ကုန်း၊‌ ဒွေးချကုန်း၊ မျှော်ချောင်းကုန်းနဲ့ ရေနံသူကုန်းတို့ကို အာရက္ခတပ်တော်က ဇွန်လဆန်းကတည်းက သိမ်းပိုက်ထားပြီး ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၈ ရက်ကနေ ၃၀ ရက်အတွင်းကလည်း ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ် စနဲမြို့ကို ရွေးတုအစိုးရရဲ့ စစ်တပ်က စစ်ကြောင်းထိုးလာလို့ အာရက္ခတပ်တော်က တိုက်ခိုက်ရာ စစ်သားအလောင်း ၄၀ ကျော် နဲ့ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ပါတယ်။

ကျောက်ဖြူမြို့နယ် စနဲမြို့ကို ရွေးတုအစိုးရရဲ့ တပ်တွေဖြစ်တဲ့ တပ်မ ၁၁ လက်အောက်ခံ ခမရ ၂၁၂၊ ခမရ ၂၁၃၊ ခမရ ၂၁၉ တပ်ရင်းများက ထုတ်နှုတ်အင်အားတွေနဲ့ ထိုးစစ်ဆင်နေတာလည်း ဖြစ်ပါတယ်။

လက်ရှိမှာ ရွေးတုအစိုးရရဲ့ တပ်တွေကို အာရက္ခတပ်တော်က ခုခံစစ်၊ တန်ပြန်ထိုးစစ် စတဲ့ နည်းဗျူဟာတွေနဲ့ တိုက်ခိုက် ခြေမှုန်းနေတယ်လို့လည်း သိရပါတယ်။

Related posts

ကျောက်ဖြူ မဒေးကျွန်းမှာ ရေနက်ဆိပ်ကမ်း စတင်လုပ်ဆောင်နေ

Rakhita Times

ရက္ခိုင်ပြည်ရှိ မြို့နယ် ၁၄ မြို့နယ်ကို အရေးပေါ်အခြေအနေ ထပ်မံကြေညာ

Rakhita Times

ကုန်သည်တွေ သင်္ကြန်အတွက် ကုန်ကြိုစုနေလို့ ငွေထုတ်ခတွေ မြင့်တက်နေ

Rakhita Times

8 comments

Leave a Comment