NewsPolitic

ပန်းတောင်းမှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေ

အာရက္ခတိုင်းမ်စ် (၁ သြဂုတ် ၂၀၂၆)

ပဲခူးတိုင်း ပန်းတောင်းမြို့နယ်မှာ အာရက္ခတပ်တော်နဲ့ ရွေးတုအစိုးရတပ်တို့ တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

“ပန်းတောင်းတပ်နယ်မှာတော့ လက်နက်ကြီး လေကြောင်း တိုက်ခိုက်မှုတွေ ပြန်လည် ဖြစ်ပေါ်လာခဲ့ပါတယ်။ စကခ ၁၀ ရဲ့ တပ်တွေ ဆင်းသွားပြီးနောက်ပိုင်း ပထမဆုံး ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပါတယ်။ အာရက္ခတပ်ရဲ့ အနေအထားကလဲ ခရီးဦးရောက်မဆိုက် ဧည့်ခံလေ့ မရှိဘဲ ယခုလို အခြေမကျတကျ အချိန်မျိုးမှသာ အားစမ်းလေ့ ရှိတာ ဖြစ်ပါတယ်။ ယခု ရောက်ရှိလာတဲ့ တပ်တွေကတော့ စကခ ၁၉ (ရေး) လား စကခ ၂၀ (ခမောက်ကြီး) လား ‌ဆိုတာကိုတော့ စိစစ်နေဆဲသာ ရှိပါသေးတယ်” လို့ CDM ဗိုလ်ကြီး ဇင်ယော်က ဆိုပါတယ်။

ဇွန်လ ၃၀ ရက်က ပဲခူတိုင်း ပန်းတောင်းမြို့နယ် မသုန်အခြေစိုက် အမှတ် ၁၆ ကာကွယ်ရေးပစ္စည်းထုတ်စက်ရုံ (ကပစ ၁၆) ကို အာရက္ခတပ်တော်က လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်လို့ ရွေးတုအစိုးရတပ်က ၁ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။

အလားတူ မတ်လ ၁ ရက်ကလည်း ကပစ (၁၆) စက်ရုံကို AA နဲ့ ပူးပေါင်းမဟာမိတ်အဖွဲ့က ရှော့တိုက်ဒုံး၊ လက်နက်ကြီးတွေနဲ့ ထိမှန်အောင် ပစ်ခတ်ခဲ့လို့ စက်ရုံအတွင်းမှာ ပေါ်ကွဲမှုတွေ ဖြစ်ပေါ်ခဲ့ပါသေးတယ်။

ပဲခူးတိုင်း ပန်းတောင်းမြို့နယ်အတွင်းမှာ ကာကွယ်ရေးပစ္စည်းစက်ရုံ ၄ ရုံ တည်ရှိနေပြီး အဲဒီ စက်ရုံတွေကနေ ရွေးတုအစိုးရတပ်အတွက် လိုအပ်တဲ့ လေယာဉ်ဗုံး၊ မော်တာကျည်၊ လက်နက်ငယ်ကျည်နဲ့ ယမ်းအမျိုးမျိုးကို အဓိက ထုတ်လုပ် ဖြန့်ဖြူးပေးနေတာကြောင့် အဓိက ဗဟိုချက် နယ်မြေတစ်ခုလည်း ဖြစ်ပါတယ်။

Related posts

ရက္ခိုင်မြောက်ပိုင်းထက် တောင်ပိုင်းတိုက်ပွဲရှောင်များ ပိုအခက်အခဲဖြစ်နေ

Rakhita Times

ရွေးကောက်ပွဲက ငြိမ်းချမ်းရေးကို သွားနိုင်တယ်လို့ ဒေါက်တာအေးမောင်ပြော

Rakhita Times

မင်းတုန်း ရက္ခိုင် ကုန်ပို့တဲ့လမ်းပေါ် စကမ ဗုံးကြဲ၊ ရက္ခိုင်ကုန်သည် ၂၀ ခန့် သေဆုံး(Breaking News)

Rakhita Times

3 comments

Leave a Comment