NewsPolitic

မောင်တောမှာ ည ၁၀ နာရီကနေ မနက် ၄ နာရီထိ ညမထွက်ရအမိန့် ထုတ်ပြန်

အာရက္ခတိုင်းမ်စ် (၁၂ သြဂုတ် ၂၀၂၆)

ရက္ခိုင်ပြည် မောင်တောခရိုင်မှာ သြဂုတ်လ ၉ ရက်က စတင်ပြီး ည ၁၀ နာရီကနေ မနက် ၄ နာရီအထိ ညမထွက်ရ အမိန့်ကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက အမိန့်ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

“မောင်တောခရိုင်အတွင်း ဆူပူသောင်းကျန်းမှုများ ဖြစ်ပေါ်စေရန် ရည်ရွယ် လုပ်ဆောင်နေကြတဲ့ RSO၊ ARSA နဲ့ ARA အဖွဲ့များဟာ တစ်ဖက်နိုင်ငံကို အခြေခံပြီး အာရက္ခပြည်အတွင်းကို ထိုးဖောက် ဝင်ရောက်ကာ အာရက္ခပြည်သူများကို သတ်ဖြတ်ခြင်း၊ ပြန်ပေးဆွဲခြင်း၊ ချောင်းမြောင်းတိုက်ခိုက်ခြင်းနဲ့ လုယက်ခြင်းများ ပြုလုပ်လျက် ရှိနေလို့ ဒေသခံ ပြည်သူများရဲ့ လုံခြုံရေးအတွက် ညမထွက်ရအမိန့်ကို ထုတ်ပြန်ခြင်းဖြစ်တယ်” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အထက်ပါ အခြေအနေကြောင့် ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်နေ ဒေသခံပြည်သူများအနေနဲ့ ညမထွက်ရ အမိန့်ကို မပျက်မကွက် လိုက်နာကြရန်နဲ့ ညမထွက်ရ သတ်မှတ်ချိန်အတွင်း မဖြစ်မနေ သွားလာရန် လိုအပ်ပါက သက်ဆိုင်ရာ အုပ်ချုပ်ရေး တာဝန်ရှိသူများထံ ကြိုတင် အကြောင်းကြား ခွင့်ပြုချက် ယူပြီးမှ သွားလာကြရန်လည်း အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက တိုက်တွန်းထားပါတယ်။

ညမထွက်ရ အမိန့်ကို လိုက်နာရန် ပျက်ကက်သူများ ရှိပါက သက်ဆိုင်ရာ ဥပဒေ စည်းမျဉ်းများနဲ့အညီ အရေးယူ ဆောင်ရွက်သားမယ်လို့လည်း သိရပါတယ်။

အဆိုပါ ညမထွက်ရ အမိန့်ဟာ ၂၀၂၆ ခုနှစ် သြဂုတ်လ ၉ ရက်က စတင်ပြီး အမိန့် ပြန်လည်ရုတ်သိမ်းကြောင်း ထပ်မံ ထုတ်ပြန်တဲ့ အချိန်အထိ အတည်ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

Related posts

မြောက်ဦးဆေးရုံဖြစ်စဉ်တွင် ဒဏ်ရာရရှိခဲ့သူ ၇၇ ဦးအနက် ၁၆ ဦး ပြင်းထန် စိုးရိမ်ရကြောင်း AA ထုတ်ပြန်

Rakhita Times

ARO ခေါင်းဆောင် အဗ္ဗဒူဟာလင်း ပစ်သတ်ခံရ

Rakhita Times

မြောက်ဦးဆေးရုံဖြစ်စဉ်တွင် သေဆုံးခဲ့သူ ၃၃ ဦးအနက် အသက်အငယ်ဆုံးမှာ သုံးလသားအရွယ်ဖြစ်ကြောင်း AA ဆို

Rakhita Times

Leave a Comment