အာရက္ခတိုင်းမ်စ် (၁၀ ဇူလိုင် ၂၀၂၆)
ရက္ခိုင်ပြည် ဂွမြို့နယ်ကို ရွေးတုအစိုးရတပ်က ဒီကနေ့ (၁၀ ဇူလိုင်) မနက်ပိုင်းက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ၃ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ ၂ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ရွေးတုအစိုးရတပ်ဟာ ဂွမြို့နယ် ဓနိကျေးရွာအုပ်စု ကုလားချောင်းကျေးရွာကို ဂျက်ဖိုက်တာနဲ့ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။
“သေတဲ့ ၃ ယောက်လုံးက ပွဲချင်းပြီးပါပဲ။ အလောင်းက အကောင်းအတိုင်းမရဘူး။ အကုန်လုံး တစ်ပိုင်းတစ်စဆီ ဖြစ်နေပြီ။ အပိုင်းပိုင်း အပြတ်ပြတ်ပါပဲ” လို့ ဂွမြို့နယ်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
အဆိုပါကဲ့သို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူမှာ အသက် ၃ နှစ်အရွယ် ဖိုးသားလေး၊ အသက် ၅၃ နှစ်အရွယ် ဦးညွန့်မောင် နဲ့ အသက် ၅၇ နှစ်အရွယ် ဒေါ်မမလေး ဖြစ်တယ်လို့ သိရပါတယ်။
အလားတူ ရွေးတုအစိုးရတပ်ဟာ ဂွမြို့နယ်က နောက်ထပ် နေရာတစ်ခုကိုလည်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပြီး နေရာအတိအကျနဲ့ အခြေအနေ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။
ပုံ-APM (ဓာတ်ပုံများ ပိုမို ကြည့်ရှုလိုပါက t.me/arakhatimes တွင် ကြည့်ရှုနိုင်ပါတယ်) စိတ်မချမ်းမြေ့စရာ ဓာတ်ပုံများ ပါဝင်ပါတယ်

4 comments
References:
Casino phoenix http://www.google.com.ua
References:
Buffalo run casino miami ok https://discuss.moodlebox.net
References:
Hard rock casino miami https://stevemaclellan.com/forum/topic/congratulations-your-best-australian-payid-withdrawal-casino-is-are-about-to-stop-being-relevant/
References:
Betclic casino https://governancaja.com.br