HealthNewsPolitic

ကျောင်းကောင်စီအခမ်းနား ပြုလုပ်စဉ် ကျောင်းသူ ၁၉ ဦး နဲ့ ကျောင်းသား ၁ ဦး မူးလဲ

အာရက္ခတိုင်းမ်စ် (၂၆ ဇွန် ၂၀၂၆)

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ရှိ အထက်တန်းကျောင်းမှာ ကျောင်းကောင်စီအခမ်းနား ပြုလုပ်စဉ် ကျောင်းသူ ၁၉ ဦး နဲ့ ကျောင်းသား ၁ ဦး မူးလဲခဲ့တယ်လို့ တနင်္သာရီတိုင်းဒေသကြီး အရေးပေါ်ကယ်ဆယ်ရေးနှင့် လူနာတင်ယာဉ်အဖွဲ့က ဆိုပါတယ်။

ထားဝယ်မြို့ရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှာ ဒီကနေ့ (ဇွန်လ ၂၆ ရက်) မနက် ၉နာရီမှစတင်ပြီး ကျောင်းကောင်စီအခမ်းအနားကို ပြုလုပ်ခဲ့တာဖြစ်ပြီး မိနစ် ၃၀ ခန့် ကြာမြင့်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ကျောင်းကောင်စီ လုပ်တဲ့အချိန်မှာ ကလေးတွေက မတ်တပ်ရပ်ပြီး သြဝါဒခံယူနေတဲ့အချိန် ပထမကလေး ၂ ယောက် မူးပြီး အရင် လဲကျသွားတာ။ ကျန်တဲ့ ကလေးလေးတွေကျတော့ အခမ်းနားပြီးလို့ အခန်းထဲ‌ ရောက်တဲ့အချိန်မှာ ဖြစ်သွားကြတာ။ အခမ်းနားက သိပ်တော့ မကြာဘူး ပြောတယ်။ ဆရာ၊ ဆရာမတွေပြောပြချက်အရဆိုရင် မိနစ် ၃၀ လောက်လား မသိဘူး။ လက်ရှိကတော့ သူတို့ကို မှတ်ချက်တော့ မပေးသေးဘူး။ လိုအပ်တဲ့ ဆေးဝါး ပြုစုမှုတွေ ပေးပြီးတော့ drip တွေ ဘာတွေ သွင်းပြီးတော့ စောင့်ကြည့်နေဆဲပဲ ရှိသေးတယ်။ အကုန်လုံး သက်တော့ သက်သာနေပေမယ့် အနားယူခိုင်းထားတာ‌‌ပေါ့။ ဆေးတွေကတော့‌ သွင်းထားတာပေါ့” လို့ အဆိုပါအဖွဲရဲ့ ဥက္ကဌဖြစ်တဲ့ ဦးနိုင်မျိုးသွင်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အဆိုပါ ကျောင်းသား/သူ ၂၀ ဦးဟာ Grade 6 နဲ့ Grade 11 တက်ရောက်နေသူများဖြစ်ပြီး အများစုက Grade 6 တက်ရောက်နေသူတွေ ဖြစ်တယ်လို့ သိရပါတယ်။ သူတို့ဟာ မူးဝေအော့အန်ခြင်း၊ အကြောကပ် အကြောတက်ခြင်းတို့အပြင် အသက်ရှုကြပ်ပြီး အောက်ဆီဂျင် ကျဆင်းတဲ့အထိ ခံစားခဲ့ရပြီး လက်ရှိအချိန်တွင် ထားဝယ်ပြည်သူ့ဆေးရုံကြီးမှာ စောင့်ကြည့်ဆဲ ဖြစ်တယ်လို့ သိရပါတယ်။

ဓာတ်ပုံ-တနင်္သာရီတိုင်းဒေသကြီး အရေးပေါ်ကယ်ဆယ်ရေးနှင့် လူနာတင်ယာဉ်အဖွဲ့

Related posts

ဇန်နဝါရီလ တလအတွင်း ရက္ခိုင်တွင် စစ်သုံ့ပန်း ၃၄ ဦးဖမ်းမိ အလင်းဝင်သူ ၂ ဦးရှိ

Rakhita Times

မေကံကောင်း ကျန်းမာရေးကောင်းမွန်လာ

Rakhita Times

ရက္ခိုင်-ဧရာအစပ် တိုက်ပွဲတွင် စကမတပ်သားများ အလံဖြူထောင် အလင်းဝင်သူများ ဆက်တိုက်ရှိနေ

Rakhita Times

146 comments

Leave a Comment