NewsPolitic

ဂွမြို့နယ်က စစ်ရှောင်တစ်ဦး လေးမျက်နှာတွင် မြေမြှုပ်မိုင်းနင်းမိလို့ သေဆုံး

အာရက္ခတိုင်းမ်စ် (၂၅ ဇွန် ၂၀၂၆)

ရက္ခိုင်ပြည် ဂွမြို့နယ်ကနေ ဧရာဝတီတိုင်း ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ်ကို စစ်ရှောင်ရောက်နေတဲ့ အမျိုးသမီးတစ်ဦးဟာ ဇွန်လ ၂၃ ရက် နေ့လည်က မြေမြှုပ်မိုင်းနင်းမိလို့ သေဆုံးသွားတယ်လို့ သိရပါတယ်။

“ဂွဖက်ကနေ ဒီဖက်ကို စစ်ရှောင်လာနေကြတာ။ ၂၀၂၅ နှစ်ဆန်းကတည်းကပဲ ရောက်နေတာ။ တောထဲမှာ မှိုသွားရှာတာကနေ မိုင်းနင်းမိတာလေ။ ပွဲချင်းပြီး ဆုံးသွားတယ်” လို့ လေးမျက်နှာမြို့နယ်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ရွေးတုအစိုးရတပ် ထောင်ထားတဲ့ မြေမြှုပ်မိုင်း နင်းမိလို့ သေဆုံးသွားသူဟာ ရက္ခိုင်ပြည် ဂွမြို့နယ်က အသက် ၄၀ အရွယ် ဒေါ်လှထွေး ဖြစ်တယ်လို့ သိရပါတယ်။

ဒေါ်လှထွေးဟာ ရက္ခိုင်ပြည် ဂွမြို့နယ်ကနေ ဧရာဝတီတိုင်း ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ် ရေဖြူ (သစ်ဖြူ) ရွာမှာ လာရောက် စစ်ဘေးရှောင်နေထိုင်သူ ဖြစ်တယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ်မှာ စစ်ရေးအရ ရှုံးနိမ့်နေတဲ့ ရွေးတုအစိုးရတပ်ဟာ တောတောင်တွေမှာ မြေမြှုပ်မိုင်းများ မြှုပ်နှံထားပြီး ဒေသခံတချို့ကိုလည်း အာရက္ခတပ်တော်ကို သတင်းပေးဆိုပြီး ဖမ်းဆီးတာတွေလည်း ပြုလုပ်နေပါတယ်။

လက်ရှိမှာတော့ လေးမျက်နှာမြို့နယ်က စက်စက်ယိုကျေးရွာအပါအဝင် စခန်းတချို့ကို အာရက္ခတပ်တော်နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေက သိမ်းယူထားပြီး ရွေးတုအစိုးရတပ်က တန်ပြန် စစ်ကြောင်းတွေထိုးလာလို့ တိုက်ပွဲတွေ ပြန်လည် ပြင်းထန်နေတာလည်း ဖြစ်ပါတယ်။

လေးမျက်နှာတိုက်ပွဲတွင် စစ်ကော်မရှင်ရဲ့ တပ်မ ၆၆ လက်အောက်ခံတပ်ရင်း ခမရ ၄၊ ၅၊ ၆၊ ၁၀၊ ခလရ ၃၅၊ ၈၀၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် လက်အောက်ခံတပ်ရင်း ခလရ ၆၃ နဲ့ ၂၇၁ တို့ ပါဝင် တိုက်ခိုက်နေတယ်လို့ အာရက္ခတပ်တော်က သတင်းထုတ်ပြန်ထားပါတယ်။

Related posts

သမ္မတ ဦးဝင်းမြင့် လွတ်ငြိမ်းချမ်းသာဖြင့် လွတ်လာ

Rakhita Times

AA နဲ့ KNU ကို စကမ အမှုဖွင့် အရေးယူမှု ဘာမှဖြစ်လာမှာ မဟုတ်

Rakhita Times

နှစ်ပေါင်း ၇၀ ကျော်ကြာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကို ရက် ၁၀၀ အတွင်း မဖြေရှင်းနိုင်လို့ စောမြရာဇာလင်းပြော

Rakhita Times

2 comments

TylerRUg စက်တင်ဘာ 3, 2026 at 12:22 မနက်

Назначение
Разобраться лучше – врача капельницу от запоя

Reply
Robertunorn စက်တင်ဘာ 15, 2026 at 12:45 မနက်

Наличие хотя бы одного тяжелого признака не означает, что осложнение обязательно разовьется, однако требуется внимание опытного специалиста. Нарколог проведет осмотр, проверит основные показатели и определит, можно ли использовать лечение на дом или безопаснее организовать стационарного пациента под постоянным наблюдением.
Узнать больше – https://4.vyvod-iz-zapoya-moskva1-13.ru/

Reply

Leave a Comment