NewsPolitic

သံတွဲ လင်းမူးတောင်ကို ရွေးတုအစိုးရ ဗုံးကြဲ

အာရက္ခတိုင်းမ်စ် (၂၈ ဇူလိုင် ၂၀၂၆)

ရက္ခိုင်ပြည် သံတွဲမြို့နယ် လင်းမူးတောင်‌ကျေးရွာကို ရွေးတုအစိုးရတပ်က ဇူလိုင်လ ၂၇ ရက် ည ၁၀ နာရီခန့်တွင် လေကြောင်းကနေ ဗုံး ၂ လုံး ကြဲချ တိုက်ခိုက်ခဲ့တယ်လိ့ သိရပါတယ်။

“လူတွေအိပ်ချိန်ရယ်၊ ရွာပြင်ကျတာကြောင့် တော်သေးတယ်။ ဒါပေမယ့်လည်း ညက မအိပ်ရဲကြဘူး။ ထပ်လာပြီးတော့များ ကြဲအုန်းမလားဆိုတဲ့ ကြောက်စိတ်နဲ့လေ။ ခုဆို မြို့လည်း ပြန်ပြီး ခြောက်ကပ်နေပြီ။ လူတွေက ပြန်တိမ်းရှောင်သွားကြပြန်ပြီ” လို့ သံတွဲမြို့နယ်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ရွေးတုအစိုးရဟာ ဇူလိုင်လ ၂၄ ရက် မနက် ၁၁ နာရီကျော်ကလည်း သံတွဲမြို့ အမှတ် ၇ ရပ်ကွက် ဒိုးတောင်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူတစ်ဦး သေဆုံးခဲ့ပါတယ်။

အလားတူ ရက္ခိုင်ပြည် သံတွဲမြို့နယ်ကို ရွေးတုအစိုးရတပ်ဟာ ဇူလိုင်လ ၂၃ ရက် ညသန်းခေါင် ဇူလိုင်လ ၂၄ ရက် မနက် (၁၂ နာရီခွဲခန့်) မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သားပြည်သူ ၈ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး နေအိမ်တချို့နဲ့ စာသင်ကျောင်းတစ်ကျောင်း ပျက်စီးသွားခဲ့ရပါတယ်။

ဇူလိုင်လ ၂၃ ရက်ကလည်း ရွေးတုအစိုးရတပ်ဟာ ရက္ခိုင်ပြည် သံတွဲခရိုင် ငပလီမြို့ ဂျိတ်တောရပ်ကွက်ကို နေ့လည် ၁ နာရီကျော်က ဗုံး ၃ လုံး ကြဲချတိုက်ခိုက်ခဲ့လို့ အရပ်သားပြည်သူ ၅ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ပါတယ်။

Related posts

CDF-Asho က အမ်းမှထွက်ပြေးလာတဲ့ စကစတပ်သားတွေကို ဇန်နဝါရီလ ၁၄ရက် က တိုက်ခိုက်တဲ့ ရုပ်သံမှတ်တမ်း ဖြစ်ပါတယ်။

Rakhita Times

ကချင်တော်လှန်ရေး အမြန်ဆုံးအောင်မြင်စေရန် AA အပါ ညီနောင်မဟာမိတ် ၃ ဖွဲ့ ဆုတောင်း

Rakhita Times

RSO တပ်မှူးနဲ့ လက်ထောက်ကို BGB ဖမ်းဆီး

Rakhita Times

Leave a Comment